29.1 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

ကောလင်း၊ လောင်းရှည်နှင့် ပွင့်ဖြူ တို့တွင် စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်းနေပြီး စစ်သား ၂၈ ဦးသေဆုံး

ရန်ကုန်၊ မတ်လ ၁၉ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အစပ်ရှိ ကောလင်းနှင့် ကန့်ဘလူ မြို့နယ်ကြား နှောကုန်းရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ PDF တပ်ဖွဲ့များက ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၆နာရီခန့်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ပြီး...

စစ်အာဏာရှင် ချေမှုန်းရေး ၄၀၅ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၁၉ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် မတ်လ ၁၉ ရက်တွင် ၄၀၅ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

အကြမ်းဖက်စစ်တပ် ဖြိုခွဲခံနေရကြောင်း ဖက်ဆစ်ဒုခေါင်းဆောင် စိုးဝင်းပြော၊ တပ်များကို လှည့်လည်စည်းရုံးနေ

ရန်ကုန်၊ မတ် ၁၉ အကြမ်းဖက်စစ်တပ်ဒုခေါင်းဆောင် စိုးဝင်းက လက်ရှိတွင် စစ်တပ် ဖြိုခွဲခံနေရကြောင်း ယမန်နေ့ ရှမ်းပြည်နယ်၊ ကလောတပ်နယ်တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။ လက်ရှိတွင် ပြည်တွင်းပြည်ပ ပူးပေါင်း၍ နိုင်ငံရေး၊ စီးပွားရေးကို ပိတ်ဆို့သည့် နည်းလမ်းများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း၊ ယန္တရားရပ်တန့်စေရန် ဝန်ထမ်းများ CDM ပြုလုပ်စေခြင်း၊...

ဟိုပင်မြို့အနီး စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ မတ် ၁၉ ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ နန့်ရင်းချောင်းအနီး၊ နန့်မြန်းကျေးရွာအနီးတွင် ယနေ့ မတ်လ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာကြောင်း...

မှော်ဘီတိုက်လေယာဉ် ဗုံးပေါက်မှု မသင်္ကာ၍ ရေကြည်အိုင်တွင် ခေါ်စစ်ရာမှ လူပျိုဗိုလ်ကြီးနှင့် အိမ်ထောင်သည်ဗိုလ်ကြီးကတော်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်

ရန်ကုန်၊ မတ် ၁၉ ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် ဗုံးပေါက်မှု မသင်္ကာ၍ ရေကြည်အိုင်တွင် ဖမ်းဆီးခေါ်စစ်ရာမှ လူပျိုဗိုလ်ကြီးနှင့် အိမ်ထောင်သည်ဗိုလ်ကြီးကတော်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်လာကြောင်း ရေကြည်အိုင်စစ်ကြောရေးမှ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောသည်။မှော်ဘီလေတပ်မှ ဗိုလ်ကြီးထက်အောင်နှင့် ဇနီး ဒေါ်မေသူကျော်၊ ဗိုလ်ကြီးမျိုးလွင်ထက်တို့ကို မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် ၂ စီး...

မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို KIA ပူးပေါင်းတပ် တိုက်ခိုက် ဖျက်ဆီး

ရန်ကုန်၊ မတ် ၁၉ ကချင်ပြည်နယ်၊ မြစ်ကြီးနား-နမ္မတီးကားလမ်း၊ မြစ်ကြီးနားမြို့အဝင် ၂၁ မိုင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့ မတ်လ ၁၉ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီက...

ယမန်နေ့ညကာဖျူးအချိန် ကွတ်ခိုင်မှ လားရှိုးသို့ စစ်ကား အစီး ၂ဝ ကျော် မီးပိတ်၍ ဆင်းသွား

ရန်ကုန်၊ မတ် ၁၉ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့ မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃ဝ မိနစ် ကာဖျူးအချိန်တွင် စစ်ကား အစီး ၂ဝ ကျော် မီးပိတ်၍ ဆင်းသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။...

ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့်အနောက်ပိုင်းခရိုင်တွင် တစ်နေ့လျှပ်စစ်မီး ၈ နာရီပြတ်မည်ဖြစ်ပြီး တောင်ပိုင်းခရိုင်နှင့်မြောက်ပိုင်းခရိုင်တွင် တစ်နေ့ လျှပ်စစ်မီး ၁၂ နာရီပြတ်တောက်မည်၊ အုပ်စု A ၊ အုပ်စု B ခွဲ၍ အလှည့် ကျစနစ်ဖြင့် လျှပ်စစ်မီးပေးမည်

ရန်ကုန်၊ မတ် ၁၉ ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တွင် တစ်နေ့ လျှပ်စစ်မီး ၈ နာရီ ပြတ်တောက်မည်ဖြစ်ပြီး တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တွင် တစ်နေ့ လျှပ်စစ်မီး ၁၂ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း၊ အလှည့်ကျစနစ်ဖြင့် မတ်လ ၁၈ ရက်နေ့မှစတင်ပြီး လျှပ်စစ်မီးပေးနေကြောင်း ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံမှ သိရှိရသည်။ ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့်အနောက်ပိုင်းခရိုင်တွင်...

Khit Thit သတင်းဌာန၏ မတ် ၁၉ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းရရှိထားတဲ့ သတင်းတွေကတော့-မကွေးတိုင်း နတ်မောက်မြို့နယ် သပွတ်ပင်ရွာမှာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေက ၅ရက် ဆက်တိုက် တပ်စွဲ နေထိုင်ကာ ပြည်သူပိုင် နေအိမ် ၇လုံးကို ဖျက်ဆီးကာ ပစ္စည်းတွေကို ခိုးယူ လုယက်သွားတယ်လို့ ဒေသခံတွေက...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၉ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Latest news

- Advertisement -spot_img