28 C
Yangon

မြိုင်မြို့နယ်၊ တွင်းမရွာမှ ပျူစောထီးများ ကင်းပတ်ထွက်လာစဉ် တိုက်ခိုက်မှု ပျူစောထီး ၃ ဦး သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာမှ ပျူစောထီးများ ကင်းပတ်ထွက်လာစဉ် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း 8+ အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ရှိုင်းလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် မြိုင်မြို့နယ်၊ တွင်းမရွာမှ ပျူစောထီးများ ကင်းပတ် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသင့်စောင့်ကြိုပစ်ခတ်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးပြီး MA 16 အမျိုးအစား သေနတ် ၂ လက်၊ G3 အမျိုးအစား သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၁၈၀ ၊ G3 ကျည် အတောင့် ၈၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သူတို့က အရင်ကတည်းက ထွက်နေကြ၊ အဲဒါကို ကြိုစောင့်ပစ်ခဲ့တာ၊ မျက်မြင်ကတော့ ၃ ဦး သေ တယ်၊ ကျနော်တို့က ဦးအောင်ပစ်ရတာ၊ ပြန်ပစ်တာက နည်းနည်းတော့ရှိတယ်။ အင်အားက ဘယ် လောက်ထွက်လာလဲ အတိအကျ မသိလိုက်ရဘူး” ဟု 8+ အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ရှိုင်းလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို 8 + အညာမြေ တပ်ပေါင်းစုဖြစ်သည့် M.V.P Revolution Force ၊ အလင်း တန်းပြောက်ကျားတပ်ဖွဲ့-မြိုင်၊ UAV Fighter ၊ မဟူရာအလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix People Defense Force ၊ Scorpion People Defense Force ၊ ဌေးအောင်ပြောက်ကျားတပ်ဖွဲ့ နှင့် ဇာမဏီ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article