24 C
Yangon

ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ပေးမှု ကန့်သတ်ခြင်းမှာ စစ်ကောင်စီ ဗဟိုဘဏ်၏ ညွှန် ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရာခိုင်နှုန်း အမြတ်ပေး ငွေသားထုတ်ရသော စနစ် ပြန်လည် စတင်

Must read

ရန်ကုန်၊ ဇူလိုင် ၉

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ပေးမှု ကန့်သတ်မှုများမှာ စစ်ကောင်စီ၏ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပုဂ္ဂလိဘဏ်တစ်ခုမှ အကြီးတန်းမန်နေ ဂျာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ပုဂ္ဂလိဘဏ်များတွင် နေ့စဉ် အပ်ငွေ လက်ခံရရှိမှု၊ ငွေထုတ်ယူမှု အခြေအနေများအားလုံးကို စစ်ကောင်စီ၏ ဗဟိုဘဏ်သို့ တင်ပြရကြောင်း၊ ဘဏ်များအတွက် လိုအပ်သော ငွေသားများကိုလည်း ဗဟိုဘဏ်က နေ့စဉ် သတ် မှတ် ထုတ်ပေးကြောင်း၊ လက်ရှိတွင် ဗဟိုဘဏ်က သတ်မှတ်ချထားပေးသည့် ငွေကြေးပမာဏအတိုင်းသာ ငွေထုတ်ယူသူများကို ပြန်လည် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရရှိသည့် ငွေကြေးပမာဏအတိုင်းအတာသည် တစ်သတ်မှတ်တည်းဖြစ်ပြီး ငွေထုတ်ယူသူများမှာမူ နေ့စဉ် တိုးပွားနေကြောင်း၊ ယင်းကြောင့် ငွေသားထုတ်ပေးမှုများမှာ အကန့်အသတ်များဖြင့် ထုတ်ပေးနေရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပုဂ္ဂလိကဘဏ်တွေအားလုံးက ငွေသွင်းငွေထုတ်၊ အပ်ငွေတွေနဲ့ပတ်သက်လို့ ဗဟိုဘဏ်ကို တင်ပြရပါတယ်။ အဲဒါကြောင့် အခု ငွေပမာဏ အကန့်အသတ်နဲ့ ငွေထုတ်ပေးရတာလည်း ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ပါပဲ။ ဗဟိုဘဏ်က နေ့စဉ် ငွေသားပမာဏ အကန့်အသတ်နဲ့ ထုတ်ပေးတာလည်းရှိပါတယ်။ ပြောချင်တာက အခု ဖြစ်ပေါ် နေတဲ့ အခြေအနေတွေဟာ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဖြစ်နေတာပါ။ ပုဂ္ဂလိကဘဏ်တွေက လုပ်ချင်တာ လုပ်နေတာမျိုးမဟုတ်ပါဘူး” ဟု အဆိုပါ ပုဂ္ဂလိဘဏ် အကြီးတန်းမန်နေဂျာက ရှင်းပြသည်။

လက်ရှိ ပုဂ္ဂလိကဘဏ်များတွင် Special Bank ဘဏ်ငွေစာရင်းများကိုပင် တစ်နေ့လျှင် ငွေကျပ်အနည်းဆုံး ၁၀ သိန်းမှ သိန်း ၅၀ အထိသာ အများဆုံး ထုတ်ပေးနိုင်ပြီး ငွေလွှဲမှုများကိုလည်း အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ပေးနိုင်ကြောင်း၊ နေ့စဉ် ငွေသားထုတ်ယူမှုမှာ အလွန်များပြားလျက်ရှိသဖြင့် အကန့်အသတ်ဖြင့် ငွေသားထုတ်ယူမှု အပြင် ရာခိုင်နှုန်းဖြင့် ငွေထုတ်ယူရသော အခြေအနေများ ပြန်လည်ရောက်ရှိနေကြောင်း သိရှိရသည်။

“ငွေသားအရမ်းလိုတဲ့သူတွေကို အခု ရာခိုင်နှုန်းနဲ့ ငွေ ပြန်ထုတ်ပေးတဲ့ စနစ် ပြန်ပေါ်နေပြီ။ ဘယ်လောက်ရာ ခိုင်နှုန်း ယူလဲဆိုတာကတော့ ငွေထုတ်ချင်တဲ့သူနဲ့ ငွေပေးမယ့်သူ အကြား ညှိနှိုင်းပြီး လုပ်ကြတာပဲ။ အခုတော့ ငွေကျပ် သိန်းထောင်ချီ လိုချင်ရင် ၃ ရာခိုင်နှုန်း အနည်းဆုံး စျေးပေါက်တယ်လို့ သိရတယ်” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မြန်မာပြည်သူများအကြား ရေပန်းစား အသုံးများသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနှင့် တာဝန်ရှိသူများကို ဗဟိုဘဏ်က သတ်မှတ်ထားသော ရာခိုင်နှုန်းထက် အိမ်ရာချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ ကြေညာပြီး ဇူလိုင်လ ၂ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူသူများ အလွန်များပြားလာ ခဲ့ကြောင်း၊ ထို့​ကြောင့် ပုဂ္ဂလိကဘဏ်များကငွေထုတ်ယူမှုများကို ကန့်သတ်လာရာမှ ငွေသားအကန့်အသတ်ဖြင့် ထုတ်ပေးမှုမှာ အခြေအနေဆိုးဝါးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- AFP ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article