ဒီကနေ့ နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်နှင့် တအာင်း TNLA အပစ်ရပ်လိုက်မှု အားပြန်စုဖို့ နားတာဖြစ်ပြီး တော်လှန်ရေးမှာ အမြင့်ပျံတက်ဖို့နှင့် လိုချင်တာကို လက်ရခူးဆွတ်ဖို့ ဖြစ်တယ်လို့ TNLA ရဲ့ ဗိုလ်ချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
- စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးလာတဲ့ လူငယ် ၁၀ ယောက်ကို အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းကို ကားနဲ့ ပို့ဆောင်တဲ့အချိန်မှာ အဲ့ဒီလူငယ် ၁၀ ယောက်က ပျူစောထီး ယာဉ်မောင်းကို ဝိုင်းဝန်းတိုက်ခိုက် သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ကန့်ဘလူ ခရိုင် အမှတ် ၃ PDF တပ်ရင်း ထောက်လှမ်းရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ရက်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာကိုခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီဆိုတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




