25 C
Yangon

မင်းပြား ခမရ ၃၈၀ ကို သိမ်းပိုက်ပြီးနောက် ကပ်လျက် ခမရ ၃၇၉ ကို သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၊ မင်းပြားတိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေဆုံးသူ များပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

မင်းပြား ခမရ ၃၈၀ ကို သိမ်းပိုက်ပြီးနောက် ကပ်လျက် ခမရ ၃၇၉ ကို သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၊ မင်းပြားတိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေဆုံးသူ များပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ခမရ ၃၈၀ ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကပ်လျက် ခမရ ၃၇၉ ကို ဆက်လက် သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ ၏ “ခမရ (၃၈၀) တပ်ရင်း” ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ယင်းနောက် ကပ်လျက်ရှိသော ခမရ ၃၇၉ ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိကြောင်း၊ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ နှင့် ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီက မင်းပြားမြိုကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

AA သတင်းရင်းမြစ်တစ်ခုက ခမရ ၃၈၀ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ယမန်နေ့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြိုနယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်‌ကောင်စီတိုကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ကြောင်း၊ ဘူးသီးတောင်မြိုနယ်၊ စိုင်းဒင်တံတားအနီး၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တိုကြား ထိတွေ့တိုက်ပွဲအချို့ရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်နေရာ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၈ နာရီအချိန် ရက္ခိုင်ပြည်၊ တောင်ကုတ်မြိုသို စျေးလာရောင်းချသည့် မအီမြိုခံအရပ်သားပြည်သူ ၂ ဦးကို တောင်ကုတ်မြို၊ ကိုင်းရှည်တံတား၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article