- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45177 POSTS
0 COMMENTS

အကြမ်းဖက် မင်းအောင်လှိုင် တောင်ငူမြို့သို့ လှည့်လည်သွားပြီးနောက် မြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကရိန်းဖြင့် ဆွဲချဖျက်ဆီး ဖယ်ရှား

ရန်ကုန်၊ ဇွန် ၁၀ အကြမ်းဖက် မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း​ တောင်ငူမြို့သို့ လှည့်လည်လာရောက်ခဲ့ပြီးနောက်​ တောင်ငူမြို့လယ်တွင် စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်နှင့်စည်ပင်တို့က ကရိန်းဖြင့် ဖျက်ဆီး ဖယ်ရှား ရှင်းလိုက်ကြောင်း တောင်ငူမြို့မှ ပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၉...

မြန်မာ့အရေး အဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

ရန်ကုန်၊ ဇွန် ၁၀ မြန်မာနိုင်ငံ၏ ပဋိပက္ခ အခြေအနေများကို လေ့လာသိရှိနိုင်ရန်နှင့် အဖြေရှာနိုင်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro) က ယနေ့ဇွန်လ ၁၀ ရက်နေ့ တွင် ထုတ်ဖော်ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းဌာနက...

ကျောက်ဖြူတွင် မတရားအသင်းဆက်သွယ်မှုဖြင့် ပြစ်ဒဏ်စေ့၍ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၇ ဦးကို စစ်တပ်က ပြန်ဖမ်းဆီးကာ အကြမ်းဖက်ပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်

ရန်ကုန်၊ ဇွန် ၁၀ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ပြစ်ဒဏ်စေ့၍ လွတ်မြောက်လာသည့် နိုင်ငံ ရေးအကျဉ်းသား ၇ ဦးကို ပြန်လည် ဖမ်းဆီးကာ အကြမ်းဖက်မှုပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်လိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။ ကျောက်ဖြူမြို့တွင် AA နှင့်ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)...

ထိုင်းနိုင်ငံ၊ ပသုမ်ဌာနီခရိုင်တွင် မြန်မာအမျိုးသမီးပွဲစားကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံသား တရားခံကို ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇွန် ၁၀ ထိုင်းနိုင်ငံ၊ ပသုမ်ဌာနီခရိုင်တွင် မြန်မာအမျိုးသမီးပွဲစားကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံသား တရားခံကို ဖမ်းဆီးရရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။ ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ထိုင်းနိုင်ငံ၊ ပသုမ်ဌာနီခရိုင်တွင် လူသတ်တရားခံ အသက် ၅၀ အရွယ်ရှိ ကိုနိုင်လင်း...

မြန်မာစစ်တပ်အပေါ် ပိုမို ပိတ်ဆို့အရေးယူရန်၊ နိုင်ငံတကာ အထည်အမှတ်တံဆိပ်များအားလုံး မြန်မာနိုင်ငံမှ ထွက်ခွာကြရန်၊ EU ၏ ကုန်သွယ်မှု အထူးအခွင့်အရေး ရပ်ဆိုင်းရန် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်- IndustriALL က တောင်းဆို

ရန်ကုန်၊ ဇွန် ၁၀ မြန်မာစစ်ကောင်စီထံ စီးဆင်းနေသည့် ငွေကြေးလမ်းကြောင်းများကို ပိတ်ဆို့အရေးယူမှုများ၊ သံတမန်ရေးအရ အထီးကျန်စေမှုများနှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး သဘောတူညီချက်များကို ရပ်ဆိုင်း ဖြတ်တောက်ကြရန် ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်-IndustriALL က တောင်းဆိုလိုက်သည်။ ဇွန်လ ၆ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ၁၁၄ ကြိမ်မြောက် နိုင်ငံတကာအလုပ်...

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ နှောင့်နှေးနေရဆဲဟု မင်းအောင်လှိုင် အပြစ်တင်

ရန်ကုန်၊ ဇွန် ၁၀ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ ပြည်တွင်းပြည်ပသွေးထိုးလှုံ့ဆော်မှုများကို နားယောင်၍ ကန့်ကွက်ခဲ့မှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ နှောင့်နှေးနေရဆဲဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြောဆိုလိုက်သည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၉ မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၉ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ...

အောင်လံရှိ ရွှေပန်းတောရွာ နတ်မောက် စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ လောင်းလုံးမှ ရေဖြူ မြို့နယ်အတွင်းကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ စစ်ရေးတင်းမာနေ

ရန်ကုန်၊ ဇွန် ၉ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာ နတ်မောက်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်သား ၁၇ ဦး သေဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- သရက်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန် သည်။ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့တွင် အောင်လုံမြို့နယ်...

မင်းတပ်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်၊ ယင်းမာပင်ရှိ ပြန်လည်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၉ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ ဇွန်လ ၉ ရက် ညနေ ၃ နာရီမှ ၃ နာရီ ၄ မိနစ်အထိ မင်းတပ်မြို့နယ်...

ယင်းမာပင်တွင် စစ်တပ် စစ်ကြောင်းက ပြည်သူများကို ဖမ်းဆီး စစ်ဆေးပြီး ပြည်သူပိုင် ပစ္စည်းများကို လိုက်လံ ခိုးယူနေ၊ ကျောက်ဖြူ-ရမ်းဗြဲ မြို့နယ်အစပ် စစ်ရှောင်စခန်းကိုလည်း စစ်တပ်က လိုက်လံဗုံးကျဲနေပြီး ပြည်သူများ ထပ်မံ တိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၉ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကောင်းဆင့်ကျေးရွာနှင့် ရွာသာယာကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ခိုးယူခြင်း၊ ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေသောကြောင့် ကျေးရွာ ၃ ရွာမှ ရာနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img