ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကျေးရွာတစ်ရွာတွင် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ၊ မြင်းမူမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အတူပူးပေါင်းဦးဆောင်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ် အဖြစ် “ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ ” ဘန်နာစာတန်းကိုင်ဆွဲကာ နှင်းဆီပန်းများပန်ဆင်လျက် လူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြသည်။
ထို့ပြင် ကလေးမြို့နယ်တွင်လည်း လူထုခေါင်းဆောင်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်အမြစ်ဖြတ်ဖြုတ်ချတိုက်ထုတ်ရေး လူထုလှုပ်ရှားမှုကို ယနေ့ ဇွန်လ ၁၉ရက်နေ့တွင် ကလေးမြို့နယ် ပင်မသပိတ်စစ်ကြောင်း၊ ကျောင်းသားသပိတ်စစ်ကြောင်း၊ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်း စသည် စစ်ကြောင်းအသီးသီးက ပူးပေါင်း ချီတက်ခဲ့ကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









