32 C
Yangon

တွန်းဇံမြို့နယ် မှ စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်း ၁၀၀ ကျော် ပြည့်သူ့ရင်ခွင်ထံ အလင်းဝင်၊ တမူးခရိုင်ရဲ တပ်ဖွဲ့မှ ရဲ ၁ ဦးနှင့် တွန်းဇံမြို့မရဲစခန်းမှ ရဲ ၂ ဦးလည်း CDM ဝင်လာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၀၀ ကျော် ပြည်သူ့ရင်ခွင်ထံအလင်းဝင် ခဲ့ပြီး လူဦးရေ ၃၀ ကျော်ကို ခံဝန်ထိုးပြီး ဘေးလွတ်ရာနေရာကို ပို့ဆောင်ထားပြီဖြစ်ကြောင်း တွန်းဇံ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဩဂုတ်လအတွင်းက ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက် အောက် ခံ ထွေအုပ်၊ ပညာရေး၊ ကျန်းမာရေး၊ စာရင်းစစ် စသည့်ဌာနများမှ Non CDM ဝန်ထမ်း ၁၀၀ ကျော် သည်တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထို့သို့ အလင်းဝင်ရောက်ခဲ့သူများကို စိစစ်ပြီး ၃၀ ကျော်ကို ခံဝန်လက်မှတ်ရေးထိုးကာ လုံခြုံဘေးကင်းသည့် နေရာသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

အလားတူ တွန်းဇံမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူ ရဲ ၂ ဦးနှင့် စစ်ကိုင်းတိုင်း၊ တမူးခရိုင် တွင်တာဝန်ထမ်းဆောင် ရဲတစ်ဦးတို့လည်း တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ် ကာ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

“ရဲက တွန်းဇံမြို့မရဲစခန်းက ၂ ဦးနဲ့ တမူးခရိုင်က ရဲ ၁ ဦးပါ။ လက်နက်တော့မပါဘူး။ တွန်းဇံမြို့နယ် ထဲက Non CDM တွေ အယောက် ၁၀၀ ကျော်အလင်းဝင်ပါတယ်။ ခံဝန်ထိုးထားတာက ၃၀ ကျော်ပါ၊ ကျန်တဲ့သူတွေကိုတော့ မူဝါဒအတိုင်း စိစစ်နေဆဲ အခြေအနေပါ။ ဌာနတွေအားဖြင့်တော့ ထွေအုပ်၊ ပညာရေး၊ ကျန်းမာရေး၊ စာရင်းစသည်ဖြင့် များပါတယ်။” ဟု တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှာတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

Non CDM ဝန်ထမ်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ရဲရဲတင်းတင်း လက်တွဲဖြုတ်ကာ ပြည် သူ နှင့်အတူ လက်တွဲ၍ တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ ပြည်သူ့ဘက်သို့ အလင်းဝင်လိုသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non CDM များအား ချင်းပြည် စီဒီအမ် မူဝါဒနှင့်အညီ မြို့နယ် စီဒီအမ်ကော်မတီ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ က စိစစ် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – တွန်းဇံမြို့နယ်မှ ဝန်ထမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တွန်းဇံမြို့နယ်မှ ဝန်ထမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article