28 C
Yangon
- Advertisement -spot_img

TAG

Aung San Su Kyi

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနေဆဲ ဖြစ်သည်ဆိုသော ရေရာသေချာသည့် သက်သေအထောက်အထားများ စစ်တပ်က မပြနိုင်ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ပြော

ရန်ကုန်၊ မေ ၁ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ချုပ်နှောင်ထားသည်ဟုဆိုသော်လည်း သက်ရှိထင်ရှားနေဆဲဖြစ်သည်ဆိုသော ရေရာသေချာသည့် သက်သေအထောက်အထားများကို စစ်တပ်က မပြနိုင်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံ အမှတ် ၅၄ သို့ ရောက်ရှိလာခြင်းမရှိသကဲ့သို့...

နေပြည်တော်တွင် နေအိမ်အချုပ် ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံရန် စီစဉ်

ရန်ကုန်၊ မေ ၁ နေပြည်တော်တွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားသော ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ရှေ့နေအဖွဲ့သည် ယခုသီတင်းပတ်ကုန်တွင် တွေ့ဆုံရန် စီစဉ်နေကြောင်း ရှေ့နေအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက ယနေ့ ပြောကြား သည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။ ရှေ့နေအဖွဲ့က အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် လာမည့် တနင်္ဂနွေနေ့တွင်...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ် ပြောင်းလဲ

ရန်ကုန်၊ ဧပြီ ၃၀ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အကြမ်းဖက်စစ်တပ်က ယနေ့ညပိုင်း သတင်းထုတ်ပြန်သွားသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန်...

ဒေါ်အောင်ဆန်းစုကြည်မှာ တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်၍ သူမ၏ အခြေအနေကို အစဉ်အမြဲ ဂရုစိုက်နေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပြောဆို

ရန်ကုန်၊ မေ ၁ အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးမှု ခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှာ တရုတ်နိုင်ငံ၏ မိတ်ဆွေဟောင်းဖြစ်ပြီး သူမ၏ အခြေအနေကို အစဉ်အမြဲ ဂရုစိုက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လျင်ကျန့်က ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဧပြီ ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် AFP...

အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကစားကွက်အဖြစ် အသုံးချနေဟုသတိပေး၊ နေအိမ်အချုပ်အဖြစ်ပြောင်းလဲသော်လည်း ပြောင်းလဲသည့်နေအိမ်နှင့်ဒေါ်အောင်ဆန်းစုကြည်အခြေအနေများကို စစ်တပ်က လျှို့ဝှက်ထား

ရန်ကုန်၊ မေ ၁ အမည်နာမအသစ်ဖြင့် အသွင်ပြောင်းထားသော အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဟု ကြေညာကာ ကမ္ဘာ့အမြင်ကြည်လင်စေရန် လူထုဆက်ဆံရေး (PR) ထိုးစစ်နှင့် နိုင်ငံရေးကစားကွက်အဖြစ် အသုံးချနေကြောင်း Burma Campaign UK က သတိပေးလိုက်သည်။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အချုပ်အဖြစ် ပြောင်းလဲသည်ဟု ထုတ်ပြန်ထားသော်လည်းလက်တွေ့တွင်...

အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုသော်လည်း မလွှတ်ပေးဘဲ စစ်တပ်က ထောင်ဒဏ်ကိုသာ ထပ်မံလျှော့ပေါ့ပေး

ရန်ကုန်၊ ဧပြီ ၃၀ အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုသော်လည်း မလွှတ်ပေးဘဲ စစ်တပ်က ထောင်ဒဏ်ကိုသာ ထပ်မံလျှော့ပေါ့ပေးလိုက်ကြောင်း NLD အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ယနေ့ ကဆုန်လပြည့်နေ့ အဖြစ် စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်များ ထပ်မံ ကြေညာခဲ့ပြီး အကျဉ်းချခံထားရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်...

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌက တရားဝင်ကြေညာချက် ထုတ်ပြန်တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၄ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်၊ အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် တရားဝင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ယနေ့ ကြေညာချက်တွင် သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာမှုအပေါ် ကြိုဆိုကြောင်း၊...

ဦးဝင်းမြင့်ကို မြန်မာနိုင်ငံသမ္မတအဖြစ် ကနေဒါအစိုးရက ဆက်လက်သုံးစွဲပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက် ခေါ်ဝေါ် ၊ သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာမှုကို ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၃ မြန်မာနှစ်သစ်ကူးကာလ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၄,၅၀​၀ ကျော် လွတ်မြောက်လာရာတွင် သမ္မတဦးဝင်းမြင့် ပါဝင်လာခြင်းအပေါ် ကနေဒါနိုင်ငံက ကြိုဆိုကြောင်း ယမန်နေ့ တရားဝင် ကြေညာချက်ထုတ်ပြန်သည်။ အထူးသဖြင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဦးဝင်းမြင့်ကို "မြန်မာ နိုင်ငံသမ္မတ" (Myanmar President) ဟူသော အသုံးအနှုန်းဖြင့်ပင် တရားဝင်...

ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု မင်းအောင်လှိုင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြော

ရန်ကုန်၊ ဧပြီ ၂၃ အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်း ဆောင် ဒေါ်အောင်ဆနးစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က​ ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် အကြမ်းဖက် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးက...

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံတကာက ထိရောက်စွာ ဖိအားပေးရန် အရပ်ဘက်အဖွဲ့ ၅၈ ခုက စုပေါင်းတောင်းဆို

ရန်ကုန်၊ ဧပြီ ၂၁ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံ ရေးအကျဉ်းသားများအား လုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သည့် ဖိအားပေးမှုများ လုပ်ဆောင်ပေးရန် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၅၈ ခုက ယနေ့တွင် စုပေါင်းတောင်းဆိုလိုက်ကြသည်။ ယနေ့ ဧပြီလ ၂၁ ရက်နေ့သည်...

Latest news

- Advertisement -spot_img