26.4 C
Yangon

အကြမ်းဖက်စစ်တပ်က ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၅၀၈ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုပြီး ကျန်အကျဉ်းသားများကို ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးဟု ထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၃၀

အကြမ်းဖက်စစ်တပ်က ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁,၅၀၈ ဦးကို ယနေ့တွင် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

ယနေ့ လွှတ်ပေးသည့် အကျဉ်းသား ၁,၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွှတ်ပေးခြင်းဖြစ်ပြီး “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုလျှော့ပေါ့ပေးလိုက်သည့် ပြစ်ဒဏ်များကိုပါ ပေါင်းစပ်ကျခံရမည်” ဟူသော စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

လွတ်ငြိမ်းခွင့်ရသူများအပြင် ကျန်ရှိနေသော အကျဉ်းသားများအတွက်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုများနှင့် စပ်လျဉ်း၍ ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအနက်မှ ၆ ပုံ ၁ ပုံ ကို လွတ် ငြိမ်းသက်သာခွင့်ပြုကြောင်း ထပ်မံကြေညာခဲ့သည်။

ထို့အပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၁၁ ဦးကိုလည်း ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပေးကာ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ် ပေးလိုက်သည်ဟု သိရှိရသည်။

ဓာတ်ပုံ- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article