24.2 C
Yangon

ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်က ပြည်သူ ၃ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ပြီး ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်က ပြည်သူ ၃ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ပြီး ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပေါက်မြို့နယ်၊ ပင်လောင်းရွာသို့ အကြမ်းဖက် စစ်တပ်၏ ကပစ ၂၄ မှ အင်အား ၂၀၀ ခန့် ပါဝင်သော စစ်ကြောင်းက သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ထို စစ်ကြောင်းက ပေါက်ချောင်းအထက်စုရွာမှ ပြည်သူ ၂ ဦးနှင့် ပလောင်းရွာမှ ပြည်သူ ၃ ဦး စုစုပေါင်း ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ပလောင်းရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် အားလုံးကို ဝင်ရောက် မွှေနှောက်သွားပြီး ရွှေ ၊ ငွေကြေးနှင့် တန်ဖိုးကြီး ပစ္စည်းများကို စိတ်ကြိုက်ခိုးယူ လုယက်သွားကြောင်း သိရသည်။

“အဲစစ်ခွေး စစ်ကြောင်းက ပြည်သူ ၃ ဦးလောက်ကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သိရပေမယ့် သေချာတော့ အတည်မပြုနိုင်သေးဘူး။ ပလောင်းကျေးရွာကို စစ်ခွေးတွေက အင်အား ၂၀၀ လောက်နဲ့ ဝင်ရောက် စီးနင်းပြီး ဝင်ရောက်မွှေနှောက်ခဲ့တာပါ။ စစ်ခွေးတွေ ဖမ်းဆီးထားတဲ့ ပြည်သူအများအပြားထဲက ပြည်သူ ၅ ဦးကို စစ်ကြောင်းနဲ့ အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ နောက်ပြီး စစ်ခွေးတွေက ပြည်သူပိုင် ရွှေ ၊ ငွေ ပစ္စည်း ဥစ္စာတွေကို စိတ်ကြိုက် မွှေနှောက်ပြီး ယူဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကပစ ၂၄ ဘက်ကို ပြည် သူပိုင် ပစ္စည်းများ ခိုးယူ သယ်ဆောင်ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ ပေါက်မြို့နယ် အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၂၂ ရက်နေ့တွင် Y-12 လေယာဉ် ၁ စီးဖြင့် ဗုံး ၃၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article