News Archives - Khit Thit Media

မင်းအောင်လှိုင်ပိုင် Mytel ကုမ္ပဏီက ကမ္ဘာ့ဖလားပြသခွင့် ဝယ်ယူခဲ့သော် လည်း ကြည့်ရှုသူမရှိ၍ စစ်တပ်ဝါဒဖြန့်အဖြစ် သုဝဏ္ဏဘောလုံးကွင်းတွင် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှစတင်၍ ဗိုလ်လုပွဲအထိ ပရိုဂျက်တာဖြင့် အခမဲ့ပြသမည်၊ ပွဲမစတင်မီ ညဉ့်နက်ပိုင်းမှ မိုးလင်းအထိဖြစ်၍ စစ်မှုထမ်းပေါ်တာဆွဲမှုများရှိနိုင်ဟု သတိပေး
ရန်ကုန်၊ ဇူလိုင် ၁၄

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင် Mytel ကုမ္ပဏီက ကမ္ဘာ့ဖလားပြသခွင့် ဝယ်ယူခဲ့သော်လည်း ကြည့်ရှုသူမရှိ၍ စစ်တပ်ဝါဒဖြန့်အဖြစ် သုဝဏ္ဏဘောလုံးကွင်းတွင် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှစတင်၍ ဗိုလ်လုပွဲအထိ ပရိုဂျက်တာဖြင့် အခမဲ့ပြသမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင် Mytel က ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲများကို မြန်မာ နိုင်ငံအတွင်း တစ်ဦးတည်းမူပိုင်ပြသခွင့် ဝယ်ယူထားသော်လည်း ငွေပေးဝယ်ယူကြည့်ရှုသူ မရှိသလောက် နည်းပါးနေ၍ တွက်ခြေမကိုက်ဖြစ်ခဲ့ကြောင်း၊ ယခုအခါ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ ၂ ပွဲ၊ တတိယနေရာလုပွဲနှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ စုစုပေါင်း ဘောလုံးပွဲစဉ် ၄ ခုကို စစ်တပ်ဝါဒဖြန့်အဖြစ် ပရိုဂျက်တာဖြင့် အခမဲ့ပြသမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ကမ္ဘာ့ဖလားဘောလုံးပွဲများကို ငွေပေးဝယ်ယူကြည့်ရှုသူ နည်းပါးနေသဖြင့် စစ်တပ်ဝါဒဖြန့်ချိရေးနှင့် လူငယ်များကို ဆွဲဆောင်ရန် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် အခမဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသရန် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ရန်ကုန်တိုင်းစစ်ကောင်စီက စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအစီအစဉ်မှာ မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် သုဝဏ္ဏဘောလုံးကွင်း အသုံးပြုရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ထံ ခွင့်ပြုချက်တောင်းခံရန်ပင် မလိုအပ်ဘဲ အသုံးပြုခွင့်ရရှိထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ သုဝဏ္ဏဘောလုံးကွင်းကို စစ်တပ်က အသုံးပြုရန် စီစဉ်ထားပြီး ကွင်းဝင်ကြေးအခမဲ့ဖြင့် ပြည်သူများနှင့် လူငယ်များ လာရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ည ၇ နာရီမှစတင်၍ ကွင်းအတွင်း အားကစားဂိမ်းများနှင့် အခြားဂိမ်းကစားနည်းများကို အခကြေးငွေဖြင့် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ဖလားဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသည့် မနက်မိုးလင်းခါနီးအချိန်အထိ အစီအစဉ်များ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပွဲသို့ လူငယ်များနှင့် ပြည်သူများ ပိုမိုလာရောက်စေရန် အဆိုတော် နီနီခင်ဇော် ဦးဆောင်သည့် စတိတ်ရှိုးအစီအစဉ်နှင့် DJ အဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း အခမဲ့ ထည့်သွင်းစီစဉ်ထားကြောင်း သိရှိရသည်။

သို့ရာတွင် အဆိုပါပွဲများကို ညပိုင်းမှ မနက်မိုးလင်းခါနီးအထိ ကျင်းပမည်ဖြစ်သဖြင့် ပွဲကြည့်ရှုပြီး အချိန်မတော် ပြန်လာသည့် လူငယ်များအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအမည်ခံအဖွဲ့များ၏ စစ်ဆေးဖမ်းဆီးမှုများကို အထူးသတိထားကြရန် သတင်းရင်းမြစ်က သတိပေးသည်။

အထူးသဖြင့် အရက်နှင့် ဘီယာသောက်စားထားသည့် လူငယ်များမှာ ညဉ့်နက်ပိုင်း စစ်ဆေးမှုများအတွင်း အကြောင်းအမျိုးမျိုးရှာဖွေ ဖမ်းဆီးခံရနိုင်ပြီး စစ်မှုထမ်းတပ်သားအဖြစ် ပို့ဆောင်ခံရနိုင်သည့် အန္တရာယ်ရှိကြောင်း သတင်းရင်းမြစ်က သတိပေးပြောဆိုသည်။

“ဘောလုံးပွဲ Live ထုတ်လွှင့်မှု ပြီးဆုံးချိန်က မနက်လင်းခါနီးအထိ ဖြစ်မှာပါ။ လူငယ်တွေ အထူးသတိထားရမှာက စစ်ကောင်စီက စီစဉ်တဲ့ ဒီပွဲဟာ ညဉ့်နက်ပိုင်းအထိ ကျင်းပမှာဖြစ်လို့ အချိန်မတော် ပြန်လာတဲ့ လူငယ်တွေ၊ အထူးသဖြင့် အရက်၊ ဘီယာ သောက်စားမူးယစ်ထားတဲ့ လူငယ်တွေဆိုရင် ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ ရဲတွေနဲ့ ပြည်သူ့လုံခြုံရေးအမည်ခံ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်ပြီး အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးကာ စစ်မှုထမ်းထဲ ပို့ဆောင်ရောင်း စားခံရနိုင်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အထူးသတိထားကြဖို့ လိုပါတယ်” ဟု သတင်းရင်းမြစ်က သတိပေးပြောဆိုသည်။

The post မင်းအောင်လှိုင်ပိုင် Mytel ကုမ္ပဏီက ကမ္ဘာ့ဖလားပြသခွင့် ဝယ်ယူခဲ့သော် လည်း ကြည့်ရှုသူမရှိ၍ စစ်တပ်ဝါဒဖြန့်အဖြစ် သုဝဏ္ဏဘောလုံးကွင်းတွင် ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲမှစတင်၍ ဗိုလ်လုပွဲအထိ ပရိုဂျက်တာဖြင့် အခမဲ့ပြသမည်၊ ပွဲမစတင်မီ ညဉ့်နက်ပိုင်းမှ မိုးလင်းအထိဖြစ်၍ စစ်မှုထမ်းပေါ်တာဆွဲမှုများရှိနိုင်ဟု သတိပေး appeared first on Khit Thit Media.

