- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45198 POSTS
0 COMMENTS

ထိုင်းနိုင်ငံ၊ ချွန်ဘူရီတွင် လုံခြုံရေးဝန်ထမ်းအား ကြိုးတုပ်ကာ ဘတ် ၆ သိန်းတန် လျှပ်စစ်ကေဘယ်ကြိုးများ ခိုးယူခဲ့သည့် မြန်မာဓားပြဂိုဏ်းဝင် ၄ ဦးကို ဖမ်းဆီးရမိ၊ ဂိုဏ်းခေါင်းဆောင် လွတ်နေဆဲ

ရန်ကုန်၊ ဇွန် ၇ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် (Chonburi) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းကို ဝိုင်းဝန်းရိုက်နှက် ကြိုးတုပ်ပြီး ဘတ် ၆ သိန်းခန့် (၆၀၀,၀၀၀ ဘတ်) တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးများကို ခိုးယူခဲ့သည့် မြန်မာဓားပြဂိုဏ်းဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဇွန်လ...

မြန်မာစစ်အုပ်စု၏ ကျောထောက်နောက်ခံ စီးပွားရေး လုပ်ငန်းကြီးများအပေါ် အရေးယူမှုများ လုပ်ဆောင်ရန် ဂျပန်နှင့် တောင်ကိုရီးယား အလုပ်သမားသမဂ္ဂများက လှုပ်ရှားတောင်းဆို

ရန်ကုန်၊ ဇွန် ၇ အကြမ်းဖက် မြန်မာစစ်အုပ်စု၏ ကျောထောက်နောက်ခံ စီးပွားရေး လုပ်ငန်းကြီးများအပေါ် အရေးယူမှုများ လုပ်ဆောင်ရန် ဂျပန်နှင့် တောင်ကိုရီးယား အလုပ်သမားသမဂ္ဂများက လှုပ်ရှားတောင်းဆိုနေကြောင်း Justice For Myanmar က အသိပေး ထုတ်ပြန်ထားသည်။ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများရှိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် နိုင်ငံတကာပြည်သူ့ဝန်ဆောင်မှု (PSI) ၏...

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာအလုပ်သမား ၇ ဦးကို ထိုင်းအာဏာ ပိုင်များက ဖမ်းဆီး၊ မဲဆောက်တွင်လည်း အခြားသူပတ်စ်ပို့ဖြင့် ဝင်လာသော မြန်မာလူငယ် ၂ ဦး ဖမ်းခံရ

ရန်ကုန်၊ ဇွန် ၇ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်း တရားမဝင် ခိုးဝင်လာသော မြန်မာအလုပ်သမား ၇ ဦးနှင့် ၎င်းတို့အား သယ် ဆောင်လာသည့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အယုဒ္ဓယခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။ ဇွန်လ ၆ ရက်နေ့ မွန်းလွဲ...

မင်းအောင်လှိုင်ကို ဂုဏ်ပြု “ငွေလမင်းကြီး” သီချင်းကို လှောင်ပြောင်မှုဖြင့် တောင်ကြီးမှ မနန်းဧကရီကျော်ကို စစ်တပ်က ဖမ်းဆီး၊ လူမှုကွန်ရက်တွင် တော်လှန်ရေးသတင်းမျှဝေသည့် အသက် ၆၈ နှစ် အဘွားတစ်ဦးလည်း အဖမ်းခံရ

ရန်ကုန်၊ဇွန် ၇ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဂုဏ်ပြုဖွဲ့နွဲ့သီဆိုထားသည့် သီချင်းကို လူမှုကွန် ရက်ပေါ်တွင် လှောင်ပြောင်ဝေဖန်ခဲ့သည့် တောင်ကြီးမြို့မှ ဧကရီကျော် (ခ) နန်းဧကရီကျော်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း တောင်ကြီးမြို့ခံများနှင့် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများအရ သိရသည်။ အကြမ်းဖက်မင်းအောင်လှိုင်ကို အလွန်အကျူးအမွမ်းတင်ထားသည့် "လရောင်အောက်က...

ကလေးမြို့တွင် စစ်တပ်က နေ့စဉ် လူငယ် ၃၀ နီးပါးကို ပေါ်တာဆွဲနေပြီး စလင်းမြို့နယ်တွင်လည်း စစ်မှုထမ်းကြေး မပေးသူများကို ခြိမ်းခြောက်ငွေတောင်းနေ

ရန်ကုန်၊ ဇွန် ၇ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က နေ့စဉ် လူငယ် ၃၀ နီးပါးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင် တန်းကျောင်းများသို့ ဆက်တိုက်ပို့ဆောင်နေကြောင်းကလေးမြို့ လူထုတိုက်ပွဲကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကလေးမြို့တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ လမ်းဆုံများနှင့် လူစည်ကားရာ နေရာများ၌ စစ်ကောင်စီတပ်နှင့်...

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းတောင်းဆိုကြရန် နိုင်ငံတကာသို့ တိုက်တွန်း

ရန်ကုန်၊ ဇွန် ၇ ၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုပေးကြပါရန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက တိုက်တွန်းပြောကြားလိုက်သည်။ ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ...

ဆောနှင့် ချောင်းဦးမြို့နယ် ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၇ မကွေးတိုင်း၊ ဆောမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများနှင့် နယ်မြေခံသတင်းမှန်ပြန်ကြားရေးအဖွဲ့များထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၆ ရက်နေ့ မကွေးတိုင်း၊...

ကနီမြို့နယ်တွင် ထောက်ပို့စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၇ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ထောက်ပို့စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Fighter Brotherhood Guerrilla Army (FBGA) ကထုတ်ပြန်သည်။ ဇွန်လ ၄ ရက် နံနက် ၉ နာရီ ၁၀...

မြန်မာနိုင်ငံကို အထီးကျန်မဖြစ်စေလိုဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆိုပြီး နိုင်ငံတကာသံတမန်များနှင့်တွေ့ဆုံ၍ မြန်မာ့အရေး ရှင်းလင်းပြောဆို

ရန်ကုန်၊ ဇွန် ၇ မြန်မာနိုင်ငံကို အထီးကျန်မဖြစ်စေလိုဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ထုတ်ဖော်ပြောဆိုပြီး နိုင်ငံတကာသံတမန်များနှင့်တွေ့ဆုံ၍ မြန်မာ့အရေး ရှင်းလင်းပြောဆိုမှုများ လုပ် ဆောင်လိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်နှင့် CNA သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့တွင် ချဉ်းကပ်ဆောင်ရွက်မည့်...

တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်စဉ် အကြမ်းဖက် မင်းအောင်လှိုင် ကပ်သီလေး လွတ်မြောက်သွား

ရန်ကုန်၊ ဇွန် ၇ ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အမှတ် ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ်ကို တော်လှန်ရေးတပ်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ချိန် အ​ကြမ်းဖက် မင်းအောင် လှိုင်မှာ ကပ်သီလေး လွတ်မြောက်သွားခဲ့ကြောင်း တောင်ငူမြို့နယ်မှ စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၆ ရက်နေ့ မင်းအောင်လှိုင် တောင်ငူမြို့သို့...

Latest news

- Advertisement -spot_img