25.1 C
Yangon
- Advertisement -spot_img

TAG

Crime

လယ်ဝေးတွင် အုပ်ချုပ်ရေးမှူးများနှင့် ရဲများကို တစ်ပတ်လျှင် ငွေကျပ် သိန်း ၇၀ ပေး၍ လောင်းကစားဝိုင်းများ၊ မူးယစ်ဆေး ရောင်းချမှုများ ပြုလုပ်နေ၊ ပြည်သူများ တိုင်ကြားသော်လည်း အရေးယူမှုမရှိ

ရန်ကုန်၊ ဇွန် ၃၀ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် ရဲများကို တစ်ပတ်လျှင် ငွေကျပ် သိန်း ၇၀ ပေး၍ လောင်းကစားဝိုင်းများ၊ မူးယစ်ဆေး ရောင်းချမှုများ ပြုလုပ်နေပြီး ပြည်သူများ တိုင်ကြားသော်လည်း အရေးယူမှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ လယ်ဝေးမြို့နယ်၊ ခေတ်အေးရွာတွင် လောင်းကစားဒိုင်အုပ်...

ရေတာရှည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်၍ နေအိမ် ၇၀ ကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူ၊ ပြည်သူ ၂,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၃၀ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာ ၂ ရွာရှိ နေအိမ် ၇၀ ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း Battalion 807 – Nay Pyi Taw PDF...

ဒလမြို့နယ်ရှိ “ပြည့်ဝ” ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး အသတ်ခံရမှုမှာ အလုပ်သမားဟောင်းက ငွေချေးမရသဖြင့် ကြိုတင်ကြံစည် လုပ်ကြံသတ်ဖြတ်မှုအဖြစ် စစ်ဆေးပေါ်ပေါက်

ရန်ကုန်၊ ဇွန် ၃၀ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ၊ ရာဇသင်္ကြန်ရပ်ကွက် ရှိ "ပြည့်ဝ" ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး အသတ် ခံရမှုမှာ အလုပ်သမားဟောင်းက ငွေချေးမရသဖြင့် ကြိုတင်ကြံစည် လုပ်ကြံသတ်ဖြတ်မှုအဖြစ် စစ်ဆေးပေါ်ပေါက်လာကြောင်း ရာဇသင်္ကြန်ရပ်ကွက်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၂၅ ရက်နေ့ ညပိုင်း...

စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၈ ဦးကို သင်္ဂြိုဟ်ပြီးစီး၊ ဆားလင်းကြီးမြို့နယ်ကိုလည်း တိုက်ပွဲမရှိဘဲ ထပ်မံလေကြောင်းတိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၉ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြောက်ပိုင်းရှိ တလိုင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့သည့် ပြည်သူ ၈ ဦးကို သင်္ဂြိုဟ်ပြီးစီးပြီဖြစ်ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်၏...

မကွေးထောင်တွင် ထောင်ပိုင် ဝင်းနိုင်အပါအဝင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ညှဉ်းပန်း၊ ခြေချင်းခတ် တိုက်ပိတ်ပြီး အစာရေစာ ကန့်သတ်ထားသည့်အပြင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇွန် ၂၈ မကွေးထောင်တွင် ထောင်ပိုင် ဝင်းနိုင်အပါအဝင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်း သားများအပေါ် ရိုက်နှက်ညှဉ်းပန်းခြင်း၊ ခြေချင်းခတ် တိုက်ပိတ်ခြင်း၊ အစာရေစာနှင့် အခြေခံလူ့အခွင့် အရေးများကို ကန့်သတ်ချိုးဖောက်ခြင်းများ ဆက်တိုက်ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၆ ခုနှစ်...

မင်းတပ်မြို့ကို စစ်တပ်က ၄ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံး ၂၇၀ ကျော် ကျဲချ တိုက်ခိုက်၊ တနင်္သာရီ၊ ထားဝယ်နှင့် ကျောက်ကြီးမြို့နယ် ကိုလည်း စစ်တပ်က လေယာဉ်၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇွန် ၂၈ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံး ၂၇၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် အစောပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က...

ဝက်လက်မြို့နယ် အတွင်း စစ်သင်္ဘော ၂ စီး ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ၊ လေယာဉ်ဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေ၍ ပြည်သူများ ထိခိုက်မှုရှိကာ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၂၇ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်း စစ်သင်္ဘော ၂ စီး ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကာ လေယာဉ်ဖြင့်လည်း ဆက်တိုက် ဗုံးကျဲနေ၍ ပြည်သူများ ထိခိုက်မှုရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ...

ရိုဟင်ဂျာများကို စနစ်တကျ ငတ်မွတ်ခေါင်းပါးစေခြင်းဖြင့် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု မူဝါဒကို ကျင့်သုံးဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးဟောင်း ပြော

ရန်ကုန်၊ ဇွန် ၂၇ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို ဆယ်စုနှစ်များစွာ စနစ်တကျ ငတ်မွတ်ခေါင်းပါးစေခြင်းနှင့် ရိက္ခာရရှိနိုင်မှုကို ဖျက်ဆီးခဲ့ခြင်းသည် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတော်မူဝါဒ (Genocidal State Policy) ဖြစ်ကြောင်းကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးဟောင်းနှင့် နိုင်ငံ တကာဥပဒေပညာရှင် Yousuf Syed Khan က Genocide...

ချောက်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်၊ ဂွမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၇ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်ကာ အမျိုးသမီး ၁ ဦးကို အဓမ္မ ပြုကျင့်ခဲ့သည့်အပြင် ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒေသခံများ၏ ပြောကြားချက်အရ ဇွန်လ ၂၁ ရက်နေ့ စလေချောင်းတက်ဘက်မှ...

အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့် မင်းအောင်လှိုင်ကို ထိပ်သီး အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်မှု အပေါ် ကြံ့ဖွတ်လွှတ်တော်က ကန့်ကွက်ရှုတ်ချ

ရန်ကုန်၊ ဇွန် ၂၇ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်နှင့် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ပိတ်ပင်မှုတို့သည် မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာကို ထိခိုက်စွက်ဖက်နေသည်ဟုဆိုကာ ကြံ့ဖွတ်လွှတ်တော်က ကန့်ကွက်ရှုတ်ချကြောင်း အဆိုတစ်ရပ်ကို ယမန်နေ့က တင်သွင်းသည်။ ယမန်နေ့ ကြံ့ဖွတ်လွှတ်တော်အစည်းအဝေးတွင် ကြံ့ဖွတ်ပါတီမှ နန္ဒာလှမြင့်က အာဆီယံထုတ်ပြန်ချက်ငါးရပ်သည်...

Latest news

- Advertisement -spot_img