ထိုင်းနိုင်ငံ၊ အယုဒ္ဓယ၊ ချွန်ပွန်းနှင့် တာ့ခ်ခရိုင်တို့တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၄ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး
ရန်ကုန်၊ ဇူလိုင် ၁၄

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်း ပွဲစားခအဖြစ် ဘတ် ၂၀,၀၀၀ ခန့်အထိ ပေးချေကာ ကား ၃ စီးဖြင့် ပြွတ်သိပ်ကျပ်ညှပ်စွာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၂၂ ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းအဝေးပြေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် အယုဒ္ဓယခရိုင် အဝေးပြေးရဲတပ်ဖွဲ့သည် ခရိုင်လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အယုဒ္ဓယခရိုင်အတွင်းရှိ အဝေးပြေးလမ်းမကြီးအမှတ် (၁) ပေါ်တွင် စရပူရီခရိုင်ဘက်မှ အယုဒ္ဓယခရိုင်အတွင်းသို့ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ သယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် စောင့်ဆိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးမှုအတွင်း မှန်အမည်းရောင် ကပ်ထားပြီး ကားနောက်ပိုင်း အလေးချိန် အလွန်အကျွံ ဖိကျနေသည့် မသင်္ကာဖွယ် ကား ၃ စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ကားများအတွင်း၌ ပြွတ်သိပ်ကျပ်ညှပ်စွာ လိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၂ ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ ဖမ်းဆီးခံရသူ ထိုင်းယာဉ်မောင်းသည် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စရပူရီခရိုင်မှ အယုဒ္ဓယခရိုင်သို့ ပို့ဆောင်ရန်အတွက် တစ်ခေါက်လျှင် ဘတ် ၁,၅၀၀ ဖြင့် ငှားရမ်းခြင်း ခံခဲ့ရကြောင်း ဝန်ခံထွက်ဆိုထားသည်။ ထို့ပြင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂၂ ဦးသည်လည်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ သဘာဝတောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာခဲ့ကြခြင်းဖြစ်ပြီး၊ ဘန်ကောက်နှင့် အတွင်းပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၅,၀၀0 မှ ၂၀,၀၀၀ အထိ ပေးချေခဲ့ရကြောင်း ထွက်ဆိုထားသည်။

လက်ရှိအချိန်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၂၂ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ထားပြီး၊ တရားခံများနှင့် သက်သေခံပစ္စည်းများကို ဝမ်နွိုင်းရဲစခန်းသို့ လွှဲပြောင်းပေးအပ်ကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ချွန်ပွန်းခရိုင်၊ မောင်းမြို့နယ်ရှိ အဝေးပြေးလမ်းမကြီးအမှတ် (၄၁) ပေါ်၌ လမ်းယာဘက်အခြမ်းတွင် ကားလမ်းမဖယ်ဘဲ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံကားကြီး ၁ စီးကို အဝေးပြေးရဲတပ်ဖွဲ့က ဒဏ်ရိုက်ရန် တားဆီးခဲ့ရာမှ ကားနောက်ခန်း ထိုင်ခုံများအနောက် ခရီးသည်များကြားတွင် နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ခွင့်ဗီဇာ တစ်စုံတစ်ရာမရှိဘဲ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့သည်။

ထို့ပြင် ၎င်းတို့ကို သယ်ဆောင်လာသည့် ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးခံရသူ ထိုင်းကားမောင်းသမားက အဆိုပါ မြန်မာနိုင်ငံသားများကို စမွတ်စခွန်ခရိုင်နှင့် စမွတ်စုန်ခရမ်ခရိုင်တို့ရှိ ဂိတ်ပြင်ပမှ လျှို့ဝှက်တင်ဆောင်လာခြင်းဖြစ်ပြီး၊ စူရတ်ဌာနီခရိုင်သို့ ပို့ဆောင်ပေးရန် သယ်ယူခ ဘတ် ၁၂,၀၀၀ ရရှိခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က တရားမဝင် ဝင်ရောက်လာသူများအား ဖုံးကွယ်ကူညီမှုဖြင့် ထိုင်းယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃ ဦးကို ဖမ်းဆီးထားပြီး၊ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့်အတူ ဥပဒေအရ ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ရန် ဘန့်ဝိဆိုင်နွဲ့ရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တတာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ သာ့ဆိုင်းလွတ်ကျေးရွာနှင့် မဲဆောက်အဝေးပြေးကားဂိတ်တို့တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် အသက် ၅၀ အရွယ် မြန်မာအမျိုးသား ၁ ဦးနှင့် အသက် ၆၀ အရွယ် မြန်မာအမျိုးသား ၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ၂ ဦးလုံးကို မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ပြန်လည်နှင်ထုတ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

The post ထိုင်းနိုင်ငံ၊ အယုဒ္ဓယ၊ ချွန်ပွန်းနှင့် တာ့ခ်ခရိုင်တို့တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၄ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး appeared first on Khit Thit Media.

အာဇာနည်တိုင်း သမိုင်းမသေ ဆောင်ပုဒ်ဖြင့် ဇူလိုင်လ ၁၉ ရက်တွင် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး ပြုလုပ်ရန် နှိုးဆော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမည်
ရန်ကုန်၊ ဇူလိုင် ၁၄

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၉ နှစ်မြောက် အာဇာနည်နေ့၌ အာဇာနည်တိုင်း သမိုင်းမသေ ဆောင်ပုဒ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ လူထုလှုပ်ရှားမှုကြီး ပြုလုပ်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် လူထုလှုပ်ရှားမှု ဦးဆောင်ကော်မတီများထံမှ သိရသည်။

