PDF၊ LDF၊ UG တွေကို ဂုဏ်ပြုကြိုဆိုကြရန်အတွက် ရှေ့ပြေးနမိတ်ဖြစ်သည့် ” ပြည်တော်ဝင် ” Art Challengeပြိုင်ပွဲကျင်းပမည်
ရန်ကုန်၊မေ ၁၁
၂၀၂၃ ခုနှစ်ဟာ တော်လှန်ပြည်သူတွေအတွက် အရွေ့တခုဖြစ်လာမယ့် နှစ်ဖြစ်လို့ နွေဦးတော်လှန်ရေးအတွက် အသက်ပေး ဘဝပေးပြီး ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ PDF, LDF, UG တွေကို ဂုဏ်ပြုကြိုဆိုကြဖို့ ရှေ့ပြေးနမိတ်ဖြစ်တဲ့ ” ပြည်တော်ဝင်” Art Challengeပြိုင်ပွဲမှာဖြစ်တယ်လို့ သိရပါတယ်။
“ပြည်တော်ဝင်” Art Challenge ပြိုင်ပွဲမှာ Digital Artwork ဖြစ်တဲ့ ပန်းချီ ၊ ကာတွန်း ၊ ပိုစတာနဲ့ Physical Artwork၊ ကဗျာ ၊ ကာတွန်း ၊ ဓာတ်ပုံ စတာတွေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး ပြိုင်ပွဲအတွက် ဆုငွေ Prize pool 4,000,000 ကျပ် သတ်မှတ်ထားကြောင်း သိရပါတယ်။
ပြည်တော်ဝင် Art Challengeပြိုင်ပွဲစရက်မှာ မေ ၉ရက်နေ့ကနေ မေ ၁၈ရက်အထိ ပါဝင်ယှဥ်ပြိုင်နိုင်ပြီး လက်ရာတွေကို ပိတောက်ဖူး Page မှာ Artist ရဲ့ နာမည်နဲ့ တင်ထားမှာ ဖြစ်ပြီး အနိုင်ရရှိသူတွေကို လူထုအမှတ်ပေး စနစ်နဲ့ ရွေးချယ်သွားမှာဖြစ်ကာ မေ ၂၂ရက်တွင် ဆုရရှိသူတွေကို ကြေညာပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပါဝင်ယှဥ်ပြိုင်လိုသူတွေအနေနဲ့ ပြိုင်ပွဲဝင်နှစ်သက်သလို ရေးဆွဲပုံဖော်နိုင်ပြီး နွေဦးတော်လှန်ရေး အငွေ့အသက်တွေထည့်ပေးဖို့လိုအပ်ကာ Artwork တွေကိုTelegram Channelဖြစ်တဲ့ https://t.me/pyitawwinn ကို ပေးပို့နိုင်ကြောင်းသိရပါတယ်။
ပြိုင်ပွဲဝင်သူတွေအနေနဲ့ အမည်ရင်းနဲ့ ဝင်ပြိုင်စရာ မလိုသလို artwork တွေကို တင်ပြပေးပို့တဲ့အခါ ပြိုင်ပွဲဝင်က description အနည်းငယ် ရှင်းပြပေးရန် လိုအပ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် Artist ရဲ့ NUGPay acc ပေးရန် လိုအပ်တယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲက လက်ခံရရှိတဲ့ artwork တွေကိုလည်း နွေဦးတော်လှန်ရေး အထိမ်းအမှတ်အဖြစ် ရန်ပုံငွေထပ်ရှာနိုင်ဖို့ ပြခန်းတွေမှာလည်း ပြသတာ၊ merchandise product တွေထုတ်လုပ်တာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။