24.8 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်းက အုတ်ဖိုမြိုနယ်မှာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို ထွက်လာတဲ့ အေးမြသာယာ ရဲစခန်းက ရဲတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်မှုအတွင်း စခန်းမှုး ရဲအုပ် ဇော်ဝင်းအပါအဝင် ၂ ဦးကတော့ ပွဲချင်းပြီးကို သေကုန်ကြပြီး ပေါ်တာဆွဲဖမ်းဆီးမယ့် လူစာရင်းစာ ရွက်ကိုလည်း တော်လှန်ရးတပ်တွေက သိမ်းဆည်း ရရှိခဲ့တယ်လို PDF တပ်ရင်း ၃၈၀၂ တာဝန်ခံ ရဲဘော်-ဒူးယားက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဧရာ၀တီတိုင်းမှာ လိုင်စင်မဲ့ ဆိုင်ကယ်စီးတဲ့သူတွေကို အကြမ်းဖက် စစ်ကောင်စီတပ် ဖမ်းဆီးပြီး ဆိုက်ကယ်ပါသိမ်းယူလိုက်တဲ့အပြင် ၊ လူကိုပါ ထောင် တစ်လ ချမှတ်လိုက်သလို ၊ အဲဒီမှာ ပြည်သူ အများအပြား ဖမ်းဆီးခံရပြီး ငွေပေးနိုင်တဲ့သူတွေသာ ပြန်လွတ်ပေမယ့် ငွေမပေးနိုင်တဲ့သူတွေကတော့ ထောင်ကျသွားတယ်လို ဒေသခံပြည်သူတွေက ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီတပ်က တနသာ်ရီတိုင်း မြိတ်ခရိုင်အတွင်းမှာ ပြည်သူတွေကို မတရားဖမ်းဆီး ပေါ်တာတွေအပြင် နေအိမ်တွေကိုပါ အကြောင်းမဲ့ မီးရှိဖျက်ဆီးတာတွေ လုပ်နေတဲ့အတွက် ဒီလိုလုပ်ရပ် တွေကို အဓိထောက်တိုင်လုပ်ပေးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားက ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ တွေပါ မကျန် စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်သွားတော့မယ့် သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article