စစ်ကောင်စီသည် သမိုင်းအမှန်များကို ဖျောက်ဖျက်ကာ မျိုးဆက်သစ်များအား ဝါဒမှိုင်းသွင်းရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကို ဖျက်ဆီး၍ အာဇာနည်စိတ်ဓာတ်ကို ကွယ်ဝှက်ရန် ကြိုးစားနေသော်လည်း၊ ပြည်သူတို့၏ လွတ်လပ်လိုစိတ်နှင့် တရားမျှတမှုကို တောင့်တသော အာဇာနည်တို့၏ သမိုင်းဝိညာဉ်ကို မည်သည့်အာဏာဖြင့်မျှ ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြည်သူတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နှိုးဆော်ထားပြီး အလေးပြုခြင်း လှုပ်ရှားမှုကို ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မိမိတို့ ရောက်ရာနေရာမှ ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊ မော်တော်ယာဉ်ဟွန်းတီးခြင်းတို့ဖြင့် ကျဆုံးလေပြီးသော အာဇာနည်ကြီးများကို အလေးပြုကြရန်၊ အနက်ရောင်လှုပ်ရှားမှု (Black Movement) အနက်ရောင် အဝတ်အစား၊ အနက်ရောင် ဖဲကြိုး သို့မဟုတ် ဦးထုပ်များ ဝတ်ဆင်ခြင်းဖြင့် ဝမ်းနည်းခြင်းနှင့် မမှိတ်မသုန် ဆက်လက်တော်လှန်လိုသော စိတ်ဓာတ်ကို ပြသကြရန်၊ စုဝေးဂါရဝပြုခြင်းကို ဒေသအလိုက် ဗိုလ်ချုပ်ရုပ်တုများ၊ လွတ်လပ်ရေးကျောက်တိုင်များနှင့် ကျဆုံးအာဇာနည်များ၏ ဂူဗိမာန်များသို့ စုဝေးချီတက်ကာ အာဇာနည်တို့၏ သမိုင်းကို ပြည်သူများက အစဉ်အမြဲ အမှတ်ရနေကြောင်း သက်သေပြကြမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုပြုလုပ်မည့် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး၏ အဓိက တောင်းဆိုချက် ၃ ချက်ဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ ပြည်သူများကို ဒုက္ခပေးနေသော အဓမ္မ စစ်မှုထမ်းဥပဒေ (ပေါ်တာဆွဲဥပဒေ) ကို ချက်ချင်း ဖျက်သိမ်းရန်၊ မြန်မာနိုင်ငံ၏ တရားဝင်သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ဖော်ပြမည်ဖြစ်ကြောင်း သိရှိရသည်။

ခေတ်အဆက်ဆက် လွတ်လပ်ရေး၊ တန်းတူရေးနှင့် ဒီမိုကရေစီအရေးအတွက် ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ၏ သတ္တိဂုဏ်ကို လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါ အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီးတွင် ပြည်သူအင်အားဖြင့် ဝိုင်းဝန်းသက်သေပြ ပါဝင်ကြရန် နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

The post အာဇာနည်တိုင်း သမိုင်းမသေ ဆောင်ပုဒ်ဖြင့် ဇူလိုင်လ ၁၉ ရက်တွင် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး ပြုလုပ်ရန် နှိုးဆော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမည် appeared first on Khit Thit Media.

ကျောက်ဆည်တွင် အုပ်ချုပ်ရေးမှူးက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သား ကိုကျော်ကျော် တပ်ထဲမှ ထွက်ပြေးလာ၍ PDF တပ်က ကယ်တင်ခဲ့ရ
ရန်ကုန်၊ ဇူလိုင် ၁၄

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သား ကိုကျော်ကျော် တပ်ထဲမှ ထွက်ပြေးလာ၍ ကယ်တင်ခဲ့ရကြောင်း ကျောက်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ မွမ်းမံသင်တန်းကျောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သား ကိုကျော်ကျော်ကို ကျောက်ဆည်မြို့နယ် ပကဖနှင့် ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းတို့က ကျောက်ဆည်ခရိုင်အတွင်း နယ်မြေစိုးမိုးမှု လုပ်ဆောင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၎င်းကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း၊ ဆက်လက်၍ အကြမ်းဖက်စစ်တပ်ထဲ ရောက်ရှိနေသော စစ်မှုထမ်း တပ်သားသစ်များကိုလည်း ဆက်လက်လက်ခံ ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ကိုကျော်ကျော်က ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းအဖြစ် ထည့်လိုက်တာပါ။ လက်ရှိထိတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေပါတယ်။ အုပ်ကြီးတွေလည်း စစ်ခွေးတွေ အလိုကျ လိုက်လုပ်နေရင် သတိမပေးတော့ဘူးလို့ ပြောချင်တယ်” ဟု ကျောက်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

စစ်မှုထမ်း တပ်သားသစ် ကိုကျော်ကျော်သည် စစ်တပ်အတွင်း နေထိုင်ခဲ့စဉ်က အကြမ်းဖက်စစ်သားများ၏ ရိုက်နှက်ခြင်းများ၊ စစ်သင်တန်း ပို့ဆောင်စဉ် လာရောက်ခြင်းမရှိပါက ဝိုင်းဝန်းရိုက်နှက်ခြင်းများ ခံခဲ့ရကြောင်း၊ ထို့ပြင် လက်နက်ကိုင်ဆောင်ခွင့်လည်း မပေးဘဲ နေမကောင်းပါက ခွင့်တိုင်ကြားလို့ မရကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့၏ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃,၇၀၀ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရှိရသည်။

The post ကျောက်ဆည်တွင် အုပ်ချုပ်ရေးမှူးက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သား ကိုကျော်ကျော် တပ်ထဲမှ ထွက်ပြေးလာ၍ PDF တပ်က ကယ်တင်ခဲ့ရ appeared first on Khit Thit Media.

ပေါက်ခေါင်းမြို့နယ်ရှိ ချင်းလည်စစ်တပ်ဂိတ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ဘားတိုက်တစ်လုံး မီးလောင်ပျက်စီး
ရန်ကုန်၊ ဇူလိုင် ၁၄

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ချင်းလည် စစ်တပ် ဂိတ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး စခန်းအတွင်းရှိ ဘားတိုက်တဲတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် ဇာနည်သွေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပေါက်ခေါင်းမြို့နယ် ပကဖအဖွဲ့နှင့် ပြည်ခရိုင် တပ်ရင်း (၁) တပ်ရင်းရုံးအဖွဲ့တို့ ပူးပေါင်းကာ အဆိုပါ ချင်းလည်ဂိတ်စခန်းကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးထက်မနည်း သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စခန်းအတွင်းရှိ ဘားတိုက်တဲ တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“အဲ့ဒီစစ်ခွေး ဂိတ်စခန်းကို ကင်းပုန်း ၄ နေရာကြားကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ခွေး ၂ ကောင်ထက်မနည်း သေဆုံးနိုင်ပြီး ဘားတိုက်တဲတစ်လုံးလည်း မီးလောင်ပျက်စီးသွားတယ်။ ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် ဇာနည်သွေးက ပြောဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများ အသုံးပြုကာ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

The post ပေါက်ခေါင်းမြို့နယ်ရှိ ချင်းလည်စစ်တပ်ဂိတ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ဘားတိုက်တစ်လုံး မီးလောင်ပျက်စီး appeared first on Khit Thit Media.

