ရန်ကုန်၊ ဇန်နဝါရီ ၁၈
မန္တလေးကျွဲဆည်ကန်၊ မြ၀တီဘဏ်တွင် လုံခြုံရေးချထားသော စစ်ကောင်စီဂိတ်ကို ယနေ့ ညနေပိုင်းတွင် PDF ပျောက်ကျားတပ်ဖွဲ့များက ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း ROM နှင့် YNO Mandalay PDF တပ်ဖွဲ့က ပူးပေါင်း သတင်းထုတ်ပြန်သည်။
၁၁၅ လမ်း ကျွဲဆည်ကန်ဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီ ကင်းစခန်းဂိတ်ကို ROM နှင့် YNO MDY PDF က ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မန္တလေး ၇၈ လမ်း လမ်းသွယ် ၄ အရှေ့ဘက်ရှိ အခွန်ရုံးတွင်လည်း ဗုံးဖြင့် တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးနှင့် ဆိုင်ကယ်များ ဗုံးထိမှန်ကြောင်း၊ စစ်သား ၁ ဦးမှာမူ သေဆုံးသွားပြီး ကျန်တစ်ဦးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်း မန္တလေးကင်းထောက်သတင်းအဖွဲ့ထံမှ သိရှိရသည်။
ဓာတ်ပုံ- မန္တလေးရှိ မြ၀တီဘဏ်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီ တပ်ဖွဲ့များ။ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှ ပုံအဟောင်းဖြစ်ပါသည်။
Photo – CJ