26 C
Yangon

တောင်ကြီးမြို့လယ်တွင် ကြိုးတုပ် မီးရှို့သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်းကို လာရောက်စွန့်ပစ်သွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ကြိုးတုပ် မီးရှို့သတ်သတ်ဖြတ်ခံထားရသည့် အမျိုးသား ရုပ် အလောင်းတစ်လောင်းကို လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် ညပိုင်းက တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စပ်စံထွန်းလမ်းပေါ် တွင် မြို့မ လက်ဖက်ရည်ဆိုင် အနီးတွင် အသက် ၃၀ မှ ၄၀ ကြားအရွယ်ရှိ အမျိုးသားတစ်ဦးကို ကြိုး တုပ် ပြီး မီးရှို့သတ်ဖြတ်ခံရသည့် ရုပ်အေလာင်း တစ်လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မည်သူ၊ မည်ဝါ ဖြစ်သည်ကို မသိရှိသေးပေ။

“အသက်အရွယ်က ၃၀ နဲ့ ၄၀ ကြားလောက်ပဲ၊ ပိန်ပိန်ပါးပါးနဲ့၊ လွယ်အိတ်ပါတယ်။ လွယ်အိတ်ထဲမှာ ကော်မီး ချောင်းတွေ၊ မီးခြစ်တွေပါတယ်။ အပိုင်းပိုင်းခုတ်ထားတာတော့ မဟုတ်ဘူး။ ထိုးသွင်းဒဏ် ရာ၊ ပြတ်ရှဒဏ်ရာ။ ဖူးယောင်ဒဏ်ရာတွေနဲ့ နားရွက်တစ်ဖက်လည်း ပြတ်နေတယ်။ ရင်ဘတ်မှာ ကျားပုံ တက်တူးပါတယ်။ စပ်စံထွန်း လမ်းပေါ်က မြို့မလက်ဖက်ရည်ဆိုင်ကြားအထိ Honda Fit ကားနဲ့ လာပစ်သွားတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ စဝ်စံထွန်းဆေးရုံသို့ သယ် ဆောင်သွားပြီး အခင်းဖြစ်ပွားရာနေရာအနီးရှိ CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article