ဖားကန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ ဟုမ္မလင်းနှင့် အင်းတော်ကြီး ဘက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ် ဒရုန်း ၁ စီးလည်း သိမ်းဆည်းရရှိထား
ရန်ကုန်၊ ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖားကန့်မြို့နယ် မြောက်ဘက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် မန္တလေး တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၂ စီးနှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းလေတပ်စခန်းမှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၂ စီး စုစုပေါင်း ၄ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းကလည်း တံတားဦးလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၂ စီးက KIA တပ်ရင်း ၆ ဘက်သို့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဖားကန့်နယ်မြေကို စစ်တပ်က တိုက်လေယာဉ် စုစုပေါင်း ၆ စီးအထိ အသုံးပြုကာ ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖားကန့်မြို့နယ်ဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတယ်။ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးရယ်။ ဟုမ္မလင်း လေတပ်က တက်တဲ့ ဂျက်ဖိုက်တာ ၂ စီးရယ်။ ၄ စီး ဖားကန့်မြို့ မြောက်ဘက်က KIA တပ်ရင်း ၆ ဘက်ကို ဗုံးကျဲ တိုက်ခိုက်သွားတယ်။ ဇူလိုင် ၉ ရက်နေ့ ညနေကလည်း တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ KIA တပ်ရင်း ၆ ဘက်ကို လေကြောင်း တိုက်သွားတာပေါ့။ တစ်ပတ်အတွင်းမှာ ဂျက်ဖိုက်တာ ၆ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာရှိတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ဗုံးကျဲနေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းဘက်ခြမ်းရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၃၁ လှုပ်ရှားနယ်မြေဖြစ်သော ရေပေါ်မီးကျေးရွာနှင့် စုံတွဲကျေးရွာအကြားတွင်လည်း စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဆည်ဇင်းရွာ တစ်ဖက်ကမ်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးရွာနှင့် စုံတွဲရွာအကြား၌ ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ရက်ရှည်ကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်တပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက် ကျဆုံးမှုများပြားကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ လှုပ်ရှားရာ လုံးတုံရွာ တစ်ဝိုက်တွင်လည်း စစ်တပ်နှင့် SNA အဖွဲ့များက စစ်ကြောင်းထိုး စစ်ရေးဖော်ဆောင်လာသဖြင့် နှစ်ဖက်တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိပြီး စစ်တပ်၏ ဒရုန်း ၁ စီးလည်း သိမ်းဆည်းရရှိထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် နယ်မြေများအတွင်း၌ စစ်တပ်က လေကြောင်းပစ်ကူများကို အလွန်အကျွံအသုံးပြုကာ မြေပြင်စစ်ကြောင်းများဖြင့် ဖိအားပေးထိုးစစ်ဆင်နေသဖြင့် စစ်ရေးအခြေအနေများ ဆက်လက်တင်းမာလျက်ရှိကြောင်း သိရှိရသည်။

” ဒီရက်ပိုင်းမှာ ဟုမ္မလင်းဘက်ခြမ်း KIA တပ်မဟာ ၉ တပ်ရင်း ၃၁ ရေပေါ်မီးနဲ့ စုံတွဲရွာကြားမှာ အကြမ်းဖက် စစ်တပ်ရယ် SNA ပြည်သူ့စစ်ပေါ့ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားလာတယ်။ ထိုးစစ်ဆင်လာတဲ့ အတွက် ဆည်ဇင်းရွာ ဟိုဘက်ကမ်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးနဲ့ စုံတွဲရွာကြားမှာ တိုက်ပွဲဖြစ်ပွားနေတာ တော်တော်ကြာပြီး စစ်ခွေးတွေဘက်က အထိအခိုက်တွေရှိတယ်။ အင်းတော်ကြီးဘက်မှာလည်း KIA တပ်မဟာ ၉ တပ်ရင်း ၂၆ ပေါ့။ လုံးတော်တစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်နဲ့ SNA အဖွဲ့တွေ စစ်ရေးဖော်ဆောင်ပြီး စစ်ကြောင်းတောက်လျှောက်ထိုးနေလို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

Screenshot

The post ဖားကန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ ဟုမ္မလင်းနှင့် အင်းတော်ကြီး ဘက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ် ဒရုန်း ၁ စီးလည်း သိမ်းဆည်းရရှိထား appeared first on Khit Thit Media.

မိုးကုတ်မြို့တွင် PDF ရဲဘော်မိသားစုဝင်များနှင့် CDM ဝန်ထမ်းမိသားစုများ ဆက်တိုက်ဖမ်းဆီးခံနေရ၊ မြိတ်မြို့တွင်လည်း အရိုးအကြောတိုင်းရင်းဆေးဆရာ ဦးခင်မောင်ချိုကို စစ်တပ်က ဖမ်းဆီးပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်ပို့
ရန်ကုန်၊ ဇူလိုင် ၁၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းတွင် စစ်တပ်သတင်းပေးများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် PDF တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် CDM ဝန်ထမ်းမိသားစုများကို အကြမ်းဖက်စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် မိုးကုတ်မြို့အနောက်ပိုင်း၊ အေးစေတီနှင့် အုတ်အင်းရပ်ကွက်အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦး၏ နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းကာ အဆိုပါအမျိုးသားကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူ၏ ညီဖြစ်သူမှာ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူမှာလည်း စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ထားသော ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားကို စစ်တပ်က ဖမ်းဆီးရာတွင် ဖမ်းဆီးရသည့် အကြောင်းရင်းကို ပြောဆိုရှင်းလင်းခြင်းမရှိဘဲ နေအိမ်အတွင်းသို့ ဝင်ရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် မိုးကုတ်မြို့အနောက်ပိုင်း၌ တော်လှန်ရေးရဲဘော်များ၏ မိသားစုဝင်များနှင့် CDM ဝန်ထမ်းမိသားစုများကို စစ်တပ်သတင်းပေးများက သတင်းပေးတိုင်ကြား၍ စစ်တပ်က ဆက်တိုက်ရှာဖွေဖမ်းဆီးနေသဖြင့် ဒေသခံပြည်သူများအကြား လုံခြုံရေးအထူးစိုးရိမ်နေရကြောင်း သိရှိရသည်။

“မိုးကုတ်မြို့အနောက်ပိုင်း အေးစေတီနဲ့ အုတ်အင်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား ၁ ဦးရဲ့ ညီဖြစ်သူက PDF တပ်ဖွဲ့ဝင်ဖြစ်ပြီး ဇနီးကတော့ CDM ဝန်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ အဲဒါကို စစ်ခွေးတွေက ဘာမှမပြောမဆိုဘဲ နေအိမ်ထဲဝင်ပြီး ဖမ်းဆီးသွားတယ်။ မိုးကုတ်မြို့အနောက်ပိုင်းမှာ တော် လှန်ရေးရဲဘော်တွေနဲ့ CDM မိသားစုတွေကို သတင်းပေးဒလန်တွေက ဆက်တိုက် သတင်းပေးပြီး ဖမ်းဆီးခိုင်းနေတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင်လည်း အသက် ၆၀ ဝန်းကျင်အရွယ် ရိုးရာအရိုးအကြောဆေးဆရာတစ်ဦးကို အကြမ်းဖက်စစ်တပ်က နေအိမ်၌ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅ ရက်အကြာတွင် သေဆုံး သည့် ရုပ်အလောင်းကိုသာ မိသားစုထံ ပြန်လည်ကြည့်ရှုရန် အကြောင်းကြားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၌ နေထိုင်သော အသက် ၆၀ ဝန်းကျင်အရွယ် ရိုးရာအရိုးအကြောဆေးဆရာ ဟာရှင်ဘိုင် ခေါ် ဦးခင်မောင်ချိုကို စစ်တပ်က ၎င်း၏နေအိမ်သို့ လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ၅ ရက်အကြာ ဇူလိုင်လ ၈ ရက်နေ့တွင် ဦးခင်မောင်ချို သေဆုံးသွားပြီဖြစ်၍ ရုပ်အလောင်းကို လာရောက်ကြည့်ရှုရန် စစ်တပ်ဘက်က မိသားစုထံ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

ဦးခင်မောင်ချိုကို မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးခဲ့သည်ကို စစ်တပ်က မိသားစုထံ အသိပေးရှင်းလင်းခြင်းမရှိသကဲ့သို့ ဖမ်းဆီးခံရပြီး ၅ ရက်အတွင်း မည်သို့သေဆုံးခဲ့သည်ကိုလည်း လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့ပြင် ဦးခင်မောင်ချို၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရာတွင်လည်း အစ္စလာမ်ဘာသာရေးထုံးတမ်းအစဉ်အလာနှင့်အညီ သင်္ဂြိုဟ်ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။

ဟာရှင်ဘိုင် ခေါ် ဦးခင်မောင်ချိုသည် မြိတ်မြို့တွင် ရိုးရာအရိုးအကြောအနှိပ်ပညာဖြင့် ဆေးကုသပေးနေသည်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီဖြစ်ပြီး ငွေကြေးမတတ်နိုင်သော လူနာများကိုလည်း ကူညီကုသပေးလေ့ရှိသည့် ဆေးဆရာတစ်ဦးဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

The post မိုးကုတ်မြို့တွင် PDF ရဲဘော်မိသားစုဝင်များနှင့် CDM ဝန်ထမ်းမိသားစုများ ဆက်တိုက်ဖမ်းဆီးခံနေရ၊ မြိတ်မြို့တွင်လည်း အရိုးအကြောတိုင်းရင်းဆေးဆရာ ဦးခင်မောင်ချိုကို စစ်တပ်က ဖမ်းဆီးပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်ပို့ appeared first on Khit Thit Media.

ပြည်တွင်းသို့ စားအုန်းဆီတင်သွင်းမှုနှင့် ခွဲတမ်းများ လျှော့ချမည့် အစီအစဉ်ကို ညိုစော၏ ညွှန် ကြားချက်ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး မင်းမင်းက ဆီကုန်သည်များနှင့် ကုမ္ပဏီများကို ခေါ်ယူအသိပေး၊ ဒုဝန်ကြီး မင်းမင်း ဦးဆောင်သော ကော်မတီက စားအုန်းဆီ ခွဲတမ်းချထားပေးမှုတွင် လာဘ်ပေးလာဘ်ယူမှုနှင့် မညီမျှမှုများရှိ
ရန်ကုန်၊ ဇူလိုင် ၁၄

ပြည်တွင်းသို့ စားအုန်းဆီတင်သွင်းမှုနှင့် စားအုန်းဆီခွဲတမ်းများ လျှော့ချမည့်အစီအစဉ်ကို ဒုသမ္မတ ညိုစော၏ ညွှန်ကြားချက်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး မင်းမင်းက ဆီကုန်သည်များနှင့် ကုမ္ပဏီများကို ခေါ်ယူအသိပေးခဲ့ကြောင်း UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ဇွန်လ နောက်ဆုံးပတ်အတွင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် စားအုန်းဆီအသင်းနှင့် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများကို အစည်းအဝေးခေါ်ယူခဲ့ပြီး ပြည်တွင်းသို့ စားအုန်းဆီတင်သွင်းမှုနှင့် ဒေသအလိုက် ခွဲဝေပေးနေသည့် စားအုန်းဆီခွဲတမ်းများ လျှော့ချမည့် အစီအစဉ်ကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စားအုန်းဆီတင်သွင်းမှုနှင့် ခွဲတမ်းလျှော့ချရေးကို ဒုသမ္မတ ညိုစောက ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး မင်းမင်းက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း UMFCCI သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အထူးသဖြင့် ရန်ကုန်တိုင်းအတွက် မူလက လစဉ် စားအုန်းဆီတန်ချိန် ၁၄၀၀၀ ကျော် ခွဲဝေပေးနေရာမှ တန်ချိန် ၆၀၀၀ ကျော်အထိ လျှော့ချရန် စီစဉ်ထားကြောင်း၊ ယင်းသို့ စားအုန်းဆီခွဲတမ်း ထက်ဝက်ကျော် လျှော့ချမည့် အခြေအနေကြောင့် ရန်ကုန်တိုင်း မြို့နယ်အသီးသီးရှိ ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း သိရှိရသည်။

ဇူလိုင်လဆန်းပိုင်းမှစတင်၍ ရန်ကုန်တိုင်းတွင် လူတစ်ဦးလျှင် တစ်လ စားအုန်းဆီ ၅၀ ကျပ်သားသာ ဝယ်ယူခွင့်ပြုတော့မည်ဖြစ်ပြီး ပြင်ပစားအုန်းဆီဈေးကွက်တွင်လည်း စားအုန်းဆီ ၁ ပိဿာလျှင် ငွေကျပ် ၁၆၀၀၀ မှ ၂၀၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

“စားအုန်းဆီခွဲတမ်း လျှော့မယ့်ကိစ္စကို ဇွန်လနောက်ဆုံးပတ်က နေပြည်တော် စီးကူးရုံးမှာ ဆီအသင်းနဲ့ ကုမ္ပဏီတွေကို အစည်းအဝေးခေါ်ပြီး အသိပေးခဲ့တာပါ။ ဒုသမ္မတ ညိုစောရဲ့ ညွှန်ကြားချက်နဲ့ ဒုဝန်ကြီး မင်းမင်းက လုပ်တာ။ ရန်ကုန်တိုင်းအတွက်ဆိုရင် အရင် လစဉ်ဆီတန်ချိန် ၁၄၀၀၀ ကျော်ကနေ တန်ချိန် ၆၀၀၀ ကျော်အထိ လျှော့မယ်လို့ သိရတယ်။ အခု ပြင်ပဈေးကွက်မှာ ဆီဈေးတွေ တအား တက်လာပြီ” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။

မြန်မာနိုင်ငံသို့ လစဉ် စားအုန်းဆီတင်သွင်းခွင့်နှင့် ကုမ္ပဏီများကို စားအုန်းဆီတင်သွင်းခွင့် ကိုတာ-Quota ချထားပေးမှုကို စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ချုပ်ကိုင်ထားကြောင်း သိရှိရသည်။ အဆိုပါကော်မတီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး မင်းမင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ကျော်ကျော်လွင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ လစဉ် စားအုန်းဆီတင်သွင်းခွင့် ခွဲတမ်းများကို ခွဲဝေချထားပေးနေခြင်းဖြစ်သည်။

