32 C
Yangon

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Pakokku People Defense Force – PPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ၄၀ မမ လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃၀ မိနစ်ခန့်အကြာဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံး ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၁၁ နာရီလောက်ကပါ၊ အဆောက်အဦထဲကို ၄၀ မမနဲ့ ပစ်ထည့်တာ၊ သူတို့ရှိတဲ့ အဆောက်အအုံထဲ ကို ကျပြီး စခ ၂ ဦသေတယ်၊ အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်၊ ဘယ်လောက် ဒဏ် ရာရတယ်ဆိုတာ မသိရဘူး၊ ပြည်သူတွေအနေနဲ့ စခတွေရှိတဲ့နေရာ အနီးတဝိုက်မှာ မနေကြဖို့ ပြော ချင်ပါတယ်” ဟု Pakokku People Defense Force – PPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို PAKOKKU PEOPLE DEFENSE FORCE (PPDF) ၊ YOUNG FORCE (UG) နှင့် BURMA REVOLUTION RANGERS တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article