27 C
Yangon

မင်းတပ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ၅ ခုမှ Non-CDM ၈၈ ဦးကို အမည်ပျက်စာရင်း ကြေညာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်း ၈၈ ဦးကို အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း သိရသည်။

အောင်တိုဘာလ ၂၉ ရက်နေ့တွင် Non-CDM ဝန်ထမ်း ၈၈ ဦးကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးမှ ထုတ်ပြန်​ကြေညာ ခဲ့ခြင်းဖြစ်ပြီး ရဲ၊ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပညာရေးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ ခရိုင်ရဲမှူး ဇော်နိုင်အပါအဝင် ရဲ ၁၁ ဦး၊ အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဇော်မျိုးထွန်း အပါအဝင် ဝန်ထမ်း ၃၈ ဦး၊ မီးသတ်သတ် ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ကီးထန်း အပါအဝင် မီးသတ် ၂၇ ဦး၊ ပညာရေးဌာန မြို့နယ်ပညာရေးမှူးရုံးမှ ရုံးစာရေး ထန်းယ အပါအဝင် ဝန်ထမ်း ၆ ဦး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး စိုးစိုးထွန် အပါအဝင် ဝန်ထမ်း ၆ ဦးတို့ကို အမည်ပျက် စာရင်း ထုတ်ပြန်ထားပြီး ထပ်မံ ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article