30 C
Yangon

ကျောက်ပန်းတောင်း၊ ပွဲခင်းရွာမ ပျူစောထီး စစ်စခန်းကို တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၆ ဦး သေဆုံးပြီး လက်နက် ၃ လက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Chauk Guerrilla Force – CGG တာဝန်ခံ ကိုပိုင် က န်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမ ပျူစော ထီးစခန်းအတွင်း စစ် သား၊ ပျူစောထီးများ စုဝေးပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးနှိပ်စက်နေကြောင်း သတင်းအရ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦး၊ ပျူစောထီး ၃ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကျနော်တို့သွားတိုက်တဲ့အချိန်က နေ့လည် ၂ နာရီလောက်ကပါ။ အပြန် အလှန်ပစ်ခတ်တာ ၁ နာရီ လောက်ကြာတယ်။ စစ်ကူလာတာမရှိပါဘူး။ မဟာ မိတ်တပ်ဖွဲ့က ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ပါတယ်။ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ပြည်သူအကြောင်း ကတော့ မသိပါဘူး” ဟု Chauk Guerrilla Force – CGG တာဝန်ခံ Ko Paing က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ကိုင်ဆောင်အသုံးပြုသော ကာဘိုင် သေနတ် ၂ လက်၊ တစ်တောင့်ထိုး ရှော့ဂန်း သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၉၈ တောင့် ၊ ကာဘိုင် ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ အီကွေ့မန့် အင်္ကျီ ၂ ထည်၊ စစ်ဖိနပ်တစ်ရံနှင့် စစ်ယူနီဖောင်း ၂ ထည်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မကွေး ခရိုင် (ပ.က.ဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ချောက်မြို့နယ် (ပ.က.ဖ) ၊ Chauk Guerrilla force (C.G.F) ၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ Chauk Revolution Army ၊ Oak Awe (UG) ၊ Bagan Bo Cho ၊ Burma Ranger Revolution ၊ YRF တပ်ရင်း ၁၂ ၊ မင်းသားကြီး တပ်ဖွဲ့ ၊ Yenathar Youth Force နှင့် Kyaukpadaung special Defense Force မဟာမိတ် တပ်ဖွဲ့ များ ပူးပေါင်း တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article