26 C
Yangon

နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ လက်ဝေခံ အဖြစ်မခံရေးနှင့် နိုင်ငံခြားရေးကစားကွင်း၌ နယ်ရုပ်မဖြစ်စေရေး အထူးအလေး အနက်ထားကြရန် NUG ယာယီသမ္မတ သတိပေး ပြောဆို

Must read

နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ လက်ဝေခံ အဖြစ်မခံရေးနှင့် နိုင်ငံခြားရေးကစားကွင်း၌ နယ်ရုပ်မဖြစ်စေရေး အထူးအလေး အနက်ထားကြရန် NUG ယာယီသမ္မတ သတိပေး ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၄

နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ လက်ဝေခံ အဖြစ်မခံရေးနှင့် နိုင်ငံကြီးများ၏ နိုင်ငံခြားရေးကစားကွင်း၌ နယ်ရုပ်မဖြစ်စေရေးကို အထူးအလေးအနက်ထားကြရန် NUG ယာယီသမ္မတဒူဝါလရှီးလ က သတိပေး ပြောဆိုလိုက်သည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက့် တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၆ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အကျိုးစီးပွားဟာ လက်တွေ့နိုင်ငံရေးမှာ အရေးတကြီး ထည့်သွင်းစဉ်းစားကြတဲ့ ကိစ္စဖြစ်တာ ကြောင့်၊ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးအမြင်တွေကို လေ့လာအကဲခတ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ reality ကို ချန်လှပ်ထားလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကျယ်ပြန့်တဲ့ နိုင်ငံတကာဆက်ဆံရေး နယ် ပယ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ လက်ဝေခံ အဖြစ်မခံရေးနဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ကစားကွင်းမှာ နယ်ရုပ်မဖြစ်စေရေးကို အလေးအနက်ထားကြဖို့ အထူးလိုအပ်ပါတယ်။ နိုင်ငံတစ်ခု ဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နိုင်ငံတော်ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ ထိုက်ထိုက်တန်တန် ရှိနေရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းပြည်အတွင်းက လူမျိုးအားလုံးရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်း ခွင့်ကို အထူးလေးစားသလို၊ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်သော အချုပ်အခြာအာဏာကိုလည်း အထူးလေးစားကြဖို့ လိုကြောင်း ပြောကြားအပ်ပါတယ်” ဟု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ က ပြောကြားသည်။

နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများသည် Global Power Competition လို့ခေါ်သည့် အင်အားကြီး နိုင်ငံ များ၏ အားပြိုင်မှုများကြား၌ အမြဲတမ်း လူးသာလွန့်သာဖြစ်အောင် ကြိုးစားကြရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်တွင်းတွင် အင်အားစုများ အကြား ဒိုင်းနမစ် အစုံအလင်ဖြစ်နေသည့် အခြေအနေ၌ နိုင်ငံရေးအရ ဖြစ်စေ၊ စစ်ရေးအရ ဖြစ်စေ အင်မတန်အကဲဆတ်သည်ဟု ပြောဆိုနိုင်ပြီး စစ်အာဏာ ရှင်စနစ် သက်ဆိုးရှည်စေရေး ဦးတည်စေခြင်းမျိုး လုံးဝဖြစ်၍ မရကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးထားသည်။

နောက် ဒုတိယအချက်အနေနဲ့ ပြောချင်တာကတော့ လက်ရှိနိုင်ငံရေးရာသီဥတုနဲ့ပတ်သက်ပြီး ကျွန် တော်တို့ အလေးအနက်ထား စဉ်းစားကြရမယ့်ကိစ္စ တချို့ကို ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ Global Power Competition လို့ခေါ်တဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အား ပြိုင်မှုတွေ ကြားမှာ အမြဲတမ်း လူးသာလွန့်သာဖြစ်အောင် ကြိုးစားကြရပါတယ်။ အခုလို ပြည်တွင်း မှာ အင်အားစုတွေ အကြား ဒိုင်းနမစ် အစုံအလင်ဖြစ်နေတဲ့ အခြေအနေဟာ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်/ စစ်ရေးအရပဲ ဖြစ်ဖြစ် အင်မတန် အကဲဆတ်တယ်လို ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေးအရ အကြမ်းနဲ့ အနု / အမာနဲ့ အပျော့ / အပူနဲ့ အအေး ဆိုတဲ့ ဝိရောဓိ တွေကို သိမ် မွေ့စွာ ကိုင်တွယ်နိုင်ရေးအတွက် အလေးအနက်ထား လုပ်ဆောင်ဖို အထူးလို အပ်ပါ တယ်။ ဒါဟာ နိုင်ငံရေးအရ သဘောတရားရေးတစ်ခုဖြစ်တယ်လိုလည်း ပြောနိုင်ပါတယ်။ ဒေသတွင်း နိုင်ငံရေး ရာသီဥတု အခြေအနေတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက် ဦးတည်စေတာမျိုး လုံးဝ ဖြစ်လို မရဘူးလို့ ပြောချင်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article