26 C
Yangon

ဗန်းမော်မြို့နယ်၊ ကမ်းနီးကျေးရွာတွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်၍ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကမ်းနီးကျေးရွာတွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်၍ ပြည်သူ ၅ ဦး သေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၁၁ ရက်နေ့ည ၈ နာရီအချိန်မှစတင်၍ စစ်တပ်က လက်နက်ကြီးများဖြင့် ကမ်းနီးကျေးရွာသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ည ၈ နာရီကနေ စပစ်တာ ။ အခုညလည်း ပစ်နေတယ်။ လက်နက်ကြီးပစ်ခတ်တာက ဗန်းမော် ခလရ ၂၃၆ နဲ့ စကခ ၂၁ ကရော ပစ်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများတွင် အမျိုးသမီး ၂ ဦးအပါအဝင် အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး လက်နက်ကြီး ထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article