ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်နှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲပြုလုပ်
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဖားကန့်ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်နှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲကို ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။
ဖားကန့်ပြည်သူများက “စစ်ကျွန်မခံဘူးငြင်းဆန် အမျိုးသားနေ့အဓိဋ္ဌာန်” ၊ “တော်လှန်ရေးအတွက် အနစ်နာခံ CDM ဘယ်ခါမမေ့ လေးစားဂုဏ်ပြုပါ၏”၊ “ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ၊ “ စစ်ကျွန်အောက်က လွတ်မြောက်ရေး ဒို့တစ်မျိုးသားလုံးအရေး”၊ “ လူသတ် မီးရှို့ မုဒိမ်း စစ်တပ် အလိုမရှိ” ၊ “ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ပြည်သူအားလုံးပါဝင်စို့” စသည့်ကြွေးကြော်သံများဖြင့် သပိတ်မှောက်ခဲ့ကြကာ KIA ၊ PDF တိုက်ပွဲတိုင်းတွင် အောင်နိုင်စေရန် ဆုတောင်းပေးခဲ့ကြကြောင်း သိရှိရသည်။