ဒုဝန်ကြီး မင်းမင်း ဦးဆောင်သော ကော်မတီက စားအုန်းဆီတင်သွင်းခွင့် ကိုတာ ခွဲဝေချထားပေးရာတွင် ကုမ္ပဏီများအကြား မညီမျှမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများရှိနေပြီး နီးစပ်သည့် ကုမ္ပဏီများကို အခွင့်အရေးပိုမိုပေးထားကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော အချက်အလက်များနှင့် UMFCCI သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ထို့ပြင် ဒုဝန်ကြီး မင်းမင်းက သူနှင့်နီးကပ်ရင်းနှီးသော ကုမ္ပဏီတစ်ခုကို ရန်ကုန်တိုင်းမှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များသို့ စားအုန်းဆီ သယ်ယူပို့ဆောင်ရေး လုပ်ကိုင်ခွင့်ပေးထားပြီး ပြင်ပဈေးကွက်ရှိ သယ်ယူပို့ဆောင်ခထက် ဈေးနှုန်းပိုမိုမြင့်မားသောနှုန်းဖြင့် ပို့ဆောင်ခွင့်ပြုထားကြောင်း သိရှိရသည်။

“ဒုဝန်ကြီး မင်းမင်း တာဝန်ယူထားတဲ့ SKD ကား၊ EV ကား၊ စားအုန်းဆီနဲ့ Online လိုင်စင်ကိစ္စတွေ တောက်လျှောက် ပြဿနာတက်နေတာ။ လာဘ်စားဖို့ပဲ သိပြီး ကြီးကြပ်စီမံမှု အားနည်းတယ်။ သူနဲ့ရင်းနှီးတဲ့ ကုမ္ပဏီတစ်ခုကို ရန်ကုန်တိုင်းကလွဲပြီး ကျန်တစ်နိုင်ငံလုံး စားအုန်းဆီသယ်ယူပို့ဆောင်ရေးကို ပြင်ပကားခထက် ဈေးကြီးတဲ့နှုန်းနဲ့ ပို့ဆောင်ခွင့်ပေးထားတယ်” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။

စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အတွင်းရေးမှူး ဒုညွှန်ချုပ်ကျော်ကျော်လွင်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကျော်ကျော်လွင် တာဝန်ယူစဉ် ရန်ကုန်တိုင်းအတွင်း ပြည်သူများထံ ရောင်းချပေးရမည့် စားအုန်းဆီနှင့် စက်ရုံများအတွက် ခွဲဝေပေးသည့် စားအုန်းဆီများကို UMFCCI မှ ရဲမြင့်မောင်၊ စားသောက်ကုန်အသင်းမှ အောင်ရွှေနှင့် ဆီအသင်းအတွင်းရေးမှူး လှိုင်မျိုးတို့နှင့် ပူးပေါင်း၍ အကျိုးအမြတ်ရယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

စားအုန်းဆီဈေးနှုန်း မြင့်တက်လာချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးမည်ဟုဆိုကာ အရောင်ပြစစ် ဆေးမှုများ ပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်ပေါ်တင်ခြင်းများသာ လုပ်ဆောင်ခဲ့ပြီး မြို့နယ်များတွင် ပြည်သူများ စားအုန်းဆီခွဲတမ်းမရရှိခြင်းနှင့် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရခြင်းတို့ကို ထိရောက်စွာ ဖြေရှင်းခြင်းမရှိကြောင်း သိရှိရသည်။

“ဆီဈေးကြီးလို့ မြေပြင်စစ်မယ်ဆိုပြီး အရောင်ပြစစ်၊ ဓာတ်ပုံရိုက်၊ လိုင်းပေါ်တင်တာပဲ လုပ်တတ်ကြတယ်။ ဆီအသင်းကို ဖုန်းဆက်ပြီး ဆီမှာလို့လည်း မရတော့ဘူး။ မြို့နယ်တွေမှာ ပြည်သူတွေ ဆီခွဲတမ်းမရတာ၊ ဈေးအရမ်းကြီးပေး ဝယ်နေရတာကို မသိသလို နေကြတယ်” ဟု UMFCCI သတင်းရင်းမြစ်က ရှင်းပြသည်။

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် ဇွန်လအတွင်း စက်ရုံသုံးရန်ဟုဆိုကာ စားအုန်းဆီပေပါ အများအပြား လျှောက်ထားရယူပြီး ပြင်ပမှောင်ခိုဈေးကွက်သို့ ထုတ်ရောင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယင်းကိစ္စနှင့်ပတ်သက်သူများကို ခေါ်ယူစစ်ဆေးမှုများလည်း ဖြစ်ပွားနေကြောင်း သိရှိရသည်။

စီးပွား/ကူးသန်း ဒုဝန်ကြီး မင်းမင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၃ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ကြီးဘဝမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အရပ်ဘက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန် ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယဝန်ကြီးရာထူးများအထိ အဆင့်ဆင့် တာဝန်ယူခဲ့ပြီးနောက် မင်းအောင်လှိုင်လက်ထက်တွင် ဒုဝန်ကြီးဖြစ်လာသူဖြစ်သည်။

The post ပြည်တွင်းသို့ စားအုန်းဆီတင်သွင်းမှုနှင့် ခွဲတမ်းများ လျှော့ချမည့် အစီအစဉ်ကို ညိုစော၏ ညွှန် ကြားချက်ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး မင်းမင်းက ဆီကုန်သည်များနှင့် ကုမ္ပဏီများကို ခေါ်ယူအသိပေး၊ ဒုဝန်ကြီး မင်းမင်း ဦးဆောင်သော ကော်မတီက စားအုန်းဆီ ခွဲတမ်းချထားပေးမှုတွင် လာဘ်ပေးလာဘ်ယူမှုနှင့် မညီမျှမှုများရှိ appeared first on Khit Thit Media.

