ရန်ကုန်၊ ဩဂုတ် ၂၂
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ မြတောင်ရွာ၌ KIA ၊ ABSDF ၊ KPDF နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာ နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“မြတောင်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ် KIA ၊ ABSDF နဲ့ KPDF တပ်ဖွဲ့တွေ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်”ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar