26.1 C
Yangon

တနင်္သာရီမြို့ အောက်ကင်းရွာ အခြေအစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၂၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ အောက်ကင်းရွာ အခြေအစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့တွင် အောက်ကင်းရွာ အခြေအစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး သေနတ် ၂ လက်နက် ယူဆောင်လာပြီး ဘန်းလမွတ်ရွာနှင့် ပနပ်ငယ်ရွာ အကြားတွင် လမ်းကင်းတာဝန်ကျနေစဉ် ထွက်ပြေးလာကာ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ၂ ဦး သည် ရန်ကုန်တိုက်ကြီး၊ ဂျိုးဖြူ အမှတ် ၁ စစ်သင်တန်း လေ့ကျင့်ရေးကျောင်းမှ စစ်မှုထမ်း အပတ်စဉ် ၁ နှင့် ၉ မှ သင်တန်းဆင်းများဖြစ်ပြီး MA-3 သေနတ် ၂ လက်၊ ကျည်ဘောက် ၉ ဘောက်၊ ကျည် ၂၄၀ တောင့်၊ ကျည်ကာ ၁ စုံတို့ ယူဆောင်လာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ထံသို့ ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၂ ဦးသည် သင်တန်းကာလ ၂ လခွဲတက်ရောက်ခဲ့ပြီးနောက် တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ် တပ်မ ၁၃ တွင် မွမ်းမံသင်တန်း ၂ ပတ်တက်ရောက်ခဲ့ကာ မြိတ်မြို့ (၁၀၃) တပ်ကို ပို့ဆောင်ခံရပြီး ထိုမှတစ်ဆင့် တနင်္သာရီမြို့နယ် အောက်ကင်းရွာ အခြေစိုက် ခမရ ၅၅၇ တပ်ရင်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လမ်းကင်းယူနေစဉ် ထွက်ပြေးလာပြီး ကျနော်တို့အဖွဲ့ဆီ ဆက်သွာလာတာပါ။ လောလောဆယ်တော့ MOD က ချီးမြှင့်ငွေ တော့မရသေးဘူး။ ကျနော်တို့ အဖွဲ့က တစ်ယောက် သိန်း ၂၀ ချီးမြှင့်ဖို့ စီစဉ်နေပါတယ်။ တပ်သားစုဆောင်းခံရသူတွေကိုပြောချင်တာက ကိုယ်ရောက်တဲ့ နေရာဒေသတွေမှာ ကာကွယ်ရေးတပ်ဖွဲ့‌တွေရှိတယ် ရတဲ့နည်းနဲ့ထွက် ထွက်လာစေချင်တယ် ကြိုဆိုနေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းအမိန့် ကြေညာချက်များကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် တနင်္သာရီမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article