ရန်ကုန်၊ ဧပြီ ၂၅
အကြမ်းဖက်စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် အတုအယောင်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုများ အကြား သွေးခွဲရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ယနေ့ ကြေညာချက်ထုတ်ပြန်၍ သတိပေးသည်။
စစ်တပ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များသည် ပြည်သူလူထု တရပ်လုံး လိုလားသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက် ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးအား လုံးဝဖော်ဆောင် နိုင် မည်မဟုတ်ကြောင်း NUCC အဖွဲ့ဝင် ဦးနောင်ချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အကြမ်းဖက်စစ်တပ်က ဧပြီလ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ အဆိုပါ ဖိတ်ခေါ်မှုသည် စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ် ပြီးဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် NCA လမ်းကြောင်း တို့မှတဆင့် တော်လှန်ရေးအင် အားစုများအား သပ် လျှိုသွေးခွဲရန် ရည်ရွယ်သည့် အတုအယောင်ဖိတ်ခေါ်မှုသာဖြစ်ကြောင်း၊ မတရားအာ ဏာ လုယူထားသော အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ထိုသို့ အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေး ရန် ဖိတ်ခေါ်ခြင်းသည် ၎င်းတို့အတွက် နိုင်ငံရေးအရ တရားဝင်မှု ရရှိရန်နှင့် ကျူးလွန်ခဲ့သည့် ရာဇ ဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ရရှိစေရန် ကြိုးပမ်းမှုလည်း ဖြစ်ကြောင်း အသိပေးထားသည်။
“ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေမှာ NCA လက်မှတ်ထိုးတဲ့ သူတွေကို ခေါ်တာတွေ၊ NCA မှာ မပါတဲ့သူတွေကို ခေါ်တာတွေ ခွဲပြီးတော့ လုပ်လာတာ။ ပုံစံအမျိုးမျိုးနဲ့ ကျနော်တို့တော်လှန်ရေးအင်အားစုတွေကို ပြိုကွဲအောင်လုပ်မယ့် ခြေ လှမ်း ကိုစစ်အုပ်စုဘက်က လုပ်နေတာဖြစ်တယ်။ အဲဒါလည်း သမိုင်း ကြောင်းအရရော အားလုံး သိ ပြီးသားဖြစ်ပါတယ်။ သူသုံးနှုန်းတဲ့စကားလုံးတွေတောင်မှ တော်တော်သတိထားဖို့ကောင်းတယ်လို့ မြင်တယ်။ PDF တွေနဲ့ပတ်သက်ရင် နိုင်ငံရေးရည်ရွယ်ချက်၊ နိုင်ငံရေးရည်မှန်းချက် တစ်စုံတစ်ရာ ခိုင်ခိုင်မာမာမရှိဘဲနဲ့ လက်နက်ကိုင်တာဆိုတဲ့ဟာမျိုး စစ်ခေါင်းဆောင်အောင်လှိုင် ကိုယ်တိုင်က အဲလို ပြောတာမျိုးတွေရှိတယ်။ ဒီလိုအပြောအဆို အသုံးအနှုန်းတွေက ရည် ရွယ်ချက်ရှိရှိပြောတာဖြစ်တယ်” ဟု NUCC အဖွဲ့ဝင် ဦးနောင်ချိုက ပြောဆိုသည်။
စစ်တပ်၏ ဖိတ်ခေါ်ချက်တွင် “ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင် ရန်” ဟု ဖော်ပြထားသော်လည်း အမည်ခံ NCA လုပ်ငန်းစဥ်များကို အခြေခံထားခြင်းဖြင့် ၎င်းတို့စိတုကြိုက် ခြယ်လှယ်နိုင်ရန် ကြိုတင်ကန့်သတ်ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု တရပ်လုံး လိုလားသည့် စစ် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်း ရေးကို လုံးဝဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း NUCC ကထပ်လောင်း သတိပေးထားသည်။
တော်လှန်ရေးအင်အားစုများက မြန်မာ စစ် တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမို ကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်၊ ၂၀၀၈ အခြေခံဥပေဒကို ပြန် လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန် တောင်းဆိုထားသည်။
