27 C
Yangon

တစ်နိုင်ငံလုံးရှိ မြို့အဝင်ဂိတ်နှင့် စစ်ဆေးရေးဂိတ်များ CDM ဝန်ထမ်းများ ဖမ်းမိပါက ရွေးကောက်ပွဲကို နှောင့်ယှက်မှုဖျက်ဆီးသူများ ဥပဒေဖြင့် အရေးယူ ဖမ်းဆီးရန် ညွှန်ကြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

မြန်မာတစ်နိုင်ငံလုံးရှိ မြို့အဝင်ဂိတ်နှင့် စစ်ဆေးရေးဂိတ်များ CDM ဝန်ထမ်းများကို စစ်ဆေး ဖမ်းမိပါက ရွေးကောက်ပွဲကို နှောင့်ယှက်မှုဖျက်ဆီးသူများ ဥပဒေဖြင့် အရေးယူ ဖမ်းဆီးရန် ညွှန်ကြားလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က အောက်တိုဘာလနှောင်းပိုင်းအတွင်း အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူများ၊ CDM များနှင့် စစ်ပြေးရဲပြေး ဖမ်းဆီးနိုင်ရေးအတွက် Person Scrutinization and Monitoring System (PSMS) Application ကို အဆင့်မြှင့်တင်လိုက်ပြီး အမည်ပျက်စာရင်း သွင်းထားသူများကို စစ်ဆေးရေးဂိတ်များတွင် ဖမ်းမိပါက ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးသူများကို အရေးယူသည့် ဥပေဒ ပုဒ်မ ၂၃ (က) ဖြင့် အရေးယူရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

” PSMS နဲ့ စစ်လို့ CDM တွေ မိရင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူဖို့ ညွှန်ကြားတယ်။ PSMS မှာ CDM စာရင်းတွေပါ ထပ်တိုးအဆင့်မြှင့်တင်ထားတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင် ခေါင်းဆောင်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက လူမှုကွန်ရက်စောင့်ကြည့်မှုနှင့်စီမံခန့်ခွဲမှုစနစ် Person Scrutinization and Monitoring System (PSMS) Application ကို လုံခြုံရေးအဆင့်မြှင့်တင်ခြင်း၊ အမည်မည်းစာရင်းများ ထပ်တိုးခြင်းကို အောက်တိုဘာလနှောင်းပိုင်းအတွင်း ညွှန်ကြားခဲ့ကြောင်း၊ အဆိုပါ ညွှန်ကြားချက်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံးသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ပြီး အဓိကအားဖြင့် ရဲတပ်ဖွဲ့က အကောင်အထည်ဖော်နေရခြင်းဖြစ်သည်။

စစ်တပ်က အကောင်အထည်ဖော်နေသော Person Scrutinization and Monitoring System (PSMS) Application တွင် ကနဦး လူဦးရေ ၅၀၀၀၀ ကျော်ကို ကနဦး ထည့်သွင်းခဲ့ပြီး ယခုအခါ အရေအတွက် ၉ သောင်းကျော်သွားပြီဖြစ်ကြောင်း သိရှိရသည်။

ရုရှားက အဓိက တာဝန်ယူရေးဆွဲပေးသော PSMS Application ကို စစ်ကောင် စီက ရေးဆွဲထုတ်လုပ်လိုက်ပြီး အဆိုပါ Application မှာ စစ်တပ်၊ ရဲနှင့် လ၀ကများ သီးသန့်အသုံးပြု စစ်ဆေးရန်သာဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်များ၊ လေဆိပ်၊ ရေဆိပ်၊ မြို့အဝင်အထွက်ဂိတ်များနှင့်ကားဂိတ်များရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်၊ ရဲနှင့် လ၀ကများထံသို့ Application များ ချထားပေးကြောင်း၊ အဆိုပါ Application ကို ဝင်ရောက်ရန် Key နှင့် Password များကို စစ်ကောင်စီက တင်းကျပ်စိစစ်စွာ ချထားပေးပြီး PSMS Application အတွင်းရှိ အချက် အလက်များကို နေပြည်တော်က တိုက်ရိုက်ထိန်းချုပ်ထားကြောင်း၊ ယင်း PSMS Application ထဲတွင် စစ်ကောင်စီက အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူ၊ CDM များနှင့် စစ်ပြေးရဲပြေးများကို အဓိက ဖမ်းဆီးနေခြင်းဖြစ်သည်။

စစ်ကောင်စီက လုံခြုံရေး စစ်ဆေးရန် သီးသန့် ထုတ်လုပ်ထားသော PSMS Application ကို ၎င်းတို့ အသိ အမှတ် ပြုထားသည့် ဖုန်း၊ ကွန်ပျူတာများတွင်သာ Download လုပ်နိုင်ပြီး အခြားကွန်ပျူတာနှင့်ဖုန်းများက ကူးယူခြင်း မပြုနိုင်ဘဲ လုံခြုံရေး အဆင့်မြှင့်ထားသည်။

ဓာတ်ပုံ – ပဲခူးတိုင်းတွင် စစ်ဆေးရေး လှည့်လည်နေသော အကြမ်းဖက်စစ်အရာရှိများနှင့်ရဲများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပဲခူးတိုင်းတွင် စစ်ဆေးရေး လှည့်လည်နေသော အကြမ်းဖက်စစ်အရာရှိများနှင့်ရဲများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article