24 C
Yangon
spot_img

CATEGORY

News

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဖေဖေါ်ဝါရီလ ၁ ပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၁၆ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဖေဖေါ်ဝါရီလ ၄ ရက်နှင့် ၇ ရက်နေ့များတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၆ ဦး သေဆုံးကာ အများအပြားဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီးတွင်...

ရန်ကုန်နှင့်မန္တလေးတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ၊ လေတပ် ပိုင်းလော့ ဗိုလ်ကြီးပြည့်ဖြိုးကျော်အိမ် ဗုံးကွဲပြီး ဗိုလ်မှူးကြီးအောင်မျိုးကျော်အိမ် လုံခြုံရေးတင်းကျပ်ထားရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရန်ကုန်နှင့်မန္တလေးတွင် ယမန်နေ့ ဗုံးများပေါက်ကွဲပြီး ရန်ကုန်တွင် လေတပ်မှ ဗိုလ်ကြီးပြည့်ဖြိုးကျော်အိမ်ဗုံးကွဲကြောင်း၊ မကြာသေးမီက ဗုံးပေါက်ကွဲခဲ့သော လေတပ်မှ အရာရှိ ဗိုလ်မှူးကြီးအောင်မျိုးကျော်အိမ် ဗုံးခွဲရမည်ဆိုသော သတင်းများကြောင့် လုံခြုံရေး တင်းကျပ်ထားကြောင်း ဒေသကာကွယ်ရေးတပ်များနှင့်ဒေ သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ...

ကျိုက်ထိုတွင် စစ်တပ်အချင်းချင်း မှားပစ်၍ စစ်သား ၂ ဦး ထက်မနည်းသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်အချင်းချင်း မှားပစ်၍ စစ် သား ၂ ဦး ထက်မနည်း သေဆုံးကြောင်း KNU က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကျိုက်ထိုမြို့နယ် အတွင်း၌ စစ်ကောင်စီ တပ်များ အချင်းချင်းမှားယွင်းပစ်ခတ်ခဲ့ကြပြီး ၂ ဦးထက်မနည်းသေဆုံးကာ...

မြောင်တွင် တိုက်ပွဲမှ ပြန်လာသည့် PDF တပ်ဖွဲ့များကို ပြည်သူများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖျဖျ ကြိုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၇စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး ပြန်လာသည့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများက ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် အောင်သပြေပန်းများဖြင့် သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ရှောင်တာနယ် လွတ်မြောက်ဟု ဝန်ကြီးချုပ် ဟွန်ဆင်ကြေညာမှု သတင်းအမှားဟု ကမ္ဘောဒီးအစိုးရပြန်ရှင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနယ် လွတ်မြောက်လာပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က ကြေညာမှုသည် သတင်းအမှားကြောင့် ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ယနေ့ည ကြေညာချက်ထုတ်ပြန်သည်။ ယနေ့ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသော အမှတ် ၇ လမ်းမ ဖွင့်ပွဲတွင် ဟွန်ဆင်က ထိုသို့ ပြောဆိုကြေညာခဲ့ခြင်းသည်...

ကလေးတွင် စစ်ယာဉ်တန်းကို PDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ စစ်သား ၁၇ ဦးခန့် သေဆုံးပြီး CDNF ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကား ၈ စီးပါသည့် စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နေ့ ဖေဖေါ်ဝါရီလ ၇ ရက်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ၉ ဦးခန့် သေဆုံးကြောင်း၊ CNDF ၁...

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ‌နော်လင်းဟေဇာ တွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာနှင့် တွေ့ဆုံကြောင်း NUG က သတင်းထုတ်ပြန်သည်။ အဆိုပါတွေ့ဆုံမှုတွင် ‌ဒေါက်တာနော်လင်းဟေဇာအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင်ဖြေကြားခဲ့သော အင်တာဗျူးနှင့် ပတ်သက်၍ နားလည်မှု လွဲမှားခဲ့သည်နှင့်...

စစ်တပ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု AA က မှတ်ချက်ပေးစရာမရှိဟုဆို၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ မတက်ဟု TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ အကြမ်းဖက် စစ်တပ်က ယမန်နေ့ ညပိုင်းက ထုတ်ပြန်သော ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့်ပတ်သက်ပြီး AA အနေဖြင့် မှတ်ချက်ပေးရန် မရှိကြောင်း AA၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ယမန်နေ့ညပိုင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး...

ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာအနီးကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၂ ရက် ဆက်တိုက် ပစ်ခတ်ပြီး စစ်သား အများအပြား ချထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်များက စစ်ရဟတ်ယာဉ်ဖြင့် ၂ ရက်ဆက်တိုက်ပစ်ခတ်ပြီး စစ်သားအများအပြားကို ရဟတ်ယာဉ်ဖြင့် ချထား လျက်ရှိကြောင်း ဒေ သခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "မနေ့ညနေကလည်း ရဟတ်ယာဉ်တွေဝဲပြီး ပစ်တယ်။ တိုက်ပွဲမဖြစ်ဘူး။ ဒီအတိုင်းပစ်တာ။...

ကျောက်တန်းတွင် Mytel တာဝါတိုင် ဗုံးခွဲခံရပြီးနောက် NLD လူငယ် ၂၀ ထက်မနည်း ရိုက်နှက်ဖမ်းဆီး စစ်ကြောခံရ၊ ရန်ကုန်တွင် ကင်းပုန်းများချပြီး စစ်တပ်က လုံခြုံရေးတင်းကျပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ယမန် နေ့ည ၉ နာရီကျော်အချိန် ဗုံးခွဲမှု တစ်ရပ် ဖြစ်ပွားပြီးနောက် ကျောက် တန်းမြို့နယ် ၊ ဇွဲဘာကုန်းတန်းကျေးရွာမှ လူငယ် ၂၀ ဦးထက်မနည်းကို စစ် တပ်က ဖမ်းဆီးရိုက်နှက်...

Latest news

- Advertisement -spot_img