26 C
Yangon

ကန့်ဘလူမြို့နယ်တွင် တော်လှန်ရေး အဖွဲ့ အယောင်ဆောင်၍ ခြိမ်းခြောက် ငွေညှစ်နေသူ တစ်ဦးကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းက ဖမ်းဆီး

Must read

ကန့်ဘလူမြို့နယ်တွင် တော်လှန်ရေး အဖွဲ့ အယောင်ဆောင်၍ ခြိမ်းခြောက် ငွေညှစ်နေသူ တစ်ဦးကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းက ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် တော်လှန်ရေး အဖွဲ့ အယောင်ဆောင်၍ ခြိမ်းခြောက် ငွေညှစ်နေသူ တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်တွင် နေထိုင်သော သန်းထိုက်ဦး (ခ) ငသီး သည် တော်လှန်းရေး အဖွဲ့အယောင်ဆောင်၍ ပြည်သူများထံမှ ခြိမ်းခြောက်ငွေညှစ် နေသောကြောင့် ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်း၊ စစ်ထောက်လှမ်းရေးဌာနက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“ပြည်သူတချို့ကို လိမ်လည်ပြီး ငွေညှစ်ယူတာပါ။ ကျန်တာတော့ အမှုမရှိပါဘူး။ အဓိကကတော့ ငွေလိမ်လည်မှုပေါ့။ လိမ်လည်ခံရတဲ့ ပြည်သူ အရေအတွက်ကတော့ စစ်ဆေးဆဲပါ။ တချို့သော ပြည်သူများရဲ့ ငွေကိုလည်း ပြန်ပေးအပ်တာတွေ ပြုလုပ်ပြီးပါပြီ။ ယခုအချိန်အထိတော့ ဆက်လက် စစ်ဆေးနေပြီး လုပ်သင့်လုပ်ထိုက်သည်များကို အရေးယူဆောင်ရွက်သွားမှာပါ” ဟု ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သန်းထိုက်ဦး (ခ) ငသီး ကို လက်ရှိချိန်တွင် စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း၊ ပြည်သူများအနေဖြင့် အလားတူကိစ္စရပ်များ ပေါ်ပေါက်လာပါက ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းထံ တိုက်ရိုက် တိုင်ကြားနိုင်ပါကြောင်း ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article