25.7 C
Yangon
spot_img

CATEGORY

News

ထီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး အပါအဝင် ၅ သေဆုံးကြောင်း YDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထီးလင်းမြို့နယ် ကျားခဲကျေးရွာရှိ နေအိမ်...

AA နှင့်စစ်တပ် ၆ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်၀ဒေသတွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် AA တို့အကြား ၆ ရက်တာတိုက်ပွဲများအတွင်း စစ် ကောင်စီဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA က...

သထုံတွင် ရော်ဘာမြေ ခြံတစ်ကွက်လျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ဒုတပ်ရင်း မှူး ဗိုလ်မှူးရန်လင်းအောင် နှင့် ဗိုလ်ကြီးထက်သူအောင်က ရောင်းစား၊ တစ် ဆင့် ပြန်လည် ရောင်းချမှုများကို ပြည်သူများ သတိပြုရန်လို

ရန်ကုန်၊ နိုဝင်ဘာ ၁ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ အ.မ.တ (၄၀၂) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရန်လင်းအောင် နှင့် ဗိုလ်ကြီး ထက်သူအောင်တို့က ရော်ဘာမြေ ခြံတစ်ကွက်လျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ခိုင်မာမှုမရှိသော်လည်း ဝယ်ယူသူများပြားကြောင်း ဒေသခံများက ပြောသည်။ အမှတ်(၆၀၆)...

ကယားနှင့် မြောင်မြို့နယ်တို့တွင် အောက်တိုဘာလအတွင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၈ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၈ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ ကယားနှင့် မြောင်မြို့နယ်တို့တွင် အောက်တိုဘာလအတွင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၈ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၈ ဦးကျဆုံးကြောင်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။ ကယားပြည်နယ်၏ အောက်တိုဘာလ တိုက်ပွဲများ ကယားပြည်နယ်တွင် ၁ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း...

ကော့ကရိတ် လမ်းဟောင်းတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး KNLA ပူးပေါင်းတပ်မှ တစ်ဦး ကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား နိုဝင်ဘာလ ၁ ရက် ယနေ့ နေ့လယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ကော့ကရိတ်-မြဝတီလမ်းဟောင်းဘက်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရန်ကုတ်ကျေးရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။ "စခ ဘက်က စစ်ကြောင်းတက်လာတာပါ၊...

ကန့်ဘလူ၊ ရွှေဘို၊ မုံရွာနှင့် မင်းကင်းတို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ရွှေဘို၊ မုံရွာနှင့် မင်းကင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကြောင်း‌ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပြောဆိုချက်အရ သိရှိရသည်။ ကန့်ဘလူတွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်အောက်တိုဘာလ ၃၁ ရက်နေ့ စစ်သားနှင့်ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း...

ညောင်လေးပင်တွင် စစ်တပ်က ဒေသခံ ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ လောင်းလုံးတွင်လည်း ပြည်သူ ၂ ဦး အကြောင်းမဲ့ ဖမ်းဆီးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာရွာတွင် နေထိုင်သည့် ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ဂျောင်းတာရွာ၌ နေထိုင်သည့် ကိုကျော်သီဟနှင့် ကိုဇေဇေတို့ကို အကြမ်းဖက်...

မန္တလေးတွင် အချုပ်ကားလုံခြုံရေး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကင်းလှည့်စစ်ကားမိုင်းဖြင့်တိုက်ခိုက်ခံရ၊ စလင်းမြို့အဝင်ဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊မြောင်မြို့နယ်ထွေ/အုပ်ရုံးနှင့်ဘီးလင်းမြို့တိုးဂိတ် တိုက်ခိုက်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁ မန္တလေးမြို့တွင် ယနေ့ မိုင်းခွဲတိုက်ခိုက်မှု ၂ ခုဖြစ်ပွားပြီး အမှတ် ၁၁ ရဲစခန်းအနီးတွင် အချုပ်ကားလုံခြုံရေး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲခံရခြင်း၊ အောင်မြေသာစံတွင် ကင်းလှည့်နေသည့် စစ်ကား ၃ စီး မိုင်းဆွဲခံရခြင်းတို့ ဖြစ်ပွားကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်...

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရန် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေကြောင်း မိုးဗြဲ PDF ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေကြောင်း မိုးဗြဲနှင့် ဖယ်ခုံဒေသများရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။ အဆိုပါ PDF အဖွဲ့များသည် လက်ရှိတွင် 'သွေးကြွေးပြန်ဆပ် သိန်း ၁,၀၀၀ Project' ပြုလုပ်ထားပြီး ပြည်သူများ ပူးပေါင်းအားဖြည့်ပေးရန် တိုက်တွန်းထားသည်။ စီမံကိန်းကာလသည် နိုဝင်ဘာလ ၁...

ဝက်လက်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်မှုကြောင့် ငါးပိအိုးရွာမှ နေအိမ် ၂ လုံးပြာကျပြီး ပြည်သူ တစ်သောင်းကျော် ထွက်ပြေးနေရ

ရန်ကုန်၊နိုဝင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် နေ့စဥ် ပစ်ခတ်နေကြောင်း သိရသည်။ အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ ဝက်လက်မြို့နယ်အတွင်းရှိ ဟန်လင်းပျူမြို့ဟောင်းနှင့် ကော့ရွာတို့ကို ဝင်ရောက် စီးနင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့်...

Latest news

- Advertisement -spot_img