ယင်းအပြင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် ၊ ထွက် ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုအသစ်ကို တည်ဆောက်ရန်နှင့် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်ဆိုသည့် နိုင်ငံရေးဦးတည်ချက်များကို တော်လှန်ရေးတပ်များက အကောင်အထည်ဖော်လျက်ရှိသည်။
အကြမ်းဖက်စစ်အုပ်စု အနေဖြင့် ၎င်းတို့၏ အာဏာဆက်လက် ဆုပ်ကိုင်နိုင်ရေး အတွက် အတုအ ယောင် ဆွေးနွေးပွဲများ၊ ဟန်ပြငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား လက်နက်သဖွယ် ကျင့်သုံးခဲ့ပြီး အ ဆိုပါ ဆွေးနွေးမှုများသည်လည်း စစ်အာဏာသိမ်းမှုများဖြင့်သာ ပြန်၍ နိဂုံးချုပ်ကြရသည်ကို မြန်မာ နိုင်ငံ၏ နှစ် ၇၀ သမိုင်းက သက်သေပြခဲ့ပြီးဖြစ်ကြောင်း NUCC က ဆက်လက် သတိပေးသည်။
“အခုက လက်နက်ကိုင်တော်လှန်ရေးဖြစ်ပြီးတော့ စစ်ရေး အရတိုက်နေတာတင်မဟုတ်တော့ဘူး။ နိုင်ငံရေးအရရော၊ နိုင်ငံရေးအရရော ရန်သူဘက်က တိုက်လာပြီလို့ မြင်ရတယ်။ အဲဒီတော့ စစ်ရေး အရ အောင်ပွဲခံနေရင်တောင်မှ နိုင်ငံရေးအရ၊ စိတ်ဓာတ်ရေးရာအရ တိုက်ပွဲဆင်လာမှုကို ကျနော်တို့ ကောင်းကောင်းကာကွယ်နိုင်ဖို့ အရေးကြီးတယ်။အဲဒါကြောင့် စစ်အုပ်စုဘက်က သွေးခွဲလာတဲ့ အ ပြောအဆိုတွေ၊ လုပ်ဆောင်ချက်တွေ အားလုံးကို ကျနော်တို့ကတော့ ဆန့်ကျင်တယ်။ တွေ့ဆုံ ဆွေး နွေးရေးစကားကို ကျနော်တို့ရဲ့အခြေခံမူ ၆ ချက်ရှိတာကိုး။ အဲဒီ ၆ ချက်မရရင် ပြောစရာ ဘာအ ကြောင်းမှ မရှိဘူး။ အဲဒီ ၆ ချက်ကလည်း NUCC ရော၊ CRPH ရော၊ NUG ရော၊ KNPP ရော၊ CNF ရော၊ NLD ရော၊ CB ရော အကုန်လုံးသဘောတူထားတာဖြစ်တယ်။ ရန်သူဘက်တော့ ဖဲ့ထုတ်တာ တွေ၊ ခွဲကစားတွေ၊ ခွဲပြီးတော့ ညှိတာတွေ အများကြီးလုပ်လာနိုင်ပါတယ်” ဟု NUCC အဖွဲ့ဝင်ဦးနောင်ချိုက ပြောဆိုသည်။
ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးတွင် ပါဝင်နေသရွေ့ တွေ့ဆုံဆွေးနွေးရေး နည်း လမ်းဖြင့် ပြည်သူလူထု၏ လိုလားချက်များအား ရရှိနိုင်မည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်နေမည်သာ ဖြစ်ကြောင်း၊ မြန်မာပြည်သူများ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခပေါင်းစုံသည် စစ် အာဏာ သိမ်းမှုများနှင့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်နေမှုတို့၏ အကျိုးဆက်သာ ဖြစ်ပြီး မြန်မာနိုင် ငံ၏ ပြဿနာများ ဖြေရှင်းပြေလည်နိုင်ရေးမှာ “နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှု မရှိမှသာ” လမ်းစ ပွင့် လာနိုင်မည် ဖြစ်ကြောင်း NUCC က ထုတ်ပြန်ပြောဆိုသည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများက နိုင်ငံရေး ဦးတည်ချက် ၆ ရပ်ကို အခြေခံသော ဘုံနိုင်ငံရေး သဘော တူ ညီချက်များ စုစည်းရယူ၍ ရပ်တည်သွားကြရန်၊ ဆက်လက် တိုက်ပွဲဝင်သွားကြရန် NUCC က တိုက်တွန်းသည်။
အမျိုး သားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC အနေဖြင့်လည်း နွေဦးတော်လှန်ရေး၏ ရည် မှန်းချက်၊ ရည်ရွယ်ချက်များဖြစ်သော စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ချုပ် ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ပြည်သူလူထုနှင့်အတူ လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။




