29.6 C
Yangon
spot_img

CATEGORY

Announcement

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်မည့် ALP ကို လူငယ်အဖွဲ့အစည်းများ ကန့်ကွက်ရှုတ်ချ၊ အရက္ခလူမျိုးများကို ကိုယ်စားမပြုဟု ထုတ်ပြန်

ရန်ကုန်၊ မေ ၁၆ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ခြင်းကို တက်ရောက်မည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ကို အာရက္ခပြည်သူလူထုက ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်ပြည်ရှိ လူငယ်အဖွဲ့အစည်းများက ယမန်နေ့ မေလ ၁၅ ရက်ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ကြေညာချက်ကို ရက္ခိုင့်ပြည်ကျောင်းသားသမဂ္ဂ၊ သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ကမန်ကျောင်းသားလူငယ်အဖွဲ့၊ မြိုတက္ကသိုလ်ကျောင်းသား/သူများအသင်း၊ မဟာရက္ခိတအဖွဲ့နှင့် အာရက္ခပြည်ရှိ...

မြစ်ကြီးနား၊ ဟူးကောင်းနှင့် တနိုင်း၊ ရှင်ဗွေယာန်ခရိုင်များအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာများမှ ဝန်ထမ်းများ နုတ်ထွက်ရန် KIO စာထုတ် သတိပေး

ရန်ကုန်၊ မေ ၁၄ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၊ ဟူးကောင်းခရိုင်၊ တနိုင်းခရိုင်နှင့် ရှင်ဗွေယာန်ခရိုင်များမှ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာန အသီးသီး၌တာဝန်ထမ်းဆောင်နေသော အမှုထမ်း/အရာထမ်းများအားလုံး မိမိ စိတ်ဆန္ဒဖြင့် လက်ရှိထမ်းဆောင်နေသော တာဝန်များမှ နုတ်ထွက် ရပ်နားသွားရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စာထုတ် အသိပေးလိုက်သည်။စစ်ကောင်စီက ၂၀၂၁ ခုနှစ်...

မင်းအောင်လှိုင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို LDU တက်မည်မဟုတ်ကြောင်း LDU ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ ကြေညာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်မည်ဟု ကြေညာသော အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များကို အရေးယူမည်

ရန်ကုန်၊ မေ ၁၃ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU က တက်ရောက်မည်မဟုတ်ဘဲ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ကြေညာသော အတွင်းရေးမှူး ကျာဆော်လမွန်နှင့် အလုပ်အမှုဆောင်တချို့ကို အရေးယူမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။ LDU ဥက္ကဋ္ဌ ကျာခွန်ဆာကိုယ်တိုင်...

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ရပ်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲလုပ်ရန်နှင့်စစ်ဘေးသင့်သူများကို ကူညီရန် KNU၊ KNPP နှင့် CNF တို့ ပူးတွဲကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ မေ ၉ မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးများ ပြုလုပ်လိုလျှင် ထိုးစစ်များ ရပ်တန့်ကာ သက်ဆိုင်ရာ ပါဝင်သင့် ပါဝင်ထိုက်သော အစုအဖွဲ့ အားလုံး ပါဝင်ရန် လိုအပ်ပြီး စစ်ဘေးသင့်များအတွက် ကူညီ ထောက်ပံ့မှုများ ခွင့်ပြုရမည်ဟု တိုင်းရင်းသား...

မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ KNU မတက်ဟု တရားဝင် ကြေညာ၊ သက်ဆိုင်သူအားလုံးပါဝင်ရန် နှင့် ပြည်သူကို အကြမ်းဖက်ဗုံးကျဲမှုများ ရပ်တန့်ရန် စစ်တပ်ကို တောင်းဆို

ရန်ကုန်၊ မေ ၉ အကြမ်းဖက် ရာဇဝတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို KNU အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်း ယနေ့ မေလ ၉ ရက်နေ့တွင် တရားဝင်ထုတ်ပြန်လိုက်သည်။ တိုးတက်မှုမရှိသော NCA ငြိမ်းချမ်းရေးဆွေးနွေးမှုများမှ သမိုင်းသင်ခန်းစာ KNU...

မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်၍ မတက်ဟု ABSDF က ကြေညာ

ရန်ကုန်၊မေ ၈ အကြမ်းဖက် ရာဇဝတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်း ချမ်း ရေးဆွေးနွေးပွဲ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်၍ မတက်ဟု ABSDF က ယနေ့ ကြေညာသည်။ မေလ ၂ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ...

မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် အချိန်အခါကောင်းမဟုတ်ဟု KNPP ထုတ်ပြန်၊ ပြည်သူလူထုနှင့်အတူ ရပ်တည်မည်ဟု CNF စာထုတ်၊ KNU လည်း တက်မည်မဟုတ်

ရန်ကုန်၊ မေ ၆ မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ၎င်း၏ ဝါဒဖြန့်မီဒီယာများမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုသည် တနိုင်ငံလုံးလွှမ်းခြုံသည့် ဆွေးနွေးမှုမဖြစ်သကဲ့သို့ တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်အခါကောင်းမဟုတ်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ထုတ်ပြန်သည်။အလားတူ ချင်းအမျိုးသားတပ်ဦး CNF ကလည်း ပြည်ထောင်စု၏ ပြဿနာကို ပါဝင်သင့်သော...

Breaking News- မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ KIO က မတက်ဟု တရားဝင် ထုတ်ပြန်ကြေညာ

ရန်ကုန်၊ မေ ၅ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်း ယနေ့ တရားဝင် ကြေညာချက် ထုတ်ပြန်သည်။ KIO ၏ ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့ မိန့်ခွန်းပြောဆိုပြီးနောက်...

မိုးကောင်းမြို့နယ်တွင် ပြည်သူထံမှ လျှပ်စစ်ဓာတ်အားခနှင့် စိုက်ဘဏ်ချေးငွေများ စစ်ကောင်စီက မကောက်ခံရန် KIA သတိပေးချက် ထုတ်ပြန်

ရန်ကုန်၊ မေ ၄ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ပြည်သူများထံမှ လျှပ်စစ်ဓာတ်အားခနှင့် စိုက်ဘဏ်ချေးငွေများ စစ်ကောင်စီက မကောက်ခံရန် KIA သတိပေးချက် ယနေ့ထုတ်ပြန်သည်။ မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော တောင်နီ ၊ နမ္မန၊ မင်းကုန်း၊ ပင့်သာ၊ အုန်းဘောင်၊ သိုက်ဝါးကုန်း၊ အင်ကြင်းကုန်း၊ ပင်လုံ၊...

အမျိုးသားညီညွတ်ရေးအစိုးရ NUGက အဖွဲ့ဝင် ၁၆ ဦးပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဖွဲ့စည်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေကိုလည်း ပြဋ္ဌာန်း

ရန်ကုန်၊ မေ ၄ အမျိုးသားညီညွတ်ရေးအစိုးရ NUGက အဖွဲ့ဝင် ၁၆ ဦးပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကိုလည်း ပြဋ္ဌာန်းလိုက်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။ အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော...

Latest news

- Advertisement -spot_img