ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်ဂိတ်မှ အကြမ်းဖက် စစ်သားများ ဖမ်းဆီးနှိပ်စက်ခဲ့သော ပြည်သူ ၁ ဦးကို ဒဏ်ရာများဖြင့် တောထဲတွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်အချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၁ ကွပ်ကဲမှု အောက်ရှိ ၃၆၀၁ PDF တပ်ရင်း တပ်ခွဲ ၂ က ဝဲကြီးဆည်ဂိတ်ရှိ စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများက ဂိတ်စခန်းကိုဖြတ်သန်းသွားသော ဝဲကြီးဆည်ကျေးရွာမှ အသက် ၃၀ နှစ် အရွယ် ကိုတိုး ကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးနှိပ်စက်ထားစဉ် ကိုတိုးကြီးမှာ ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှီရသည်။
စစ်တပ်၏ ကိုတိုးသည် ဝဲကြီးဆည်ဂိတ်မှ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ရရှိထားသော ဒဏ်ရာအခြေအနေ ပြင်းထန်သောကြောင့် နိုဝင်ဘာလ ၂ ရက်နေ့တွင် တောစပ်တနေရာ၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် ရုပ်အလောင်းကို ပြည်သူများက မြေမြုပ်သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
” ဝဲကြီးဆည်ဂိတ်ကို မိုင်းဆွဲတဲ့နေ့က သူ့ကို ဆည်ဂိတ်မှာ စစ်ခွေးတွေက အကြောင်းမဲ့ ဖမ်းဆီးထားတာ အဲလိုဖမ်းဆီးပြီးတော့ စစ်ခွေးတွေ ဝိုင်းဝန်း နှိပ်စက်တာ အဲဒီနှိပ်စက်ထားတဲ့ ဒဏ်တွေ မခံနိုင်လို့ သူကဂိတ်ကနေ ထွက်ပြေးလာတာ သူ့အလောင်းကို တောအစပ်မှာတွေ့တာကတော့ မနေ့ကမှတွေ့တာ စစ်ခွေးတွေ နှိပ်စက်ထားတဲ့ ဒဏ်ရာကြောင့်ပဲ သေဆုံးတာ ကျောဘက်တွေရော ရင်ဘက်တွေရော ဒဏ်ရာတွေက ညိုမည်းနေတာပဲ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ထိုသို့ ကိုတိုး ထွက်ပြေးသွားနောက် အောက်တိုဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်သားများက ကိုတိုး၏ အမျိုးသမီးဖြစ်သူနှင့် အသက် ၇ နှစ်အရွယ် သမီးဖြစ်သူကိုလည်း ဓားစာခံအဖြစ် ဝဲကြီးဆည်ဂိတ်တွင် ဖမ်းဆီးထားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




