24 C
Yangon
spot_img

CATEGORY

News

ရန်ကုန် ကမာရွတ်မြို့နယ်၊ ရွှေပိတောက်အိမ်ရာအတွင်းသို့ စစ်တပ်က ဝင်စီးပြီး လူငယ် ၁ ဦးကို ပစ်သတ်၊ ၄ ဦးကို ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ရွှေပိတောက်ရိပ်မွန်အိမ်ရာဝင်းအတွင်းသို့ စစ် တပ်က ယနေ့ နံနက် ၁ နာရီအချိန်ဝင်ရောက်စီးနင်းပြီး လူငယ် ၁ ဦးကို ပစ်သတ်ကာ ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ...

မန္တလေးတွင် ဆိုင်ကယ်ရပ်မပေးသဖြင့် ကြံ့ခိုင်ရေးပါတီဝင် ငြိမ်းချမ်းဝင်းကို စစ်တပ်က ပစ်သတ်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဆိုင်းမင်းသမီး နှင်းပွင့်ဖြူ ကျန်ရစ်

ရန်ကုန်၊ ဇန်နဝါရီ ၂၉ မန္တလေးတွင်ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်း ဆိုင်ကယ်စီးလာသော ကြံ့ခိုင်ရေးပါတီဝင် ကိုငြိမ်းချမ်းဝင်းကို ဆိုင်ကယ်ရပ်မပေးသဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။ သေဆုံးသွားသူမှာ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်တွင် နေထိုင်သူ ကိုငြိမ်းချမ်းဝင်းဆိုသူဖြစ်ပြီး အမျိုးသမီးဖြစ်သူနှင့် ရန်ဖြစ်...

မြစ်ကြီးနား Asia Energy ဆီဆိုင်ရှေ့ရှိ MPT ဆက်သွယ်ရေးပုံး မိုင်းခွဲခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် Asia Energy ဆီဆိုင်ရှေ့ရှိ MPT ဆက်သွယ်ရေးပုံးကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဖောက်ခွဲတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒေသ ခံထံမှ သိရှိရသည်။ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၃ နာရီ ဝန်းကျင်...

ကောလင်းတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရကာ စစ်သား ၁ဝဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၉ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့တွင် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁ဝခန့်က ကောလင်းအနောင်ဘက်သို့လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို The Secret Warrior Kawlin တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ဝဦးထက်မနည်း...

ဝက်လက် သစ်ဆိမ့်ကြီးရွာကို စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် အရပ်သား ပြညသူ ၃ဦး သေနတ်ကျည် ထိမှန်

ရန်ကုန်၊ ဇန်နဝါရီ ၂၉ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီး ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁နာရီခန့်က စတင်ကာ မော်တော်များဖြင့် ရောက်ရှိလာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး အရပ်သား...

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်လို့ စစ်ကောင်စီမှ ၃ ဦး သေဆုံး၊ ကောလင်းတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရွာအတွင်းသို့ ပစ်ခတ် ပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထန်းဇင်ရွာ နှင့် ဆိပ်ခွန်ရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း အင်အား ၂၀ ကျော် အဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးထက်မနည်းဒဏ်ရာရကာ ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း သတင်းရရှိသည်။ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော C&T...

အကြမ်းဖက် စစ်ကောင်စီတပ်များ ယောက်သွားအိုင်ရွာထဲ ဝင်ကာ အပြစ်မဲ့ ပြည်သူ နှစ်ဦးကို ပစ်သတ် ၊ ရွာသားများကို ဖမ်းဆီး စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များ နံနက်ခင်း အစောပိုင်းတွင် ဝင်ရောက်ပြီး အပြစ်မဲ့ ရွာသား ၂ ဦးကို ပစ်သတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။ ''၁၅ ဦးလောက်တော့ ရှိမယ်ထင်တယ်ဗျ တချို့ကလည်း လာတာကြားတော့ ဘုန်းကြီးကျောင်းထဲပြေးကြတာလေ'' ဟု အကြမ်းဖက်စစ်ကောင်စီ၏...

ပြည်သူကို သတ်ဖြတ်နေသည့် လေတပ်ကွပ်ကဲမှူ ဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်၏ H & K ရေသန့်ကို မသောက်သုံးရန် နှိုးဆော်၊ စစ်တပ်အသိုင်းအ၀ိုင်းက လုပ်ကိုင်နေသည့်ပဲခူး Pann Oo Yin မူကြိုကိုလည်း သပိတ်မှောက်ရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၉ မြန်မာနိုင်ငံတစ်ဝန်းတွင် လေကြောင်း တိုက်ခိုက်မှုများဖြင့် ပြည်သူကို သတ်ဖြတ်နေသည့် လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်လှညွှန့်က ရန်ကုန်တွင် H & K ရေသန့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး အဆိုပါ ရေသန့်ကို ပြည်သူများ သောက်သုံးခြင်းမပြုကြရန် Operation Spitfire အဖွဲ့က ပြောသည်။ ရန်ကုန်တိုင်း၊...

တရုတ်နှစ်သစ်ကူး ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်မပိတ်ရ ဆိုတဲ့ စစ်ကောင်စီ အမိန့်ကြောင့် မြန်မာတရုတ်အသိုင်းအ၀ိုင်းဒေါသထွက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ပြည်သူတွေ အသံတိတ်သပိတ်လုပ်မှာ စိုးရိမ်ပြီး အကြမ်းဖက်စစ်ကောင်စီက တရုတ်နှစ်ကူးရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဆိုင် တွေ အားလုံး မဖြစ်မနေဖွင့်ရမယ်လို့ ဖိအားပေးလုပ်ဆောင်နေတဲ့အတွက်ကြောင့် တရုတ်စီးပွားရေးအသိုင်းအဝန်းကြားမှာ အကျပ်ရိုက်ဒေါသထွက်နေကြပါတယ်။ “တရုတ်နှစ်ကူးဆိုတာနဲ့ ဆိုင်တွေ အလုပ်တွေ ပိတ်ပြီးတော့ နှစ်ကူးလုပ်နေကျ။ ဒီနှစ်မှာမှ ကျနော်တို့ကို ဆိုင်တွေ...

ကျိုက်ထို၊ သိမ်ဇရပ်လမ်းခွဲရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး စစ်သားနှင့် ရဲအချို့သေဆုံး၊ စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်လို့ ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သိမ်ဇရပ်လမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ စစ်ဆေးရေးဂိတ်ကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ရဲအချို့သေဆုံးကာ စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်မှုကြောင့်...

Latest news

- Advertisement -spot_img