23 C
Yangon

ယနေ့ နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် စစ်ရုံးချုပ်နှင့်အေလာလေတပ် အပြင်မင်းအောင်လှိုင် နေအိမ်ကိုပါ စစ်ရေးပစ်မှတ်အဖြစ် ဒရုန်း ၂၈ စင်းဖြင့် တိုက်ခိုက်ခဲ့ဟု Kloud Drone အဖွဲ့ပြော

Must read

ယနေ့ နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်သည့် စစ်ဆင်ရေးတွင် စစ်ရုံးချုပ်နှင့်အေလာလေတပ် အပြင်မင်းအောင်လှိုင် နေအိမ်ကိုပါ စစ်ရေးပစ်မှတ်အဖြစ် ဒရုန်း ၂၈ စင်းဖြင့် တိုက်ခိုက်ခဲ့ဟု Kloud Drone အဖွဲ့ပြော

■ မင်းအောင်လှိုင် ရှိသည့်နေရာတိုင်းကို ဒရုန်းဖြင့် တိုက်ခိုက်မည်ဟု ကြွေးကြော်သတိပေး

ရန်ကုန်၊ ဧပြီ ၄

ယနေ့ နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်သည့်စစ်ဆင်ရေးတွင် စစ်ရုံးချုပ်နှင့်အေလာလေတပ်အပြင်မင်းအောင်လှိုင်နေအိမ်ကိုပါ ပစ်မှတ်အဖြစ် ဒရုန်း ၂၈ စင်းဖြင့် တိုက်ခိုက်ခဲ့ဟု Kloud Drone အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ် စစ်ရုံးချုပ်နှင့် အေလာလေဆိပ်တို့ကို အသေခံ ဒရုန်း ၂၈ စီးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း Kloud Team တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နေအိမ်ကို ဒရုန်း ၄ စီး၊ စစ်ရုံးချုပ်ကို ၁၂ စီးနှင့် အေလာလေဆိပ်ကို ၁၂ စီး အသုံးပြုကာတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဒရုန်းလေယာဉ်များကို ပြန်လည်ခေါ်ယူခြင်းမပြုဘဲ တစ်ခါတည်းထိုးစိုက်ကာ ဗုံးကျဲချခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ အသေခံဒရုန်းလေယာဉ်များဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

“ပေါက်ကွဲမှု ရှိတယ်၊ နည်းနည်းဆော်ခဲ့တာမဟုတ်ဘူး အများကြီး ဆော်ခဲ့တာ။ ထိခိုက်ပျက်စီး မှုကတော့ အတိအကျ မသိရသေးဘူး၊ လေယာဉ်တွေ ပြန်မခေါ်ဘဲ တစ်ခါတည်း ထိုးစိုက်ကျဲချခဲ့တာ၊ တိုက်ခိုက် ရေး ရဲဘော်တွေလည်း ဘေးကင်းပါပြီ” ဟု Kloud Team တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“အဓိကတော့ မင်းအောင်လှိုင်ဘယ်နေရာမှာပဲရှိရှိ မင်းအောင်လှိုင်ရှိတဲ့နေရာကို ပြည်သူ့ကာကွယ် ရေးတပ်သားတွေက လုပ်မှာပဲ၊ ဒီလောက်ရက်ရက်စက်စက် ကလေးသူငယ်မရှောင်၊ ဘုန်းကြီး ကျောင်းမရှောင် အားလုံးကို ပြည်သူလူထုကို ဒီလောက်ကြီးအထိ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ မင်းအေင်လှိုင် ပြေးစရာနေရာမရှိပါဘူး” ဟု Kloud Team တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

ယင်းတိုက်ခိုက်မှုများတွင် အေလာလေတပ်အတွင်း၌ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိ ကြောင်း၊ စစ်ရုံးချုပ်အတွင်း ကျရောက်ပေါက်ကွဲမှုတွင် စစ်သည်နှင့်အရာရှိ ၁၁ ဦးဒဏ်ရာရရှိပြီး ခန်းမဆောင်၏ ခေါင်မိုး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အေလာလေတပ်စခန်းမှာ စစ်သား ၂ ဦးသေဆုံးတယ်။ အရာရှိနဲ့ စစ်သား ၄ ဦးဒဏ်ရာပြင်းထန်ပါ တယ်။ စစ်ရုံးမှာတော့ အရာရှိ ၃ ဦးနဲ့ စစ်သည် ၈ ဦး ဒဏ်ရာရရှိပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကမူ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် လူနှင့်အဆောက်အအုံထိခိုက်မှု မရှိဘဲ ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်း လိမ်လည် သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article