24 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

မြိုင်နှင့် မြင်းခြံမြို့နယ်တို့တွင် စစ်ဂိတ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၉ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ မှ ထွက်လာပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလာသော စစ်သား ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးလက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ ကြောင်း မြိုင်ပကဖက ထုတ်ပြန်သည်။ ယနေ့ နိုဝင်ဘာလ ၁၉...

ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် ပြည်သူများက တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ မြို့မစျေးကြီးတွင် ပြည်သူများက အကြမ်းဖက် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အမေရိကန်နိုင်ငံရဲ့ အွန်လိုင်း ကျားဖြန့်လိမ်လည်မှုတွေကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်ဟာ နက်နဲလျှို့ ဝှက်တဲ့ ရည်ရွယ်ချက်တစ်ခု ရှိနေတယ်ဆိုပြီး အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်းက ပြောဆိုလာပြန်တဲ့အပြင် မြန်မာနိုင်ငံမှာ ကျားဖြန့်တွေ ကြီးထွားလာမှုဟာ ထိုင်းနိုင်ငံကြောင့် ဆိုပြီးတော့ပါ...

မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်ရေး နှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှာ ငြိမ်းချမ်းရေးယူ ထားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နယ်ခြားစောင့်တပ်များကြောင့်ဟု မင်းအောင်လှိုင်နှင့်ဇော်မင်းထွန်းက တစ်လေသံတည်း အပြစ်ဖို့

ရန်ကုန်၊ နိုဝင်ဘာ ၁၉ မြန်မာနိုင်ငံတွင် နယ်စပ်ဂိတ်များ ပိတ်ထားရမှု၊ တရားမဝင်ကုန်သွယ်ရေးများ ကြီးထွားလာမှုနှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှာ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နယ်ခြားစောင့်တပ်များကြောင့်ဟု မင်းအောင်လှိုင်နှင့်ဇော်မင်းထွန်းက တစ်လေသံတည်း အပြစ်ဖို့ ပြောဆိုလိုက်ကြသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ မော်လမြိုင်ခရီးစဉ်တွင် အကြမ်းဖက် မင်းအောင်လှိုင်က မြနမာနိုင်ငံတွင် တရားမဝင် ကုန်သွယ်ရေးများ ဆောင်ရွက်နေသူများမှာ...

စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ ဆုတ်ခွာလိုက်ရသော တီးတိန်မြို့နယ်၊ ကနေဒီတောင်ထိပ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ပြန်လည် သိမ်းပိုက် ထိန်းချုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ထိပ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ပြန်လည် ထိန်း ချုပ်လိုက်ပြီဖြစ်ကြောင်း PDF Zoland မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းက တီး တိန်မြို့နယ်၊ ကနေဒီတောင်ထိပ်ကို ချင်းတော်လှန် ရေးတပ်ဖွဲ့များ...

လှည်းကူးတွင် စစ်တပ်၏ ရွေးကောက်ပွဲကို ကူညီနေသော ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲမှု ပျူစောထီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲအတွက် ကူညီလုပ်ဆောင်ပေးနေသော ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ကနီမြို့နယ်၊ မင်းအိုရွာ အနီးသို့ စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၉ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းအိုရွာ အနီးသို့ စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲချခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ...

ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းရှိ စစ်တပ်ကို PDF ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေပြီး စစ်တပ်ကလည်း ပြန်လည် ပစ်ခတ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၉ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုပ်ကိုင်နေသော တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းရှိ စစ် တပ်ကို PDFများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေပြီး စစ်တပ်ကလည်း ကုမ္ပဏီဝင်းအတွင်းမှ PDF များကို ပြန်လည် ပစ်ခတ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၉...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကရင်အမျိုးသားအစည်းအရုံး-KNU (ဗဟို)က ချမှတ်ထားတဲ့မူဝါဒနဲ့ ပေါ်လစီတွေကိုလိုက်နာဖို့ ဥက္ကဋ္ဌ ဟောင်း မူတူးစေးဖိုးနဲ့ ပဒိုရွှေမောင်းတို့ကို အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာခဲ့လို့ အဖွဲ့ဝင်အဖြစ်ကနေ အပြီးတိုင်ထုတ်ပယ်လိုက်တယ်လို့ KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်ကို...

အမေရိကန်၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးတွင် နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေဟု အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်း ပြော၊ မြန်မာနိုင်ငံတွင် ကျားဖြန့်များ ကြီးထွားလာမှု ထိုင်းနိုင်ငံကြောင့်ဟု အပြစ်တင်

ရန်ကုန်၊ နိုဝင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စု၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးမှာ Hidden Agenda နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေကြောင်း အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်းက ပြောဆိုသည်။ ယနေ့ စစ်တပ်၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Strike Force...

Latest news

- Advertisement -spot_img