30.3 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

36004 POSTS
0 COMMENTS

မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ TNLA စခန်းကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်ပြီး ယာယီအပစ်ရပ်ရေးသဘောတူညီချက်ကို စစ်ကောင်စီ ချိုးဖောက်

ရန်ကုန်၊ မေ ၈ မန္တလေးတိုင်း၊ မိုကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ မေလ ၄ ရက်နေ့ ည ၈ နာရီခန့်အချိန် မိုးကုတ်မြို့နယ်၊ ဖြူရောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်...

ရေနံချောင်းမြို့တွင် စစ်တပ်က စစ်သားသစ်စုဆောင်းရန် ဖမ်းဆီးထားသော အမျိုးသား ၄၀ ကျော် ထားရှိရာနေရာကို မိသားစုဝင်များက တွေ့ခွင့်ပေးရန် သွားရောက် တောင်းဆိုပြီးနောက် စစ်တပ်က ဖမ်းဆီးထားသူများကို စစ်ကားများဖြင့် နေရာပြောင်းရွေ့

ရန်ကုန်၊ မေ ၈ မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ်စုဆောင်းရန် ဖမ်းဆီးထားသော အမျိုးသား ၄၀ ကျော် ထားရှိရာနေရာကို မိသားစုဝင်များက တွေ့ခွင့်ပေးရန် သွားရောက် တောင်းဆိုပြီးနောက် စစ်တပ်က ဖမ်းဆီးထားသူများကို စစ်ကားများဖြင့် နေရာပြောင်းရွေ့သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့...

ရွှေကျင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ ဆီဆိုင်မြို့နယ်၊ ထီဗွာရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ မေ ၈ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားပါသည်။ ဧပြီလ ၂၂ ရက်နေ့မှစ၍ ဧပြီလ ၂၇ ရက်နေ့ အထိ ရွှေကျင် မှ...

သရက်ချောင်း၊ ပဲဒက်ကျေးရွာ စစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ ကျော်အရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ မေ ၈ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်း၊ ပဲဒက်စစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ ကျော်အရှင်ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၅ ရက်နေ့ နံနက် ၇ နာရီမှစတင်ပြီး တနင်္သာရီတိုင်း၊...

ကန့်ဘလူမြို့နယ် မလည်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှု လုပ်နေ၍ ကျေးရွာ ၁၀ ခုမှ ပြည်သူ ၃၀၀၀၀ ခန့်ထွက်ပြေးနေရ

ရန်ကုန်၊ မေ ၈ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ရွာရှိ အကြမ်းဖက်စစ်တပ်၏ အထိုင်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်တပ်ဘက်က အထိနာ၍ လေကြောင်းပစ်ခတ်မှုများ ၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ မလည်တိုက်နယ်မှ ရွာ ၁၀ ရွာခန့်ရှိ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ...

Khit Thit သတင်းဌာန၏ မေ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကချင်ပြည်နယ် မိုးမောက်မြို့နဲ့ မံစီမြို့က ရဲစခန်းတွေကို KIA-PDF မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး မြို့တွေကိုပါ သိမ်းပိုက်နိုင်ဖို့ လက်ကျန် စစ်တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ၊ ဗန်းမော်မြို့မှာလည်း...

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှေ့တန်းစစ်မြေပြင် ဆေးတပ်ဖွဲ့ အပတ်စဉ် ၂ သင်တန်းဆင်းပွဲ ပြုလုပ်

ရန်ကုန်၊ မေ ၈ တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းစစ်မြေပြင် ဆေးတပ်ဖွဲ့ သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားကို လောင်းလုံး ပကဖ မှ ရေးရာတာ၀န်ခံများ‌၊ လောင်းလုံး ပအဖ မှ တာ၀န်ရှိသူများ တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး ပထမအကြိမ်အပတ်စဥ် ၁ သင်တန်း၊ ဒုတိယ...

ဆားလင်းကြီးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

ရန်ကုန်၊ မေ ၈ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် Burmese Revolution Solution -BRS team က ဦးဆောင်၍ ပြည်သူများနှင့်အတူ မေလ ၈ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage...

တန့်ဆည်တွင် စစ်တပ်က အထိုင်ဂိတ်စခန်းသစ်များ ချနေ၍ ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီများ လိုအပ်

ရန်ကုန်၊ မေ ၈ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ်က အထိုင်ဂိတ်စခန်းသစ်များ ချနေ၍ ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ မေလ ၄ ရက်နေ့ မှစတင်ပြီး တန့်ဆည်မြို့...

NUG လူ့အခွင့်အရေးဝန်ကြီးနှင့် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

ရန်ကုန်၊မေ ၈ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြောင်း သိရှိရသည်။ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ Ms. Deborah (Deputy Secretary of Multilateral and Legal Affairs) အပါအဝင် မြန်မာ့အရေးဆောင်ရွက်နေသည့် တာဝန်ရှိသော...

Latest news

- Advertisement -spot_img