32 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်းက ကျောက်ကြီးမြို့နယ်မှာ နောက်တန်းပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း ကို KNLA-PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော်ဟာ အသီးသီး သေကုန်ကြတဲ့အပြင် ၊ စစ်သားတွေရဲ့ အလောင်းတချို့ပါ ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ PDF ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းရုံးရဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို မနေ့က ည သန်းခေါင်ယံအချိန်မှာပဲ အကြမ်းဖက် စစ်ကောင်စီက လေယာဉ်နဲ့လာပြီး ဗုံးတွေ ကျဲချသွားသွားမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုတွေ ရှိထားပြီး နေအိမ်တွေလည်း ပျက်ဆီးထားတယ်လို့ မြို့ခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တအာင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေး CDMers တွေနဲ့ Non-CDM မဟုတ်တဲ့ ကျန်းမာရေး တတ်သိ ပညာရှင်တွေကို ဖိတ်ခေါ်နေတယ်လို့ Medical Family Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article