ဒီကနေ့ အောက်တိုဘာ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကြံ့ဖွတ်ပါတီကနေ တစ်ဆင့် ရွေးကောက်ပွဲဝင်ကြမည့် အကြမ်းဖက် စစ်တပ်က ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်း အပါအဝင် အစိုးရအဖွဲ့ ရာထူးယူထားသူတွေဟာ လက်ရှိတာဝန်တွေကနေပါ အနားမယူဘဲ မဲဆွယ်စည်းရုံး ရွေးကောက်ပွဲ ဝင်ကြဦးမှာဖြစ်တယ်လို့ ကြံဖွတ်ပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ နိုင်ငံပေါင်း ၁၈၃ နိုင်ငံ ပါဝင်တဲ့ နိုင်ငံတကာပါလီမန်များ ညီလာခံမှာ NUG-CRPH က တက်ရောက်ခဲ့ပြီး မြန်မာအကြမ်းဖက် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရလဒ်ကို အသိအမှတ်မပြုကြဖို့ တောင်းဆိုလိုက်ပါတယ်။
- ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်က အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ ထိန်းချုပ်ထားတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေရှိရာ KK Park ကို စစ်တပ်က ဟန် ပြဝင်ရောက်စီးနင်းမှုအပြီးမှာ စစ်တပ်က ထပ်မံ စီးနင်းဖို့ရှိနေလို့ဆိုပြီး အဲ့ဒီ့မှာ ရှိတဲ့ တရုတ် နိုင်ငံသား တွေအပါအဝင် နိုင်ငံခြားသားအယောက် ၃၀၀ ကျော်နဲ့ ပြည်တွင်းအလုပ်သမားတွေ ရာနဲ့ချီထွက်ပြေး တိမ်းရှောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




