ဒီကနေ့ ဒီဇင်ဘာ ၁ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတိုင်း၊ မိုးကုတ်မြို့ပြင် အနောက်ပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တော်လှန်ရေးတပ်တွေနှင့်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ် စစ်ကြောင်း နောက်ပြန်ဆုတ်သွားတယ်လို့ မိုးကုတ်ဒေသခံပြည်သူတချို့နှင့် တော်လှန်ရေး သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မြ၀တီမြို့နယ်အတွင်း KNU က စစ်ဆေးမှုတွေလုပ်နေတဲ့ မင်းလက်ပံကျားဖြန့်ဝင်းကို ပြန်လည်ရရှိဖို့ စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် မနေ့ကညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့ရဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၅ ဦးပွဲချင်းပြီး သေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




