25 C
Yangon

စစ်ကောင်စီ၏ ကျောက်တော်ခမရ ၃၇၆ တပ်နှင့် မြောက်ဦး ခမရ ၃၇၈ တပ် ၂ ခုလုံးကို AA က တိုက်ခိုက်သိမ်းပိုက် ၊ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော စစ်ကောင်စီတပ်သား ၁၀၀ ဦးနီးပါးရှိလာ

Must read

■ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးနှင့်ကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကျရောက်ပြီး ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ ကျောက်တော်အခြေစိုက် ခမရ ၃၇၆ နှင့် မြောက်ဦးရှိ ခမရ ၃၇၈ တပ်ရင်း ၂ ခုလုံးကို ရခိုင်တပ်တော် AA က အပြီးသတ် ချေမှုန်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ “ခမရ ၃၇၆ တပ်ရင်း” တစ်ရင်းလုံး ကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် မြောက်ဦးမြို့ရှိ စကခ ၉ လက်အောက်ခံ “ခမရ ၃၇၈ တပ်ရင်း” တစ်ခုလုံးကိုလည်း ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြိုမှ လက်နက်ချအညံ့မခံသောစစ်ကောင်စီ၏ လက်ကျန်တပ်စခန်းတချို့ကို AA က ဆက်လက်ချေမှုန်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေကြောင်း၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်တို့တွင်မူ နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများမှာ များစွာမပြင်းထန်သော်လည်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးလွတ်မြောက်နေကြသော ပြန့်ကြဲစစ်ကောင်စီတပ်ဖွဲဝင်များကို AA က လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း ထပ်မံထွက်ပြေးနေကြကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ စစ်ကောင်စီတပ်သား ၆၀ ကျော် ထွက်ပြေသွားပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို ထွက်ပြေးလွတ်မြောက်ခဲ့သူများမှာ ဆက်လက်ရှိနေသေးကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာသော သတင်းများအရ ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၉၅ ဦးရှိပြီး အချို့မှာ ဒဏ်ရာများရရှိထားကြောင်း သိရှိရသည်။

“မြန်မာဘက်က နယ်ခြားစောင့်ရဲတွေ ဘင်္ဂလားဒေ့ရှ်ထဲကို လက်နက်တွေနဲ့ ဝင်လာပါတယ်။ အဲဒီမှာ ၁၅ ဦးက သေနတ်ဒဏ်ရာတွေ ရထားတယ်။ ဒဏ်ရာရထားတဲ့သူတွေကိုတော့ ဆေးရုံတွေခွဲပြီး ကုသပေးနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် Shariful Islam က ပြောဆိုသည်။

လတ်တလော ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်မပို့မီ ယာယီ နေရာချထားပြီး ပြန်လည် ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးနှင့် မော်တာကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားအတွင်းသို့ ကျရောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ အမျိုးသမီး ၁ ဦးနှင့် ရိုဟင်ဂျာတစ်ဦး သေဆုံးခဲ့ကြောင်း၊ ကလေးတစ်ဦးပါ ဒဏ်ရာရှိကြောင်း သိရှိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ အမျိုးသမီးနဲ့ ရိုဟင်ဂျာတစ်ဦး မြန်မာဘက်က ပစ်လိုက်တဲ့ မော်တော်ကျည်ထိမှန်ပြီး သေဆုံးပါတယ်။ ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရထားပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဒုက္ခသည်များအရေးဆိုင်ရာ အရာရှိတစ်ဦးဖြစ်သူ Mohammad Shamsud Douza က ပြောဆိုသည်။

ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်သို့ လက်နက်ကြီးကျည်ကျရောက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အပါအဝင် ၂ ဦးသေဆုံးသည့်မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

The blood of a Bangladeshi woman Hosne Ara, victim to a mortar shell is seen at Bangladesh’s Ghumdum border in Bandarban district on February 5, 2024. At least two people were killed in Bangladesh on February 5, after mortar shells fired from Myanmar during clashes there landed in a village across the border, police said. (Photo by Tanbir MIRAJ / AFP)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article