31.1 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ စခန်းကုန်းမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်

■ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သား တချို့ ရခိုင်ပြည်နယ် ပို့ဆောင်ခံရ ရန်ကုန်၊ မေ ၂၁ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ စခန်းကုန်းမှ အကြမ်းဖက် စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း...

ဘုတ်ပြင်းနှင့် တနင်္သာရီ မြို့နယ်ရှိ စစ်တပ်၏ ခလရ ၅၆၀ ၊ ခမရ ၅၅၆ နှင့် တုံးဗျောကြီးစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၂၁ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၆၀ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၃...

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ပြည်သူများကို သတ်ဖြတ် မီးရှို့မှုများ ဆောင်ရွက်နေမှု NUG က စိုးရိမ်

ရန်ကုန်၊ မေ ၂၁ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ပြည်သူများကို သတ်ဖြတ် မီးရှို့မှုများ ဆောင်ရွက်နေမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ -NUG က စိုးရိမ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘူးသီးတောင်...

ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးနှင့် စုပေါင်းရုံး၌ အထိုင်ချတပ်စွဲထားသော စစ်သား၊ ရဲများကို ၂ ရက်ဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၂၁ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ရဲများတပ်စွဲထားသော ရဲစခန်းနှင့် စုပေါင်း ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ -ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မေလ ၂၀ ရက် နံနက် ၄ နာရီ မိနစ် ၃၀...

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊မေ ၂၁ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသားပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၉ ရက်က ဘူဖျောင်းမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ ကြကြောင်း သိရှိရသည်။ အဆိုပါ လူထုတွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့က တော်လှန်ရေး လက်ရှိအခြေအနေ၊...

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ အဖွဲ့ဝင်၊ ကုလသမဂ္ဂလူ့အခွင့် အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီနှင့် NUG ဝန်ကြီးများ တွေ့ ဆုံ

ရန်ကုန်၊ မေ ၂၁ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စရန်ဟီးလီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးများ တွေ့ဆုံကြကြောင်း သိရှိရသည်။ တောင်ကိုရီးယားတွင် ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဦးတင်ထွန်းနိုင်တို့သည် မေလ ၂၀ ရက်နေ့ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင်...

ဆားလင်းကြီးမြို့နယ်ရှိ ကြားကာလပညာရေး အထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်လှူဒါန်း

ရန်ကုန်၊မေ ၂၁ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ကြားကာလပညာရေး အထက်တန်းကျောင်းအတွက် လိုအပ်နေသည့် ကျောင်းဆောင်သစ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ အညာပစ်တိုင်းထောင်လေးများအဖွဲ့ အနေဖြင့် မြို့နယ် ၄ မြို့နယ်အတွင်း စာသင်ဆောင် ၆ ဆောင် လှူဒါန်းခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် ၃,၁၃၆,၉၅၀ ကျပ်ကုန်ကျပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကျောင်းသားကျောင်းသူ ၅၀၀...

ငါးမဖမ်းရကာလ ရောက်ရှိသော်လည်း မွန်ပြည်နယ်မှ လိုင်စင်မဲ့ ငါးဖမ်းလှေများ တစ်စီးလျှင် သိန်း ၃၀ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ထံ လာဘ်ထိုး၍ ပင်လယ်ပြင် ငါးဖမ်းထွက်

ရန်ကုန်၊ မေ ၂၁ မွန်ပြည်နယ်တွင် ငါးမဖမ်းရကာလအတွင်း လိုင်စင်ရှိ ကမ်းဝေးငါးဖမ်းလှေများကို ငါးဖမ်းခွင့် ၃ လပိတ်ထားသော်လည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မွန်ဝန်ကြီးချုပ်၊ မွန် ငါးဦးစီး ဌာန၊ ရေတပ်တို့က ပိုက်ဆံယူ၍ လိုင်စင်မဲ့ ငါးဖမ်းလှေများကို ငါးဖမ်းခွင့် ခွင့်ပြုနေကြောင်း လိုင်စင်ရှိ ငါးဖမ်းလှေပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့...

မင်းလှမြို့နယ်၊ ပုသိမ်- ရွာလမ်ပိုင်းတွင် စစ်ကောင်စီထုတ်ကုန်များ မသယ်ဆောင် စေရေး ပကဖက စစ်ဆေး

ရန်ကုန်၊ မေ ၂၁ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်- ရွာလမ်ပိုင်းတွင် စစ်ကောင်စီထုတ်ကုန်များ မသယ်ဆောင်စေရေး အထက်မင်းလှမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (ပကဖ)က စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ မကွေးတိုင်း အထက်မင်းလှမြို့နယ်အတွင်း၊ ပုသိမ်-မုံရွာလမ်း၏ အဓိက ဆက်သွယ်‌ရေးလမ်းပိုင်းအချို့ကို အထက်မင်းလှမြို့နယ် ပကဖ ရဲဘော်များက ခရီးသည်ပြည်သူများအား မိတ်ဆက်စကားပြောခြင်း၊...

တော်လှန် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများ တိုက်တွန်း

ရန်ကုန်၊ မေ ၂၁ တော်လှန် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများ တိုက်တွန်းလိုက်ကြောင်း သိရသည်။ မေလ ၂၂ ရက်နေ့တွင် ကျရောက်မည့် နေ့ထူးနေ့မြတ်တစ်ခုဖြစ်သော ကဆုန်လပြည့်နေ့ကာလတွင် ဘုရားကျောင်းကန် စေတီပုထိုးများဆီ သွားရောက်၍ ဗောဓိညောင်ပင်မှာ ရေသွန်းလောင်းကြ၊ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြရင်း...

Latest news

- Advertisement -spot_img