30 C
Yangon
spot_img

CATEGORY

News

ရန်ကုန်မင်္ဂလာဒုံ ၈၂ တပ်အနီးနှင့်သာကေတတို့တွင် ဗုံးပေါက်ကွဲ၊ မန္တလေး စည်ပင်အရာရှိအိမ်ရာအနီးတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၈၂ တပ်အနီးနှင့်သာကေတမြို့နယ်တို့တွင် ယနေ့ ဗုံးပေါက်ကွဲပြီး မန္တလေး စည်ပင်အရာရှိအိမ်ရာအနီးတွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၇ နာရီ ၁၇ မိနစ်အချိန်...

အာဆီယံဘုံသဘောတူညီချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့် တွေ့ဆုံရန်ရှိဟု အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ အာဆီယံဘုံသဘောတူညီချက် ၅ ချက်တွင် မြန်မာ့အကျပ်အတည်းအတွက် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး ပါဝင်သဖြင့် အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံရန်ရှိနေကြောင်း အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံခြားဝန်ကြီး Prak Sokhonn က ယနေ့ ပြောဆိုလိုက်သည်။ ယနေ့ ကမ္ဘောဒီးယားနိုင်ငံ၊...

မိုးဗြဲ၊ ဝါရီဆူးပလိုင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကား ၂ စီး ပျက်စီးကာ စစ်သားသေဆုံးမှုများ၊ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲနေ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇ ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲ၊ ဝါရီဆူးပလိုင်ကျေးရွာဘက်သို့ သံချပ်ကာအမြှောက်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ယနေ့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကား ၂ စီး ပျက်စီးကာ စစ်သား သေဆုံးမှုများပြားနေကြောင်း၊ စစ်ကောင်စီက တိုက်လေယာဉ် ၂...

လောင်းရှည်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၂ ပွင့် အရာရှိအပါအဝင် ၃ ဦးသေဆုံး ၆ ဦး ဒဏ်ရာရ၊ ရဟတ်ယာဉ်ဖြင့်လာရောက်ကာ အမိန့်ပြန်တမ်းထုတ်ပြန်သွား

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇ မကွေးတိုင်း၊ ဆောမြို့နယ်ဘက်မှ လောင်းရှည်ကျေးရွာဘက်သို့ စစ်ကြာင်းထိုးလာသော စစ်ကား ၁၆ စီးနှင့် အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂ ပွင့်အဆင့် အရာရှိ ၁...

ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်မှု မင်းအောင်လှိုင် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ကိုးကန့် တိုင်းရင်းသားခေါင်းဆောင်လည်းဖြစ်၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန်သွားမှုကို ဝမ်းနည်းကြောင်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ကြောင်း ကိုးကန့်သတင်းဌာနက သတင်းထုတ်ပြန်သည်။ ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင်သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်...

NUG ၊ NUCC နှင့် တွေ့ဆုံရန် အာဆီယံအထူးကိုယ်စားလှယ်ကို မလေးရှားနိုင်ငံ ခြားရေးဝန်ကြီး တိုက်တွန်း၊ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ပေးပို့သော မိန့်ခွန်းကြည့်ရှုပြီးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ မြန်မာ့နိုင်ငံသို့ မတ်လတွင် သွားရောက်မည့် အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊NUCC တို့နှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အာဆီယံနိုင်ငံခြားရေးဝန်‌ကြီး အစည်း အဝေးတွင် တိုက်တွန်းပြောဆိုသည်။ယနေ့ ကမ္ဘောဒီးယားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး ကျင်းပကြောင်း၊...

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဆေးကုသခွင့်မရ၊ ကြည့်မြင်တိုင်မှ စစ်ကားဖြင့်တိုက်ဖမ်းခံရသော ဆန္ဒပြသူတစ်ဦး အာရုံကြောမျှင်ပျက်စီးပြီး ဝေဒနာခံစားနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ အပါ အဝင် အကျဉ်းသားများသည် ဆေးကုသခွင့်မရဘဲ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းတွင် စစ်ကားဖြင့် တိုက်ဖမ်းခံရသူတစ်ဦးသည် အာရုံကြောမျှင်များ ပျက် စီးကာ ဆေးကုသခွင့် လိုအပ်နေကြောင်း အကျဉ်းထောင် အတွင်းမှ နိုင်ငံရေး အကျဉ်သား တစ်ဦး...

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်းတွင် အကြမ်း စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက် အုံတုံပင်ရွာနှင့် ကျေးစာကျရွာကြား ကားလမ်းပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီး...

အောင်မြေသာစံရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးနိုင်၊ နေပြည်တော်တွင်လည်း မိုင်းကွဲ၍ စစ်သား ၃ ဦးထက်မနည်း ထိခိုက်သေနိုင်၊ မြောင်တွင် စစ်သားအချင်းချင်းပစ်၍ ၃ ဦးသေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းတွင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန် ဗုံးဖြင့် တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁ ဦးသေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိသည်။ "ဒီနေ့...

နေပြည်တော်နှင့် စစ်ကိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များ ပြည်သူများကို မတရားဖမ်းဆီး၊ ဖမ်းဆီးခံရသူများ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ နေပြည်တော် လယ်ဝေးမြို့ မြွေရိုးလေး စံပြကျေးရွာနေ ကိုစစ်ပိုင်ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီဝင် ၃၀ ဦးခန့် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက...

Latest news

- Advertisement -spot_img