29.7 C
Yangon

တနင်္သာရီမြို့နယ်မှ ခမရ ၅၅၈ တပ်နှင့် ငါန်းဇွန်ရှိ စစ်တပ် စစ်ကြောင်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ခမရ ၅၅၈ တပ်ရင်းနှင့် လုံခြုံရေးကင်းယူထားသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နှင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့တို့တွင် လယ်တောင်ယာရွာ အနီး ကာကင်းယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက သွားရေဦက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း လယ်တောင်ယာရွာ အနီး ကာကင်းယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မာတမုတ်ချုံးရွာအနီး သိန်ခွန်းရွာဘက်ကို ရိတ်က္ခာပို့ရန် လာသည့် ကားနှင့် ခြေလျင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်အချိန် တနင်္သာရီမြို့နယ်၊ ခမရ ၅၅၈ တပ်ရင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သွားရောက် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် စစ်တပ် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း TGYR – Youth Guerilla Counter Revolution – NZ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ငါန်းဇွန်မြို့မှ အင်အား ၁၀၀ ခန့်ဖြင့် မြို့သာမြို့ဘက်ကို ထွက်လာသော စစ်တပ် စစ်ကြောင်းကို ငလွန့်ကျေးရွာအနီး အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်အချိန် ထိုစစ်ကြောင်းသည် မြို့သာမြို့စက်မှုဇုန်ဟိုတယ်နှင့် ဂေါကွင်းနေရာတွင် တပ်စွဲထားသဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း ဒရုန်းဆုံးရှုံးမှုများ ရှိကြောင်း သိရှိရသည်။

“လက်ရှိစစ်ကြောင်းက မြို့သာစက်မှုဟိုတယ်နဲ့ ဂေါက်ကွင်းထဲမှာ တပ်စွဲထားတာ၊ အတွင်းမှာထဲမှာပဲ တပ်စွဲထားတာဆိုတော့ ထိခိုက်သေဆုံးမှုက စုံစမ်းလို့မရသေးဘူး။” ဟု TGYR – Youth Guerilla Counter Revolution – NZ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution-NZ (TGYR-Drone Team) နှင့် ငါန်းဇွန်မြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ငါန်းဇွန်မြို့နယ်အတွင်းတွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် တိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေသောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article