28 C
Yangon

မြိုင်မြိုနယ်မှ ကမ္မမြိုသို ရောက်ရှိနေသာ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၃

မကွေးတိုင်း၊ မြိုင်မြိုနယ်မှ ကမ္မမြိုသို ရောက်ရှိနေသာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း-၁၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်အချိန် မြိုင်မြိုနယ်မှ ထွက်ခွာလာပြီး ပခုက္ကူမြိုနယ် ကမ္မမြိုကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲများက ၄၀ မမ ဗုံးသီး ၅ လုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံးပြီး တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” အဲ တိုက်ခိုက်မှုက စစ်ခွေး ၃ ကောင် သေတယ်လို သိရတယ်” ဟု ပခုက္ကူခရိုင်တပ်ရင်း-၁၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၃ နှင့် မဟာမိတ်များဖြစ်သော People’s Defense Force Kamma၊ နယ်စည်းမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၁ ၊ ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ ပကဖတပ်ခွဲ ၁ တိုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article