25 C
Yangon

အကြမ်းဖက်စစ်ကောင်စီက တင်းကျပ်သောစည်းကမ်းသစ်များချမှတ်ပြီး စက်သုံးဆီအရောင်းဆိုင် ၂၀ ထက်မနည်းကို ငွေ ၂၅ သိန်းမှ သိန်း ၅၀ အထိ ဒဏ်ရိုက်ကာ စက်သုံးဆီရောင်းဝယ်ခွင့် ၃ လပိတ်ပင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

အကြမ်းဖက်စစ်ကောင်စီက သတ်မှတ်စည်းကမ်းမလိုက်နာဟုဆိုကာ စက်သုံးဆီအရောင်းဆိုင် ၂၀ ထက်မနည်းကို ငွေ ၂၅ သိန်းမှ သိန်း ၅၀ အထိ ဒဏ်ရိုက်ပြီး ဆီအရောင်းဆိုင်များကို ၃ လရောင်းချခွင့် ပိတ်ပင်ထားကြောင်း စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းမှု အကြီးအကျယ် လျော့ချနေသော အကြမ်းဖက်စစ်ကောင်စီက ဆီဆိုင်များ လိုက်နာရမည့် စည်းကမ်းအသစ်များစွာ ထုတ်ပြန်လာပြီး ဆီအရောင်းဆိုင်များကို ပိုမိုတင်းကျပ်လာနေကြောင်း၊ စက်သုံးဆီများကို သယ်ယူရာတွင် သတ်မှတ်ထားသည့် ဆီဘောက်ဆာယာဉ်ဖြင့်သာ သယ်ယူရန်၊ ဆီအရောင်းဆိုင်အတွက် ဆီများကို သက်ဆိုင်ရာ အရောင်းဆိုင်မှ လွဲ၍ မည်သည့်နေရာမှ သယ်ယူခြင်းမပြုရန်၊ ဆီများကို အမှန်တကယ်ရောင်းချခြင်းမပြုဘဲ သိုလှောင်ခြင်းမပြုလုပ်ရန် စသည့် အလွန်တင်းကျပ်သော စည်းကမ်းများ ချမှတ်အရေးယူလာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အလွန်တင်းကျပ်သော စည်းကမ်းများကြောင့် အရေးယူခံရသော ဆီဆိုင်များမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀ ထက်မနည်းရှိနေပြီး ဆက်တိုက် ပိတ်ပင်ခံနေရကြောင်း၊ ဥပမာအားဖြင့် သီလဝါမှ ဆီသွားသယ်သည့် ဘောက်ဆာကားသည် ဆီယိုစိမ့်မှုဖြစ်နေ၍ အခြား ဆီဘောက်ဆာကားတစ်စီးဖြင့် ပြောင်း၍ ဆီသယ်ယူသည်ကို အကြောင်းမကြားဟုဆိုကာ ဒဏ်ငွေ ၂၅ သိန်းရိုက်ကြောင်း၊ အလားတူပင် ရှမ်းပြည်နယ်မှ ဆီဆိုင်တစ်ခုက ရရှိထားသည့် ဆီခွဲတမ်းကို လမ်းကြောင်းလွဲမှား နယ်ကျော်လွန်သယ်ဆောင်သည်ဟုဆိုကာ ဆီရောင်းဝယ်ခွင့် ၃ လပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

“ဆီဆိုင်တွေ အများကြီး အပိတ်ခံနေရတယ်။ နယ်ဆိုင်တွေ အဓိက။ စစ်တပ်က သူတို့ ဆီမပေးနိုင်တာကို စည်းကမ်းတင်းကျပ်ပြီး ဆီလျှော့ချနေတာ။ တရားဝင် စီးပွားရေးလုပ်နေတာလေ ဘယ်ရောင်းရောင်းပေါ့။ အခုက ကိုယ့်ငွေနဲ့ကိုယ် ဆီဝယ်ပြီး ပြန်ရောင်းတာတောင် စစ်တပ်က ဖိနှိပ်ချင်တိုင်း ဖိနှိပ်နေတယ်။ စျေးကွက်စီးပွားရေးစနစ်ရဲ့ လွတ်လပ်စွာ ရောင်းဝယ်ခွင့် တွေ မရှိတော့ဘူး” ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက နယ်ဆီဆိုင်များအားလုံးတွင် Smart Card ဖြင့် ဆီများ ကန့်သတ်ရောင်းချနိုင်ရေးအတွက် လိုအပ်သော ဆော့ဝဲလ်နှင့် စနစ်များ တပ်ဆင်ထားရန် တရားဝင်အသိပေးလာပြီး ယင်းသို့ တပ်ဆင်ထားခြင်းမရှိပါကလည်း ဆီဆိုင်လုပ်ငန်း လိုင်စင်များ သက်တမ်း တိုးမပေးတော့ဟု ပြောဆိုလာကြောင်း သိရှိရသည်။

“နယ်ဆီဆိုင်တွေဆိုတာက တစ်ပိုင်တစ်နိုင်ရောင်းကြတာ။ အခုက စစ်တပ်က တပ်ခိုင်းနေတဲ့ ဆော့ဝဲလ်နဲ့ စမတ်ကတ် စနစ်က သိန်းရာထောင်ချီ ကုန်မှာ ဘယ်တတ်နိုင်မလဲ။ နယ်ဆီဆိုင်တွေက အကုန်ပိတ်ရမယ့်အခြေအနေ ရောက်လာပြီ” ဟု ပဲခူးတိုင်းမှ ဆီဆိုင်လုပ်ငန်းရှင်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ပုံမှန်အားဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲမှ ၃ ဘီလီယံအကြား ပြည်ပမှ တင်သွင်းနေရသော စစ်သုံးဆီကို ယခုနှစ်မှစတင်၍ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအောက်သာ အနည်းဆုံး တင်သွင်းရန် စီမံချက်များ ချမှတ်လုပ်ဆောင်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article