- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45198 POSTS
0 COMMENTS

မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်ပြုရန်နှင့် အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်ပြုရေး အတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ ဖိတ်ကြားလိုက်ပြီး ယနေ့ နေပြည်တော်သို့ ရောက်ရှိလာ

ရန်ကုန်၊ ဇွန် ၈ အကြမ်းဖက် မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်ပြုရန်နှင့် အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်ပြုရေး ညှိနှိုင်းဆွေးရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugionoကို နေပြည်တော်သို့ ဖိတ်ကြားလိုက်ပြီး ယနေ့ နေပြည်တော်သို့ ရောက်ရှိလာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugiono သည်...

ကျောက်ဖြူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၅ ဦး ဒဏ်ရာရ၊ စလင်းတွင်လည်း တိုက်ပွဲမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇွန် ၈ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ညအချိန် လေကြောင်း တိုက် ခိုက်ခဲ့သဖြင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ...

ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေး ကုန်သွယ်ရေးတံတား ပြန်လည်ဖွင့်သော်လည်း ထိုင်းသွင်းကုန်များ ဖမ်းဆီးရန် စစ်ကောင်စီ အမိန့်ထုတ်၊ ထိုင်းကုန်စည်များ သွင်းကုန်လိုင်စင်မပါလျှင် တရားမဝင် ကုန်အဖြစ် သတ်မှတ်ထား

ရန်ကုန်၊ ဇွန် ၈ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် ၁၀ လကျော်ကြာ ပိတ်ထားခဲ့ရသည့် မဲဆောက်-မြဝတီ နယ်စပ်ရှိ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် အမြဲတမ်းနယ်စပ်ဂိတ်ကို ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ထိုင်းသွင်းကုန်များကို သွင်းခွင့်မပြုဘဲ စစ်ကောင်စီက...

ဖိလစ်ပိုင်တောင်ပိုင်း၊ မင်ဒါနာအို (Mindanao) ကျွန်းတွင် လှုပ်ခတ်သော ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံများစွာ ပြိုကျနေ

ရန်ကုန်၊ ဇွန် ၈ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ယနေ့ တနင်္လာနေ့မနက်အစောပိုင်း ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် အဆောက်အအုံများပြိုကျပြီး ဆူနာမီရေလှိုင်းများ ရိုက်ခတ်နိုင်ခြေရှိသော သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်မှုများ ရှိနေပြီး ကမ်းခြေအနီးတွင် နေထိုင်သူများကို ကုန်းမြင့်ပိုင်းများသို့...

နိုင်ငံတစ်ဝန်း အခြေခံအကျဆုံးသော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ရန် ညွှန် ကြားချက်ထုတ်ပြန်ထားသော်လည်း NLD၊ PDF ၊CDM ဝန်ထမ်းများနှင့် မပတ်သက်သူများဖြစ်ရမည်ဟု ပြည်ထဲရေးဝန်ကြီး ညွန့်ဝင်းဆွေက လျှို့ဝှက် အမိန့်ပေး

ရန်ကုန်၊ ဇွန် ၈ နိုင်ငံတစ်ဝန်း အခြေခံအကျဆုံးသော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ် ခန့်အပ်ရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး NLD၊ PDF နှင့် CDM မပတ်သက်သူများဖြစ်ရမည်ဟု ပြည်ထဲရေးဝန်ကြီး ညွန့်ဝင်းဆွေက လျှို့ဝှက် အမိန့်ပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ ယခုဇွန်လဆန်းပိုင်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို သက်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၇ မြန်မာနိုင်ငံတစ်ဝန်း ဇွန်လ ၇ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆို ချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ...

ယင်းမာပင်တွင် စစ်တပ်က လည်ငေါက်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ပုလဲမြို့နယ်ရှိ မင်းတိုင်ပင်ရွာတွင်လည်း စစ်တပ်က နေအိမ်ရှိ သံတံခါးနှင့် ကျွန်တံခါးများမကျန် ဖြုတ်ယူ ရောင်းစားနေ

ရန်ကုန်၊ ဇွန် ၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ လည်ငေါက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့ပေါ်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လည်ငေါက်ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ပြီး...

လောင်းလုံးတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂ ခုအတွင်း ဝင်ရောက်တပ်စွဲထား၍ စစ်ရေးဆက်လက်တင်းမာနေ၊ စစ်တပ်က ကျောင်းကားများကို အကာအကွယ်ယူ၍ စစ်ရေးလှုပ်ရှားနေဟု ၈၀ဝ၃ တပ်ရင်းက ထုတ်ပြန်ထား

ရန်ကုန်၊ ဇွန် ၇ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ခုအတွင်း ဝင်ရောက်တပ်စွဲထား၍ စစ်ရေးဆက်လက်တင်းမာနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နှင့် သရက်ချောင်းမြို့ဘက်မှ အင်အား ၁၀၀ ကျော်ပါ...

မင်းတပ်မြို့ပေါ်နှင့် ရေဦးရှိ ပန်းကုံးရွာ စာသင်ကျောင်းအနီးကို စစ်တပ်က လေယာဉ်၊ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇွန် ၇ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် နေပြည်တော် အေလာလေတပ်မှ တက်လာသော...

ရန်ကုန်တွင် ကျားဖြန့်စစ်ဆင်ရေးဟုဆိုကာ မြန်မာပြည်ဖွား တရုတ်လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်၊ ကွန်ဒိုများကို စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် ထွေ/အုပ်တို့က လိုက်လံစီးနင်းဖမ်းဆီး စစ်ဆေး ငွေညှစ်နေ

ရန်ကုန်၊ ဇွန် ၇ ရန်ကုန်မြို့နေရာအနှံ့အပြားရှိ ကွန်ဒိုမီနီယမ်များနှင့် အိမ်ရာဝင်းများတွင် တရုတ်အွန်လိုင်းငွေလိမ် လည်မှု (ကျားဖြန့်) လုပ်ငန်းများ ဖြန့်ကျက်လုပ်ကိုင်နေသော သတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြပြီးနောက် စစ်တပ်၊ရဲ၊ ပျူစောထီးနှင့်ထွေ/အုပ်တို့က မြန်မာပြည်နွယ်ဖွား တရုတ်လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ၊ နေအိမ်များကို လိုက်လံစီးနင်းဖမ်းဆီး၍ ငွေညှစ်ခြင်းများ စတင်လုပ်ဆောင်နေကြောင်း ငွေညှစ်ခံနေရသည့် စီးပွားရေးသတင်းရင်းမြစ်က...

Latest news

- Advertisement -spot_img