29 C
Yangon

နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

အဆိုပါ လက်ဖက်ရည်ဆိုင်တွင် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများ ရှိနေချိန် ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူ များပြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲပိုင်း ကျဲချတာ နောင်ချိုမြို့ဈေးရပ်ကွက်ထဲက လန်းဆန်းလက်ဘက်ရည်ဆိုင်ပေါ်ကိုကျပါတယ်။ လက်ဖက်ရည်ဆိုင် မြေကွက်လပ် ဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်က အိမ်တွေ ဆိုင်တွေ အကုန်ထိပါတယ်။ ကားနားနေတဲ့ ခရီးသည်တွေ ကားဆရာတွေတော်တော်များများ ထိပြီးတော့ လက်ရှိ ရုပ်အလောင်း ၁၁ ဦး ထိရတယ်လို့ သိထားရပါတယ်။ ဒဏ်ရာရတဲ့ သူတွေလည်း များတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ အိမ်တွေကားတွေလည်းမီးလောင်ပါတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article