24 C
Yangon

မုဒုံမြိုနယ်၊ ကမာဝက်နယ်‌မြေ ရဲစခန်းမှ ရဲများ လိုက်ပါသော ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်မှု ရဲများအားလုံး ထွက်ပြေးပြီး ကား ၂ စီး၊ လက်နက်ခဲယမ်းများနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ မတ် ၁၅

မွန်ပြည်နယ် မုဒုံမြိုနယ်၊ ကမာဝက်မြိုရှိ ကမာဝက်နယ်‌မြေ ရဲစခန်းရှိ ရဲများ စီး နင်းလာသည့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲများအားလုံး ထွက်ပြေးပြီး ကား ၂ စီး၊ လက်နက်ခဲယမ်းများ၊ ဖုန်းနှင့် စစ်အသုံးအဆောင်များ သိမ်း ဆည်းရမိကြောင်း မွန်ပြည်သစ်ပါတီ-NMSP(AD) မှ ပြန်ကြားရေးတာဝန်ခံ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ ည ၆ နာရီ ဝန်းကျင်တွင် ကွမ်လှာဘက်က လာသည့် ရဲကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားပေါ်လိုက်ပါသော ရဲများအားလုံး ဆင်းပြေးသွားကြကြောင်း၊ ကား ၂ စီး၊ သေနတ်၊ ဖုန်းနှင့် စစ်အသုံး အဆောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ကား ၂ စီးကိုလည်း မီးရှိရှင်းလင်းလိုက်ကြောင်း မွန်ပြည်သစ်ပါတီ-NMSP(AD)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောကြား သည်။

“တစ်ဖက်က အင်အားက အတိအကျမသိပေမယ့် ကား ၂ စီးဖြစ်တဲ့အခါကျတော့ အင်အားက ၁၀ ယောက်ဝန်းကျင်ရှိမယ်လိုထင်တယ်။ တိုက်ခိုက်လိုက်တဲ့အခါ ရဲတွေ အားလုံးထွက်ပြေးသွားပြီးတော့ သေနတ် ၁ လက်သိမ်းဆည်းရမိတယ်။ ကား ၂ စီးကို မီးရှိလိုက်တယ်။ ဖုန်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းလည်း သိမ်းဆည်းရမိပါတယ်”ဟု မွန်ပြည်သစ်ပါတီ-NMSP(AD)၏ ပြောရေး ဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲများ၏ ထိခိုက်မှု အခြေအနေကို စုံစမ်းဆဲဖြစ်ပြီး အတိအကျမသိရှိရသေးကြောင်း မွန်ပြည်သစ်ပါတီ-NMSP(AD) မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

ဒေသသတင်းရင်းမြစ်ဖြစ်သော Kawao Newsgroup ၏ သတင်းဖော်ပြမှုတွင် မိုင်းဆွဲခံရသော ရဲကား ၂ စီးတွင် စခန်းမှူး ရဲအုပ်မင်းဌေးမောင်မောင်လိုက်ပါလာကြောင်း၊ ၄င်းကိုင်ဆောင်သည့် M-22 သေနတ်တစ်လက်နှင့် ကျည်အိမ်နှစ်ခု ၊ ကျည်ဆန် ၂၀၀ ခန့် ဆုံးရှုးခဲ့ရကြောင်း၊ ရဲကားများသည် သံဖြူဇရပ်ဘက်မှ ကမာဝက်မြိုသို မောင်းနှင်လာစဉ် မုဒုံမြိုနယ် ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား မုဒုံ – သံဖြူဇရပ် ကားလမ်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article