ယင်းမာပင်-ပုလဲ လမ်းပိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ပြည်သူထောင်နှင့်ချီ ထွက်ပြေးနေရ၊ စကုမြို့တွင်လည်း စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းထား
ရန်ကုန်၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်က နယ်မြေစိုးမိုးနိုင်ရေးအတွက် ကျေးရွာများအတွင်း မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်နေသဖြင့် ကျေးရွာ ၉ ရွာကျော်မှ ပြည်သူထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစတင်၍ ယနေ့ ဇူလိုင်လလယ်ပိုင်းအထိ အကြမ်းဖက်စစ်တပ်က ယင်းမာပင်-ပုလဲ ဆက်သွယ်ရေးလမ်းဘေး ဝဲယာရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ လူမရှိသည့် ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ လမ်းပိုင်းတစ်လျှောက် ကင်းလှည့်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ယင်းမာပင်မြို့နယ် ဆင်စွယ်ကျေးရွာဝန်းကျင်တွင် တစ်လကျော်ကြာ စစ်ကြောင်းထိုး၍ နယ်မြေစိုးမိုးရေး လုပ်ဆောင်ခဲ့ပြီးနောက် ယင်းမာပင်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် လက်ရှိတွင် လည်ငေါက်ကျေးရွာ၌ စစ်အင်အားတချို့ အထိုင်ချထားပြီး ပုလဲမြို့ဘက်သို့ စစ်ကြောင်းတစ်ကြောင်း ခွဲထွက်ကာ ယင်းမာပင်နှင့် ပုလဲမြို့တို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအား ထိန်းချုပ်စိုးမိုးနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။

စစ်တပ်၏ စစ်ကြောင်းထိုးလှုပ်ရှားမှုများကြောင့် ယင်းမာပင်-ပုလဲ လမ်းပိုင်းပေါ်ရှိ လည်ငေါက်၊ လက်တောင်းငယ်၊ သရက်ကန်၊ မကျည်းကန်၊ လက်တောင်းကြီးနှင့် အလယ်ဘုံကျေးရွာတို့မှ ပြည်သူများသည် စစ်ကြောင်းလာရောက်တိုင်း ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“စစ်ခွေးစစ်ကြောင်းတွေက ယင်းမာပင်နဲ့ ပုလဲဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာ အတားအဆီးမရှိတော့ မကြာခဏ သွားလာနေတာ။ ပြီးရင် လည်ငေါက်၊ လက်တောင်းငယ်၊ သရက်ကန်၊ မကျည်းကန်၊ လက်တောင်းကြီးနဲ့ အလယ်ဘုံရွာတွေကို ဝင်တယ်။ လူမရှိတဲ့အိမ်တွေက သူတို့လိုချင်တဲ့ ပြည်သူပိုင်ပစ္စည်းမှန်သမျှ အကုန်ခိုးယူတယ်။ နယ်မြေစိုးမိုးရေးအတွက် လမ်းမကြီးကို ထိန်းချုပ်သွားလာနိုင်တယ်ဆိုတာ ပြချင်တဲ့သဘောပါ။ ပြည်သူတွေကတော့ သူတို့လာပြီကြားရင် ပြေးကြရတာပဲ။ ၁ ရက်ခြားတစ်ခါဆိုသလို ထွက်လာနေတယ်။ ငြိမ်သွားပြီထင်ရင် ပြန်ထွက်လာကြပြန်တယ်။ မြို့ ၂ မြို့ဝန်းကျင်ကို ကင်းလှည့်တဲ့ပုံစံ၊ နယ်မြေလုံခြုံရေးလုပ်တဲ့ပုံစံမျိုးနဲ့ သွားလာနေကြတာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယင်းမာပင်မြို့ဘက်မှ စစ်ကြောင်းထွက်လာတိုင်း လမ်းဘေးရှိ ငါးမောင်းနှင့် တမာပင်ခွကျေးရွာတို့မှ ပြည်သူများပါ စိုးရိမ်ထိတ်လန့်စွာ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် စုစုပေါင်း ကျေးရွာ ၉ ရွာကျော်မှ ပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ပုလဲမြို့ဘက်မှ စစ်တပ်စစ်ကြောင်း ထွက်လာပါက ယင်းမာပင်-ပုလဲ လမ်းမဘေးတိုက်ရိုက်တွင် မရှိသော ချောင်းကန်ကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများပါ စစ်ကြောင်းဝင်ရောက်လာမည်ကို စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ကိုယ့်အိမ်ကိုယ်နေကြပါလို့ ဟန်ဆောင်ပြောတာမျိုးရှိတယ်။ ဒါပေမဲ့ ပြည်သူတွေက စစ်ခွေးတွေကို မယုံရဲကြဘူး။ စစ်ကြောင်းလာပြီလို့ အသံကြားတာနဲ့ အသက်လုပြီး ဘေးလွတ်ရာကို ပြေးကြတာပဲ။ အခုက မြို့ ၂ မြို့ ဆက်သွယ်ရေးလမ်းကို သူတို့စိုးမိုးနိုင်တယ်ဆိုတာ ပြသချင်လို့ မကြာခဏ ကင်းလှည့်တဲ့ပုံစံ၊ နယ်မြေလုံခြုံရေးပုံစံမျိုးနဲ့ သွားလာနေကြတာ” ဟု ဒေသခံပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စကုမြို့အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်၍ အမျိုးသမီးများအပါအဝင် ပြည်သူအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားရာ ၁ လနီးပါးကြာသည်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘဲ ပြည်သူပိုင်နေအိမ်များမှ ရွှေနှင့် တန်ဖိုးကြီးပစ္စည်းများကိုလည်း ခိုးယူလုယက်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှစတင်၍ မင်းဘူး (စကု) မြို့နယ်အခြေစိုက် ခလရ ၁၀၊ ခလရ ၈၈ နှင့် နယ်မြေခံ ပျူစောထီးများ ပူးပေါင်းထားသော စစ်တပ်စစ်ကြောင်းက စကုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းသည် ကိုင်းတောကြီး၊ ကိုင်းတောလေးနှင့် တဲကုန်းရွာသစ်ဘက်မှ စတင်စစ်ကြောင်းထိုးလာပြီး ပေါင်းရွာ၊ ကုတင်ကုန်းနှင့် မြောင်းဦးကျေးရွာတို့မှ အမျိုးသားနှင့် အမျိုးသမီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ပြီး ဇွန်လလယ်ပိုင်းမှ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ ၁ လနီးပါးကြာမြင့်လာသော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ပြည်သူအရေအတွက်နှင့် အသက်အရွယ်များကို အတိအကျ မသိရှိရသေးသော်လည်း အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့ပြင် စစ်တပ်စစ်ကြောင်းက ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးသွားသည့် နေအိမ်များအတွင်း ဝင်ရောက်ကာ ရွှေထည်ပစ္စည်းများနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကို ခိုးယူလုယက်နေကြောင်း၊ လက်ရှိအချိန်အထိ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု မရှိသေးကြောင်း သိရှိရသည်။

စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပေါင်းရွာ၊ ကသက်၊ မဲချောင်၊ ခွန်သာ၊ မြောင်းဦး၊ ကုတင်ကုန်း၊ ကြီးကန်၊ ဖြူကုန်း၊ ကူရွာ၊ ညောင်ကုန်းလေး၊ စည်သာ၊ ရွှေချောင်း၊ ချင်းကုန်း၊ ပန်းလွှား၊ မကျီးချောင်း၊ ပေါင်းရွာလေးနှင့် တောကျောင်းကုန်း အပါအဝင် ကျေးရွာ ၂၀ နီးပါးမှ ပြည်သူတစ်သောင်းခန့်မှာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မကွေးမြို့ဘက်က ထွက်လာတဲ့ စစ်ကြောင်းပါ။ အရင်လ ၁၅ ရက်နေ့ကတည်းက ကိုင်းတောကြီး၊ ကိုင်းတောလေး၊ တဲကုန်းရွာသစ်ဘက်ကနေ စပြီး စစ်ကြောင်းထိုးလာတာ။ မင်းဘူး (စကု) မြို့နယ် ခလရ ၁၀၊ ခလရ ၈၈ နဲ့ နယ်မြေခံပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းပါ။ စစ်ကြောင်းကြောင့် စကုမြို့နယ်ထဲက ကျေးရွာ ၂၀ နီးပါးက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်။ ပြည်သူတစ်သောင်းခန့် ရှိပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “နေအိမ်တွေကို မီးရှို့တာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျေးရွာက နေအိမ်တွေထဲက ရွှေနဲ့ အခြားတန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ သိရတယ်။ ပေါင်းရွာ၊ ကုတင်ကုန်းနဲ့ မြောင်းဦးကျေးရွာက အမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းဆီးထားပြီး အခု ၁ လနီးပါးကြာတဲ့အထိ ပြန်လွှတ်တာ မရှိသေးပါဘူး။ အရေအတွက်နဲ့ အသက်အရွယ်တွေကိုတော့ အသေးစိတ် မသိရသေးဘူး” ဟု ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ စစ်တပ်စစ်ကြောင်းသည် ပေါင်းရွာကျေးရွာနှင့် ခံကုန်းကျေးရွာတို့တွင် ရောက်ရှိနေပြီး စစ်ကြောင်းလှုပ်ရှားမှုများ ဆက်လက်ရှိနေသဖြင့် ဒေသခံပြည်သူများမှာ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာတွင် ဆက်လက်တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ဘေးရှောင်ပြည်သူများက မိမိတို့၏ ကျေးရွာကို စစ်တပ်၏ ဖျက်ဆီးမှုကြောင့် မီးလောင်နေသည်ကို အဝေးမှ ငေးကြည့်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

The post ယင်းမာပင်-ပုလဲ လမ်းပိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ပြည်သူထောင်နှင့်ချီ ထွက်ပြေးနေရ၊ စကုမြို့တွင်လည်း စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းထား appeared first on Khit Thit Media.

ပြည်ပမှ မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်း ယူဆောင်လာပါက လူ ၁ ဦးလျှင် ၁ နှစ်အတွင်း ဖုန်း ၂ လုံးသာ ယူ ဆောင်ခွင့်ပြုပြီး မှတ်ပုံမတင်သော ဖုန်းများ ဆက်သွယ်ရေးကွန်ရက် အသုံးပြုခွင့်ပိတ်ပင် ဒဏ်ရိုက်မည်
ရန်ကုန်၊ ဇူလိုင် ၁၄

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ မိုဘိုင်းလက်ကိုင်ဖုန်း ယူဆောင်လာသည့် ခရီးသည်တစ်ဦးလျှင် တစ်နှစ်အတွင်း မိုဘိုင်းဖုန်း ၂ လုံးအထိသာ ယူဆောင်မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး စစ်တပ်၏ CEIR စနစ်တွင် မှတ်ပုံတင်ခြင်းမရှိသော ဖုန်းများကို ပြည်တွင်းဆက်သွယ်ရေးကွန်ရက်တွင် အသုံးပြုခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း စစ်တပ်က အသိပေးကြေညာသည်။

ပြည်ပမှ မိုဘိုင်းဖုန်း ယူဆောင်လာသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ် အကောက်ခွန်ကောင်တာတွင် မိမိတို့ ယူဆောင်လာသည့် ဖုန်းများကို မဖြစ်မနေ ကြေညာရမည်ဖြစ်ပြီး Passenger Declaration Form-PD Form ဖြည့်စွက်ကာ ဖုန်း၏ IMEI နံပါတ်ကိုပါ ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။

အကောက်ခွန်တွင် ကြေညာထားခြင်းမရှိဘဲ ပြည်တွင်းသို့ ယူဆောင်လာသည့် မိုဘိုင်းဖုန်းများမှာ CEIR စနစ်တွင် မှတ်ပုံတင်နိုင်မည်မဟုတ်ဘဲ ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ၌ အသုံးပြုခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သတ်မှတ်စည်းမျဉ်းများနှင့်အညီ ကြေညာမှတ်ပုံတင်ခြင်းမရှိသည့် မိုဘိုင်းဖုန်းများအတွက် သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်ရမည့် အခြေအနေရှိကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

CEIR စနစ်၌ မှတ်ပုံတင်ရန်အတွက် ခရီးသည်များက CEIR OSS အဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ Passport မူရင်း၊ လေဆိပ်လူဝင်မှုကြီးကြပ်ရေး ရောက်ရှိတံဆိပ်ပါ စာ မျက်နှာ၊ Boarding Pass မူရင်း၊ လေယာဉ်လက်မှတ် မူရင်းနှင့် Passenger Declaration Form-PD Form မူရင်းတို့ကို တင်ပြရမည်ဖြစ်သည်။

လေဆိပ်အကောက်ခွန်တွင် ဖြည့်စွက်ထားသည့် PD Form သည် ကြေညာသည့်နေ့မှစတင်၍ ရက်ပေါင်း ၃၀ အတွင်းသာ CEIR မှတ်ပုံတင်ရန် အကျုံးဝင်မည်ဖြစ်ပြီး ရက်ပေါင်း ၃၀ ကျော်လွန်ပါက CEIR စနစ်တွင် လျှောက်ထားနိုင်ရေးအတွက် ဒဏ်ကြေးများ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အထူးသဖြင့် ခရီးသည်တစ်ဦးလျှင် PD Form ကြေညာသည့်နေ့မှစတင်၍ တစ်နှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း ၂ လုံးအထိသာ CEIR စနစ်၌ မှတ်ပုံတင်လျှောက်ထားနိုင်မည်ဖြစ်ရာ ပြည်ပမှ မိုဘိုင်းဖုန်းများ ယူဆောင်လာသူများအပေါ် စစ်ကောင်စီက ပိုမိုတင်းကျပ်သည့် ထိန်းချုပ်ကန့်သတ်မှုများ စတင်လုပ်ဆောင်လာခြင်းဖြစ်သည်

The post ပြည်ပမှ မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်း ယူဆောင်လာပါက လူ ၁ ဦးလျှင် ၁ နှစ်အတွင်း ဖုန်း ၂ လုံးသာ ယူ ဆောင်ခွင့်ပြုပြီး မှတ်ပုံမတင်သော ဖုန်းများ ဆက်သွယ်ရေးကွန်ရက် အသုံးပြုခွင့်ပိတ်ပင် ဒဏ်ရိုက်မည် appeared first on Khit Thit Media.