29 C
Yangon

ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် တင်လှိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် တင်လှိုင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA တပ်ဖွဲ့ တာဝန်ခံ မင်းလက်ရာက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၄ ရက်နေ့ ည ၇ နာရီခန့်တွင် ကျောက်ဆည်မြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် နေထိုင်သည့် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် တင်လှိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် တင်လှိုင်သည် စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ် အတင်းအဓမ္မ စုဆောင်းခြင်းနှင့် ကျေးရွာ လျှပ်စစ်မီး ကော်မတီဖွဲ့စည်း၍ ပြည်သူများထံမှ ငွေကြေး အတင်း အဓမ္မ ကောက်ခံခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“သူ့သားကတော့ ခုခံလို့ လက်မှာ ဒဏ်ရာရတယ်။ ဒီကောင်က အုပ်ချူပ်ရေးမှူး ထက်ကို စစ်တပ်ကိုပြီးတဲ့ကောင်ပါ တိုင်းမှူးအဆင့်ထိ ဒီကောင်က ပိုင်ပါတယ်။ အုပ်ချူပ်ရေးမှူးလုပ်ရင် သတ်ခံရမှာ ကြောက်လို့ အသိဉာဏ် မရှိတဲ့သူကို အုပ်ချူပ်ရေးမှူးတင်ပြီး ဒီကောင်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာ စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေ အသက်အပို မပါရင် ပြည်သူနဲ့ ပူးပေါင်းဖို့ မေတ္တာရပ်ခံချင်တယ်။ ပြည်သူလူထုကို အတင်းအဓမ္မ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို စုဆောင်းပေးနေတဲ့ မည်သူမဆို ဆက်လက် တိုက်ခိုက်သွားမယ်” ဟု ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRA တပ်ဖွဲ့ တာဝန်ခံ မင်းလက်ရာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် KRAနှင့်အတူ ကျောက်ဆည်KDDF ၊ နောင်ရိုးတပ်ခွဲ ၃တို ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article